ထောင်တွင်းမှ ရေးသားပေးပို့ထားသည့် ဇေယျာသော်ရဲ့ကဗျာ
-ကြားလား မြင်လား မဝေဝါးနဲ့ သူငယ်ချင်း




ငါပြောတာကို မင်းကြားပါစ ဒါမှ မဟုတ် ငါ့စကားဟာ နားခါးစေတာမို့
မကြားသလိုများ နေ နေလိုက်တာလား
သောကတွေ တပွေ့တပိုက်နဲ့ မင်းတို့ငါတို့ရဲ့ ဘ၀ ချွတ်ခြုံကျ
ဒုက္ခတွေက အထွေထွေ ဒီအမှန်တရားတွေကို မကြားဘဲ မနေလိုက်ပါနဲ့ သူငယ်ချင်း




မြင်အောင်ကြည့်ပါ လို့ ငါကပြောတော့
မင်းကဖြေတယ် မြင်တယ်လေမြင်တယ် မြင်နေသားဘဲ တဲ့
ဒါပေမယ့် မင်းရဲ့အမြင်က ဘာလဲ
သတိပဋ္ဌာန်တရားတွေ ရှု့မှတ်ပွားနေသလို မြင်တယ်
လို့မှတ် မြင်သိစိတ် မှာတင်ရပ် နေရင် ဟောဒီ လောကီအရေးမှာ အလုပ်ဟာ မဖြစ်သေးဘူးသူငယ်ချင်း




မင်းကြားနေတဲ့ ငါ့စကားနဲ့ ပတ်၀န်းကျင်အသံ
မင်းမြင်နေတဲ့ ပုံမှန်မဟုတ် လူလုပ်တဲ့ လောကဓံ မင်းဝေဖန် ဆန်းစစ်ကြည့်ပါ။
ဒီကာလမှာ မကြားသလို မမြင်သလိုနဲ့
ယောင်ယောင်ဝါးဝါး လုပ်နေဖို့ကို
အချိန်တွေမပိုတော့ဘူး သူငယ်ချင်း
မင်းတို့ငါတို့ ဘဝတွေဟာ နမောတေ ဂါထာ အခါခါရွတ်ရုံနဲ့ဘဲ
ဒီအချုပ်အနှောင်ထဲက လွတ်ကြမှာလား




မင်းနဲ့ ငါ့ရဲ့ လုပ်ရပ်များဟာ
လတ်တလောအတွက်လဲ မကြီးပွား
နောင် နတ်သိကြား မလေးစားရင်နေပါ
အမှန်တရား တော့ ဖြစ်ဖို့လိုတယ် သူငယ်ချင်း။
ဒါပေမယ့် လိုချင်တာ အမှန်တရား မှာ
လိုနေတာ ရဲဝံ့ခြင်းများ ဆိုရင်
မျှော်လင့်ချက်သစ်ပင် မရှင်သန်နိုင်ဘူး။




မကြိုက်တာကို ငြင်းဖယ်လွှဲပြီး ကြိုက်တာကိုလဲ တောင်းဆိုရဲရမယ်။
မနှက်သက်တာတွေ မဖြိုဖျက်နိုင်ဘဲ
နှက်သက်တာလဲ မထူထောင်နိုင်သမျှ
ငါတို့ တော်လှန်ရေးက မပြီးဆုံးသေးဘူး သူငယ်ချင်း။
မင်းရဲ့နားကို အစွမ်းကုန် စွင့်ပါ အသံစုံကို ကြားအောင်လို့ မင်းရဲ့အမြင် အစွမ်းကုန် ဖွင့်ပါ
မညီတာတွေ မြင်စေဖို့ ကြားလား မြင်လား မဝေဝါးနဲ့
ငါပြောတာကို မင်းကြားပါစ သူငယ်ချင်း။
Credit
=================
Zawgyi
ေထာင္တြင္းမွ ေရးသားေပးပို႔ထားသည့္ ေဇယ်ာေသာ္ရဲ႕ကဗ်ာ
-ၾကားလား ျမင္လား မေဝဝါးနဲ႔ သူငယ္ခ်င္း




ငါေျပာတာကို မင္းၾကားပါစ ဒါမွ မဟုတ္ ငါ့စကားဟာ နားခါးေစတာမို႔
မၾကားသလိုမ်ား ေန ေနလိုက္တာလား
ေသာကေတြ တေပြ႕တပိုက္နဲ႔ မင္းတို႔ငါတို႔ရဲ႕ ဘ၀ ခြၽတ္ၿခဳံက်
ဒုကၡေတြက အေထြေထြ ဒီအမွန္တရားေတြကို မၾကားဘဲ မေနလိုက္ပါနဲ႔ သူငယ္ခ်င္း




ျမင္ေအာင္ၾကည့္ပါ လို႔ ငါကေျပာေတာ့
မင္းကေျဖတယ္ ျမင္တယ္ေလျမင္တယ္ ျမင္ေနသားဘဲ တဲ့
ဒါေပမယ့္ မင္းရဲ႕အျမင္က ဘာလဲ
သတိပ႒ာန္တရားေတြ ရႈ႕မွတ္ပြားေနသလို ျမင္တယ္
လို႔မွတ္ ျမင္သိစိတ္ မွာတင္ရပ္ ေနရင္ ေဟာဒီ ေလာကီအေရးမွာ အလုပ္ဟာ မျဖစ္ေသးဘူးသူငယ္ခ်င္း




မင္းၾကားေနတဲ့ ငါ့စကားနဲ႔ ပတ္၀န္းက်င္အသံ
မင္းျမင္ေနတဲ့ ပုံမွန္မဟုတ္ လူလုပ္တဲ့ ေလာကဓံ မင္းေဝဖန္ ဆန္းစစ္ၾကည့္ပါ။
ဒီကာလမွာ မၾကားသလို မျမင္သလိုနဲ႔
ေယာင္ေယာင္ဝါးဝါး လုပ္ေနဖို႔ကို
အခ်ိန္ေတြမပိုေတာ့ဘူး သူငယ္ခ်င္း
မင္းတို႔ငါတို႔ ဘဝေတြဟာ နေမာေတ ဂါထာ အခါခါ႐ြတ္႐ုံနဲ႔ဘဲ
ဒီအခ်ဳပ္အေႏွာင္ထဲက လြတ္ၾကမွာလား




မင္းနဲ႔ ငါ့ရဲ႕ လုပ္ရပ္မ်ားဟာ
လတ္တေလာအတြက္လဲ မႀကီးပြား
ေနာင္ နတ္သိၾကား မေလးစားရင္ေနပါ
အမွန္တရား ေတာ့ ျဖစ္ဖို႔လိုတယ္ သူငယ္ခ်င္း။
ဒါေပမယ့္ လိုခ်င္တာ အမွန္တရား မွာ
လိုေနတာ ရဲဝံ့ျခင္းမ်ား ဆိုရင္
ေမွ်ာ္လင့္ခ်က္သစ္ပင္ မရွင္သန္ႏိုင္ဘူး။




မႀကိဳက္တာကို ျငင္းဖယ္လႊဲၿပီး ႀကိဳက္တာကိုလဲ ေတာင္းဆိုရဲရမယ္။
မႏွက္သက္တာေတြ မၿဖိဳဖ်က္ႏိုင္ဘဲ
ႏွက္သက္တာလဲ မထူေထာင္ႏိုင္သမွ်
ငါတို႔ ေတာ္လွန္ေရးက မၿပီးဆုံးေသးဘူး သူငယ္ခ်င္း။
မင္းရဲ႕နားကို အစြမ္းကုန္ စြင့္ပါ အသံစုံကို ၾကားေအာင္လို႔ မင္းရဲ႕အျမင္ အစြမ္းကုန္ ဖြင့္ပါ
မညီတာေတြ ျမင္ေစဖို႔ ၾကားလား ျမင္လား မေဝဝါးနဲ႔
ငါေျပာတာကို မင္းၾကားပါစ သူငယ္ခ်င္း။
Credit