အဆိုတော်ဖြစ်ရတဲ့ ဂုဏ်အယူရဆုံးအချိန်ကိုပြောပြလာတဲ့ မူးလာ

News

လွတ်မြောက်နယ်မြေမှာ တေးသီချင်း‌တွေနဲ့ သီဆိုဖျော်ဖြေခွင့်ရလို့ ဂုဏ်ယူနေတဲ့ အဆိုတော် မူးလာ

ပရိသတ်ကြီးရေ ဆံပင်ရှည်ရှည် တိုင်းရင်းသားအဆိုတော်တစ်ဦးဖြစ်တဲ့ ‌ကရင်တိုင်းရင်းသားလေးဖြစ်တဲ့ စောခရစ်မူးလာ ကိုတော့လူတိုင်းသိလိမ့်မယ်ထင်ပါတယ်နော်။

Myanmar Idol သီချင်းဆိုပြိုင်ပွွဲကြီးမှာ ဝင်ရောက်ယျဉ်ပြိုင်ခဲ့ပြီး မိန်းကလေးပရိသတ်ပေါင်းများစွာကို အခိုင်အမာရရှိထားသူတစ်ယောက်လဲဖြစ်ပါတယ်။ Rock သီချင်းတွေကိုသီဆိုရတာကြိုက်နှစ်သက်သူဖြစ်ပြီး အသံပါဝါကောင်းကောင်းကိုလဲ ပိုင်ဆိုင်ထားပါတယ်။

ဒါအပြင် မူးလာ ရဲ့ခိုင်မာတဲ့စိတ်ထားကိုသိလိုက်ရတဲ့အချိန်မှာတော့ အားပေးရတဲ့ပရိသတ်တွေကတော့ အရင်ကထက်ပိုမိုချစ်ခင်အားပေးရပြန်ပါတယ်။ ကရင်လူမျိုးဖြစ်တဲ့ စောခရစ်မူးလာ ဟာအမှန်တရားအတွက် လွတ်မြောက်နယ်မြေကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေမှာ‌ေရာက်ရှိနေရင်း တန်ဆောင်တိုင်လပြည့်ညတွင် တေးသီချင်း‌တွေနဲ့ သီဆိုဖျော်ဖြေခွင့်ရခဲ့ပါတယ်။l

အဆိုတော် မူးလာ ကတော့ လွတ်မြောက်နယ်မြေမှာ တာဝန်ထမ်းဆောင်နေကြရတဲ့ ရဲဘော်တွေအတွက် တေးသီချင်းတွေ သီဆိုဖျော်ဖြေခွင့်ရခဲ့တဲ့အတွက် အတိုင်းမသိပျော်ရွှင်ဝမ်းမြောက်နေပါတယ်။

သူ့ရဲ့ပရိသတ်တွေကလဲ မူးလာ အတွက်ဂုဏ်ယူနေကြပြီးတော့ အားပေးရကျိုးနပ်တာကြောင့် ကျေနပ်ပျော်ရွှင်နေကြတာပါ။

“အာဏာရှင်ကိုမောင်းထုတ်ဖို့ အရာအားလုံးကိုစွန့်ပြီး ဆုံတွေ့ရတဲ့ ရဲဘော်တွေနဲ့ ပေးဆပ်ခဲ့တဲ့ လူကြီးသူမများအတွက် တစွန်းတစ စိတ်ဖြေဖျောက်ခွင့်ရလို့ အရမ်းကျေးဇူးတင်မိတယ် သေချာပါတယ် အဆိုတော်ဖြစ်ရတာ ဒီတခါ ဂုဏ်အယူရဆုံးပဲ အရေးတော်ပုံ အောင်ကို အောင်ရမည်”

လို့ မူးလာ ကသူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာ‌ေပါ်မှာ ‌ေရးသားထားပါတယ်။

Crd

Zawgyi

လြတ္ေျမာက္နယ္ေျမမွာ ေတးသီခ်င္း‌ေတြနဲ႕ သီဆိုေဖ်ာ္ေျဖခြင့္ရလို႔ ဂုဏ္ယူေနတဲ့ အဆိုေတာ္ မူးလာ

ပရိသတ္ႀကီးေရ ဆံပင္ရွည္ရွည္ တိုင္းရင္းသားအဆိုေတာ္တစ္ဦးျဖစ္တဲ့ ‌ကရင္တိုင္းရင္းသားေလးျဖစ္တဲ့ ေစာခရစ္မူးလာ ကိုေတာ့လူတိုင္းသိလိမ့္မယ္ထင္ပါတယ္ေနာ္။

Myanmar Idol သီခ်င္းဆိုၿပိဳင္ပြြဲႀကီးမွာ ဝင္ေရာက္ယ်ဥ္ၿပိဳင္ခဲ့ၿပီး မိန္းကေလးပရိသတ္ေပါင္းမ်ားစြာကို အခိုင္အမာရရွိထားသူတစ္ေယာက္လဲျဖစ္ပါတယ္။ Rock သီခ်င္းေတြကိုသီဆိုရတာႀကိဳက္ႏွစ္သက္သူျဖစ္ၿပီး အသံပါဝါေကာင္းေကာင္းကိုလဲ ပိုင္ဆိုင္ထားပါတယ္။

ဒါအျပင္ မူးလာ ရဲ႕ခိုင္မာတဲ့စိတ္ထားကိုသိလိုက္ရတဲ့အခ်ိန္မွာေတာ့ အားေပးရတဲ့ပရိသတ္ေတြကေတာ့ အရင္ကထက္ပိုမိုခ်စ္ခင္အားေပးရျပန္ပါတယ္။ ကရင္လူမ်ိဳးျဖစ္တဲ့ ေစာခရစ္မူးလာ ဟာအမွန္တရားအတြက္ လြတ္ေျမာက္နယ္ေျမကိုေရာက္ရွိေနတာပဲျဖစ္ပါတယ္။

လြတ္ေျမာက္နယ္ေျမမွာ‌ေရာက္ရွိေနရင္း တန္ေဆာင္တိုင္လျပည့္ညတြင္ ေတးသီခ်င္း‌ေတြနဲ႕ သီဆိုေဖ်ာ္ေျဖခြင့္ရခဲ့ပါတယ္။l

အဆိုေတာ္ မူးလာ ကေတာ့ လြတ္ေျမာက္နယ္ေျမမွာ တာဝန္ထမ္းေဆာင္ေနၾကရတဲ့ ရဲေဘာ္ေတြအတြက္ ေတးသီခ်င္းေတြ သီဆိုေဖ်ာ္ေျဖခြင့္ရခဲ့တဲ့အတြက္ အတိုင္းမသိေပ်ာ္႐ႊင္ဝမ္းေျမာက္ေနပါတယ္။

သူ႕ရဲ႕ပရိသတ္ေတြကလဲ မူးလာ အတြက္ဂုဏ္ယူေနၾကၿပီးေတာ့ အားေပးရက်ိဳးနပ္တာေၾကာင့္ ေက်နပ္ေပ်ာ္႐ႊင္ေနၾကတာပါ။

“အာဏာရွင္ကိုေမာင္းထုတ္ဖို႔ အရာအားလုံးကိုစြန့္ၿပီး ဆုံေတြ႕ရတဲ့ ရဲေဘာ္ေတြနဲ႕ ေပးဆပ္ခဲ့တဲ့ လူႀကီးသူမမ်ားအတြက္ တစြန္းတစ စိတ္ေျဖေဖ်ာက္ခြင့္ရလို႔ အရမ္းေက်းဇူးတင္မိတယ္ ေသခ်ာပါတယ္ အဆိုေတာ္ျဖစ္ရတာ ဒီတခါ ဂုဏ္အယူရဆုံးပဲ အေရးေတာ္ပုံ ေအာင္ကို ေအာင္ရမည္”

လို႔ မူးလာ ကသူ႕ရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာ‌ေပၚမွာ ‌ေရးသားထားပါတယ္။

Crd

Leave a Reply

Your email address will not be published.