ထမင်းချိုင့်လေး…ပိုင်ရှင်ထံ ပို့ပေးခဲ့ပါပြီ…..

News





(၅)လ







လူနာညီလေး အမေကတော့…..





☎️ – 095408437

Crd

Unicode
ထမင်းချိုင့်လေး…ပိုင်ရှင်ထံ ပို့ပေးခဲ့ပါပြီ

ခေါင်းကတော့ မှန်စတွေ စိုက်တာ ဖယ်နိုင်ခဲ့ပါပြီ…

နှခေါင်း နဲ့ မျက်နှာမှာတော့…ဒဏ်ရာလေးတွေ ကျန်သေးတယ်

အဓိကကတော့…ခါးပါပဲ…သူ အရမ်းနာတယ်တဲ့…

(၅)လ သမီးလေး တယောက်ရှိပါတယ်…..

လက်သမား အလုပ်လုပ်ဖို့ သွားရင်း…ဂျပန်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ခဲ့တာပါ

လက်သမားဆိုတော့…လက်လုပ်မှ ပါးစပ်လုပ်ရတာပါတဲ့

ခါးပဲ ပြန်ကောင်းချင်တယ် အကိုရယ်…ခါး မကောင်းခဲ့ရင် ကျနော် ဘယ်လို အလုပ်ပြန်လုပ်ရပါ့မလဲ မသိတော့ဘူး ဗျာ

ကောင်းသွားမှာပါ ညီလေးရယ်…အားပေးစကားပြောခဲ့ရင်း….

ညီလေးအတွက် ဆေးဝါးကုသစရိတ် ငွေ (၁)သိန်းအား လှူဒါန်းပေးခဲ့ပါသည်

လူနာညီလေး အမေကတော့…..

`သားတို့ကို တကယ် ကျေးဇူးတင်ပါတယ်…သား ကယ်ပေးလို့ အန်တီသားလေး ခုလို ပြန်တွေ့ရတာ…တကယ် ကျေးဇူးတင်ပါတယ်ဆိုပြီ ’ ပြောရှာတယ်

ကျနော်က ညီလေးကို ကယ်ခွင့်ရတာပဲ ကျေးဇူးတင်နေပါပြီ အန်တီရယ်…ကျနော် လုပ်နိုင်တာလေး လုပ်ပေးခဲ့တာပါ

ညီလေး အစစအရာရာ အဆင်ပြေပါစေ…အမြန်ဆုံး ပြန်ကျန်းမာပါစေ ဗျာ

ကိုပူတူးနှင့်ဘော်ဒါများ

☎️ – 095408437

Crd

Leave a Reply

Your email address will not be published.