အမှန်တရားကို ချစ်မြတ်နိုးတဲ့ မင်းသားချော အလင်းရောင် ရဲ့ ဘဝ အကြောင်း
အလင်းရောင်ဟာဆိုရင်တော့ ပါးဖောင်းဖောင်းလေးနဲ့ မြီးကောင်ပေါက်ကလေးမလေးတွေရဲ့ အသဲနှလုံးကို ဖမ်းစားနိုင်တဲ့ မင်းသားချောလေးဆိုရင်လည်း မမှားပါဘူး။အလင်းရောင်ဟာစပေါ်ပေါ်ချင်းထဲက နာမည်ကြီး တဲ့ မင်းသားချောလေးဖြစ်ပြီး ဝန်းရံသူမိန်းကလေး ပရိတ်သတ်တွေများတဲ့ မင်းသားလည်းဖြစ်ပါတယ်။




အလင်းရောင်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးခဲ့ပြီးတော့ သတို့သမီးဆိုတဲ့ ဇာတ်ကားနဲ့ ၂၀၁၈ ခုနှစ် အကယ်ဒမှီဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဆုရှင် မှန်းခြင်းခံခဲ့ရတဲ့ မင်းသားဖြစ်ပါတယ်။အလင်းရောင်ကို ၁၉၉၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က မွေးဖွားခဲံပြီး အမည်ရင်းမှာ ဝေယံမြင့်ဖြစ်ပါတယ်။
မန္တလေးမှာမွေးဖွားခဲ့ပြီး မိဘများကတော့ ဥိးမောင်မောင်မြင့်နဲ့ ဒေါ်သီသီဆွေတို့ဖြစ်ပါတယ်။အကိုတစ်ယောက် ညီတစ်ယောက်ရှိပြီး သားအလတ်ဖြစ်ပါတယ်။မန္တလေး ရတနာပုံတက္ကသိုလ်ကနေ B.A. ( English) ဘွဲ့ကို ၂၀၁၁ ခုနှစ်၌ ရရှိခဲ့ပြိး အင်္ဂလိပ်ဒီပလိုမာဘွဲ့ကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကနေရရှိခဲ့ပါတယ်။ ကဲ ပညာမှာလဲတော်တဲ့ မင်းသားလေးပါပဲ။မန္တလေးမှာထဲက Talent and Model Agency မှာ မော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့ပြီးတော့ သူ မော်ဒယ်လောကကို ဝင်ရောက်လာစဥ်က ၂၀၀၈ ခုနှစ်မှာ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။




အလင်းရောင်ဟာ မော်ဒယ်မင်းသားဘဝမှာတင် ရှိုးများလျှောက်ခဲ့ရပြီး ထိုစဥ်ကတည်းက ပရိတ်သတ်အားပေးလက်ခံမှုရရှိနေခဲ့တာဖြစ်ပါတယ်။
ကြော်ငြာ မဂ္ဂဇင်းကာဗာတွေကိုလည်း ရိုက်ကူးခဲ့ရပြီး အောင်မြင်နေတဲ့ အလင်းရောင်ဟာ ပထမဆုံးအနေနဲ့ Unique men wears and Bison Energy drink ရဲ့ brand Ambassador လည်း လုပ်ခဲ့ပါသေးတယ်။
ထိုစဥ်က အောင်မြင်မှု လမ်းကြောင်းပေါ်ကို ရောက်နေပြီဖြစ်တဲ့ အလင်းရောင်ဟာ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ကြိုက်နှစ်သက်မှုကို ခံရပြီနောက်မှာတော့ ဗီဒီယို ရှုပ်ရှင်ဇာတ်ကားများကို စတင်ရိုက်ကူးလာခဲ့ပါတော့တယ်။ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တ့ မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ လက်တွဲခဲ့ပြိး ၇ နှစ်စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။




အလင်းရောင်ရဲ့ ပထမဦးဆုံးဇာတ်ကားကတော့ ဆွဲစားပစ်လိုက်တော့ ဆိုတဲ့ ဇာတ်ကားဖြစ်ပြီး ထိုဇာတ်ကားကို ၂၀၁၃ ခုနှစ်မှာ ရိုက်ကူးထွက်ရှိခဲ့ပြီး ထိုဇာတ်ကားက အလင်းရောင်အတွက်ပ ထမဦးဆုံးဇတ်ကားဖြစ်ပါတယ်။ ရဲအောင် သူရိယ စိုးမြတ်သူဇာ စတဲ့ သရုပ်ဆောင်တွေနဲ့ အတူရိုက်ကူးခဲ့ရပြီး ထိုနောက်မှာတော့ မင်းသမီး ဝတ်မှုန်ရွှေရည်နဲ့ အသည်းကြီး ဝတ်ရည်ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲံပါတယ်။
မော်ဒယ်ဘဝထဲက အောင်မြင်မှု အတော်အသင့် ရရှိခဲ့တဲ့ အလင်းရောင်ဟာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးတော့လည်း အောင်မြင်မှု အကြီး အမကျယ်ရရှိခဲ့ပါတယ်။ ထိုနောက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၄ ခုနှစ်မှာ ရိုက်ကူးခဲံပြီး ၂၀၁၅ ဒီဇင်ဘာမှာ ရုံတင်ခဲ့ပါတယ်။ ထိုဇာတ်ကားကို သင်ဇာနွယ်ဝင်းနဲ့ ရိုက်ကူးခဲ့ပြီး အလင်းရောင်က ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။




အလင်းရောင်ဟာ သီချင်း ဗီဒီယိုတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့တာကြောင့် ပရိတ်သတ်က စိမ်းမနေပဲ အားပေးမှုရှိခဲ့တာဖြစ်ပါတယ်။ ဘယ်ရည်းစားကို အချစ်ဆုံးလဲ ဆိုတဲ့ ဇာတ်ကားကြီးကို ပါဝင်ရိုက်ကူးခဲ့ပြီး ခေါင်းဆောင်မင်းသားနေရာက ပဲ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ထိုဇာတ်ကားမှာ အလင်းရောင်နဲ့ အတူ မေမြင့်မိုရ် နန့်ချစ်နဒီဇော် ဟန်လင်းသန့် တို့နဲ့အတူ ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဟာသဇာတ်ကားဖြစ်ပြီး ပရိတ်သတ်အားပေးမှုရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ထိုနောက် ၃ girls ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပြိး ဖွေးဖွေး အိချောပို ပိုင်ဖြိုးသူ စတဲ့ မင်းသမီးကြီးတွေနဲ့ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။




အလင်းရောင်ဟာ စာချုပ်ချုပ်ဆိုထားခဲ့တဲ့ မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ကတောက်ကဆ ဖြစ်ခဲ့ပြီးတော့ ၂၀၁၅ ခုနှစ်မှာ စာချုပ်ကိုဖြတ်သိမ်းခဲ့ပါတယ်။ထိုနောက်မှာတော့ ဂီတကိုလည်း ဝါသနာပါတဲ့ အလင်းရောင်ဟာ သူ့ရဲ့ကိုယ်ပိုင် တေးစီးရီး album ကိုထုတ်ဖို့ပြင်ဆင်ခဲ့ပါတယ်။သူရဲ့ ပထမဥိးဆုံး solo albumကတော့ Oh my crush ဆိုတဲ့ တေးစိးရိး albumဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်
ထိုနောက် အလင်းရောင်ဟာ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ လက်တွဲခဲပြီးတော့ ရုပ်၇ှင်ဇာတ်ကားကြီးတွေရိုက်ကူးခဲ့ပါတယ် ။ ၂၀၁၇ ခုနှစ်မှာ အရမ်းနာမည်ကြိးပြိး ပရိတ်သတ်အကြား hit ဖြစ်သွားခဲ့တဲ့ drama ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ရွှေကြာဆိုတဲ့ ဇာတ်ကားကို ဖွေးဖွေး သင်ဇာဝင့်ကျော် တို့နှင့် အတူ ရိုက်ကူးခဲ့ပြိးတော့ ၂၀၁၈ ခုနှစ်မှာ ရုံတင်ခဲ့ပါတယ်။ လူလောက ဇာတ်ခုံရဲ့ အမှောင်ခြမ်းကို မီးမောင်ထိုးရိုက်ပြခဲ့တဲ့ ဇာတ်ကားဖြစ်တာကြောင့် ပရိတ်သတ်ကြားနာမည်ကြီးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။




ထိုဇာတ်ကားဟာ ဖွေးဖွေးရဲ့ သရုပ်ဆောင်ပီပြင်မှုနဲ့အတူ နာမည်ကြီးလာတဲ့ ဇာတ်ကားဖြစ်ပြီး ပုညခင်ရဲ့ ဝတ္ထုကို နာမည်ကြီး အကယ်ဒမီဆုရ ဒါရိုက်တာ ဝိုင်းက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ နိုင်ငံကျော် အဆိုတော် ဖြူဖြူကျော်သိန်းက နောက်ခံတေးသီချင်း သိဆိုခဲ့ပြီး ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ထိုကားကို ပရိတ်သတ်ကြီးတွေက ဝန်းရံကြတဲ့ အတွက် ကြက်သီးထတဲ့ အထိ သဘောကျမိတယ်လို့ဆိုပါတယ်။ ပုညခင်ရဲ့ ပေါက်ထားတဲ့ ဝတ္ထုကိုရိုက်ထားတဲ့ ဇာတ်ကားမှာပါဝင်ခွင့်ရတဲ့ အတွက် အရမ်းပျော်မိတယ်လို့ အလင်းရောင်က ဆိုပါတယ်။
နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြိး အနေနဲ့ အလင်းရောင်ဟာ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်လာခဲ့ပါသေးတယ်။ ထိုဇာတ်ကားကြီးကတော့ carbon dioxide ဆိုတဲ့ ဇာတ်ကားကြီးဖြစ်ပြီး ကျော်ထက်အောင် ဖွေးဖွေး ရတနာဗိုတို့နဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ဝိုင်း ပုံဖော် ထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။




နောင်နောင်ဆိုတဲ့ ဗီလိန် ဇာတ်ရုပ်နဲ့ အလင်းရောင်ဟာ သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် fan များတိုးလာခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ အလင်းရောင်က ပရိတ်သတ်ကို မုန်းစေချင်ပေမယ့်လဲ ပရိတ်သတ်ကတော့ ပိုပြီး ချစ်သွားတယ်လို့ဆိုပါတယ်။ ပထမဆုံး ဗီလိန်ကာရိုက်တာဖြစ်တဲ့ အတွက်စိတ်လှုပ်ရှားမိတယ်လို့ဆိုပါတယ်။ ကြောက်ဖို့ကောင်းတဲ့ အောက်လမ်းနည်းတွေနဲ့ အချစ်ကို ရယူတဲ့ ဇာတ်ကားမျိုးဖြစ်တာကြောင့် ပရိတ်သတ်တွေကြား hot ဖြစ်သွားတဲ့ ရုပ်ရှင်ဇတ်ကားကြိးဖြစ်ပါတယ်။
ထိုနောက် အလင်းရောင်ဟာ ဣတ္ထိယ ဆိုတဲ့ ရုပ်ရင်ဇာတ်ကားကြိးကို စိုးမြတ်သူဇာ ခိုင်သင်းကြည် ဖွေးဖွေးတို့နဲ့ အတူ ရိုက်ကူးခဲ့ပါတယ်။ အောင်မြင်မှု ရရှိခဲ့တဲ့ ရုပ်ရင်ဇာတ်ကားကြိးတွေကို ရိုက်ကူးခဲ့တဲ့ အလင်းရောင်ဟာ ဣတ္ထိယ ဆိုတဲ့ ဟာသ ဇာတ်ကားကြီးမှာလည်း အံဝင်ဂွင်ကျစွာ သရုပ်ဆောင်နိုင်ခဲ့ပြန်ပါတယ်။ကော်တရာ၊ သစ္စာတရားရဲ့ အမိန့်သံ၊ play boy၊ စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်းရိုက်ကူးခဲ့ပါသေးတယ်။




အလင်းရောင်ရိုက်ကူးခဲ့တဲ့ သမ္မတကြီးထံပေးစာဆိုတဲ့ ရုပ်ရင်ဇာတ်ကားကြီး ကဇာတ်လမ်းအကြောင်းအရာဆန်းတာကြောင့် ပရိတ်သတ်အားပေးမှု မြင့်တက်ခဲ့ပြိး ထိုဇာတ်ကားတွင် ချမ်းမင်းရဲထွဋ် ဖွေးဖွေး မေဆူးမောင် အရိုင်း ထွန်းထွန်းဝင်းစတဲ့ သရုပ်ဆောင်များပါဝင်ခဲ့ပါတယ်။ ဒါရိုက်တာဝိုင်းရိုက်ကူးခဲ့ပြီး မြန်မာနိုင်ငံရဲ့ တရားဥပဒေ လျော့လျဲမှုကိုထောက်ပြတဲ့ ဇာတ်ကားဖြစ်တာကြောင့် ပရိတ်သတ်တွေအကြား နာမည်ကြိး hit ဖြစ်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
နောက်ထပ်အလင်းရောင် က သတို့သမီးဆိုတဲ့ ရုပ်ရင်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး သရဲကားဖြစ်တာကြောင့် ပရိတ်သတ်အကြားမှာ စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့
ဇာတ်ကားဖြစ်ပါတယ်။ ဖွေးဖွေးနဲ့ပဲ သရုပ်ဆောင်ခဲ့တဲ့ အလင်းရောင်ဟာ သတို့သမီးဆိုတဲ့ ဇာတ်ကားမှာလည်း အလင်းရောင်နဲ့ အတူ အတွဲညီညီသရုပ်ဆောင်ခဲ့ပါတယ်။




နောင်တွင်ဥဒါန်းတွင်စေသတည်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး နောက်တွင့် ပပဝတီစီရင်ခန်း ဆိုတဲ့ ဇာတ်ကားကြီးကို ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ခဲပါတယ်။ မိုးဟေကို ထွန်းထွန်း ဖွေးဖွေးတို့နဲ့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးဖြစ်ပြီး ဒါရိုက်တာဝိုင်းရိုက်ကူးခဲ့ပါတယ်။ ၂၀၁၉ မှာ ရုံတင်ပြသခဲ့ပြီး ပရိတ်သတ်အားပေးမှုရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
နောက်ထပ် ထော်လော်ကန့်လန့် ရှေ့သွားနောက်လိုက် ခြေဆယ့်တစ်လှမ်း စတဲ့ ဇာတ်ကားများကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ကြော်ငြာများ မြန်မာရုပ်သံဇာတ်လမ်းတွဲများကိုလည်း ရိုက်ကူးခဲ့ပြီး မနေ့ကဖြစ်သည် ခရီးသွားကောက်ကြောင်း သစ္စာချည်တိုင် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပါတယ်။ တိမ်ဆိုင် ဆိုတဲ့ ဇာတ်ကောင်နေရာကနေ မနေ့ကဖြစ်သည် ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီး ထိူရုပ်သံဇာတ်လမ်းတွဲဟာလည်း နာမည်ကြီးတဲ့ ဇာတ်လမ်းတွဲဖြစ်ခဲ့ပါတယ်။ MRTV 4 ကနေ ၂၀၁၇ ခုနစ်မှာ ထုတ်လွင့်ပြသခဲ့ပါတယ်။




သရုပ်ဆောင်ကောင်းလှတဲ့ အလင်းရောင်ဟာ အချစ်ဦး သတို့သမီး ရွေကြာ စတဲ့ ဇာတ်ကားတွေနဲ့ ၂၀၁၅ ၂၀၁၈ ၂၀၁၈ စတဲ ရုပ်ရှင်ဇာတ်ကားတွေအတွက် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံး ဇတ်ပို့ဆုအတွက် စကာတင်စာရင်းဝင်ခဲ့ပါတယ်။ချောမောလှပတဲ့ မင်းသမီးချောလေးဖြစ်တဲ့ ဝတ်မှုံရွှေရည်နဲ့လည်းရင်းနှီးခဲ့ပြီး ကစ်ကစ်ကလည်း အလင်းရောင်က သရုပ်ဆောင်ကောင်းတဲ့ အနုပညာရှင်ပါ အရည်အချင်း ရှိတဲ့ လူဆိုတော့ ဒီထက် အောင်မြင်ဖို့ အများကြီး ကြိုးစားစေချင်တယ်။
အများကြီး အောင်မြင်ဦးမယ် လို့ဆိုပါတယ်။ ကစ်ကစ်က ချေလည်း မချေဘူးလို့ ပြောပါတယ်။ ဂျွန်လွင်နဲ့ အမှုအကြာကြီးဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ အဆင်ပြေပြေဖြစ်သွားပြီလို့ ပြောပါတယ်။ ဂျွန်လွင်ကတော့ အလင်းရောင်က ပြန်မပြောနားမထောင်တဲ့သူလို့ပြောပါတယ်။ အလင်းရောင်ကတော့ အချိန်လေးစားတတ်အောင် train ပေးခဲ့တာက ဆရာ ဂျွန်လွင်ပါလို့ ပြောခဲ့ပါတယ်။




အနုပညာ အလုပ်ကို စလုပ်ခဲ့တုန်းက ဝေယံမြင့်ဆိုတဲ့ မွေးနာမည် နဲ့ အနုပညာ စလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အလင်းရောင်ဆိုတဲ့ နာမည်ကို ပြောင်းခဲ့ပါတယ်။ အလင်းရောင်ဆိုတဲ့ နာမည်က မှတ်ရလွယ်တာကြောင့် ပေးဖြစ်ခဲ့တာလို့ အလင်းရောင်က ဆိုပါတယ်။ အလင်း၇ောင်ရဲ့ မိဘ တွေကတော့ အနုပညာအလုပ်က အရမ်းရှုပ်ထွေးတာကြောင့် မလုပ်စေချင်ခဲ့ပေမယ့် ဝါသနာိကို မလွန်ဆန်နိုင်တဲ့ အတွက် အနုပညာအလုပ်ကို ဆက်လုပ်ခဲ့တယ် လို့ အလင်းရောင်က ဆိုပါတယ်။
အနုပညာရှင်တွေနဲ့ ရင်းနှီးခဲ့ပြီး မူးပြိးတော့ မောင်းခဲ့တဲ့ အတွက် ကားမှောက်ဖူးတယ်လို့ အလင်းရောင်ကဆိုပါတယ်။ တိုင်ရွန်နဲ့ ရင်းနှီးပြီး မအက္ခရာ ဆိုတဲ့ ဇာတ်ကားကို အတူတွဲပြီး ရိုက်ကူးခဲ့ပါသေးတယ်။ဂမ္ဘီရ မျက်လုံးကို ရွှေသမီးတဲ့ ရိုက်ကူးခဲ့ပြီး မငြင်းမငြူလုပ်ခဲ့တဲ့ အတွက် ဒါရိုက်တာကျော်သူက အလင်းရောင်နဲ့ ရွှေသမီးကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ဖွေးဖွေးနဲ့ ဇာတ်ကားရိုက်ကူးတာများပြီး မဖွေးကတော့ အလင်းရောင်အတွက် the one and only sister လို့ အလင်းရောင်က ဆိုပါတယ်




။လုပ်ငန်းကိစ္စတွေကို တိုင်ပင်တတ်ပြီး နှစ်ယောက်လုံးက စိတ်တူ ကိုယ်တူပါလို့ အလင်းရောင်က ပြောပါတယ်။ချစ်ဖို့ကောင်းတဲ့ အနုပညာမောင်နှမ နှစ်ယောက်ပါပဲ။
ရည်းစားမရှုပ်တတ်တဲ့ အလင်းရောင်က အချစ်စစ်ကိုမကြုံဖူးဘူးလို့ ဆိုပါတယ်။ right time right person ကို စောင့်နေတယ်လို့ ပရိတ်သတ်ကြီးက ပြောပါတယ်။အခုတော့ အလုပ်ကို ပိုပြီး အလေးပေးဖြစ်တယ်လို့ဆိုပါတယ်။ဇော ဇာတ်ကားကြီးကိုလည်း ရိုက်ကူးခဲ့ပြီး ဓားအစစ်ကိုသုံးပြီး ရိုက်ကူးခဲံတာကြောင့် လန့်ဖြစ်တယ်လို့ ဆိုပါတယ်။အလင်းရောင်က နန်းကြီးသုပ်ကိုကြိုက်တတ်ပြီး မနက်စာအနေနဲ့ အမြဲစားပါတယ်လို့ဆိုပါတယ်။အရင်တုန်းကတော့ အေးအေးလူလူနေတတ်ပေမယ့် အခုကတော့ သူငယ်ချင်းတွေနဲ့ အမြဲတမ်း သွားလာ စားသောက်တတ်ပျော်ပျော်ရွင်ရွင်နေတတ်တယ်လို့ဆိုပါတယ်။




အကြိုက်ဆုံးအရောင်ကတော့ နက်ပြာရောင်ဖြစ်တယ်လို့ ဆိုပါတယ်။ ကဲ ပရိတ်သတ်ကြီးတို့ရေ ကျွန်မတို့ channel ကနေ အခုတင်ဆက်သွားတဲ့ အကြောင်းအရာကတော့ သရုပ်ဆောင်သစ်လေးလဲဖြစ် အောင်မြင်နေ ဆဲလဲဖြစ်တဲ့ မင်းသားချောလေး အလင်းရောင်ရဲ့ အကြောင်းကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပရိတ်ကြီးတို့ ထဲမှာရော အလင်း၇ောင်ရဲ့ ပရိတ်သတ်ကြီး များရှိကြရဲ့လားနော်
ကဲ ပရိတ်သတ်ကြီးတို့ ရေ အခု ကျွန်မတို့ channel ကတင်ဆက်သွားတာကတော့ နာမည်ကျော်မင်းသားချောလေး အလင်းရောင် ရဲ့ အကြောင်းကို တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ နောက်ထပ် နာမည်ကြီး မင်းသားမင်းသမီးတို့ရဲ့




အကြောင်းအရာ အစုံအလင် ကို မပြတ်တမ်း တင်ဆက်ပေးမှာမို့ ကျွန်မတို့ရဲ့ page လေးကို like and follow လေး လုပ်ပေးကြဖို့ ပြောချင်ပါတယ်နော်။ပရိတ်သတ်ကြီးတို့ တွေ့မြင်ချင်တဲ့ အနုပညာရှင်များရှိရင်လည်း comment box မှာ ရေးသားသွားခဲ့ကြပါနော်။ကြည့်ရှု အားပေးကြတဲ့ ပရိတ်သတ်ကြီးများအားလုံးကို ကျေးဇူးတင်ရှိပါတယ်ရှင့်။
Crd