အလင်းဝင်ချင်နေပြီလားလို့ မေးလိုက်တဲ့လူတွေကို စကားတစ်ခွန်းပြောလိုက်တဲ့ လူရွှင်တော် တိုင်းကျော်
လွတ်မြောက်နယ်မြေဖြစ်တဲ့ တော်လှန်ရေးနယ်မြေကို ရောက်ရှိနေတဲ့ ဟားငါးကောင်အဖွဲ့ဟာ ပရိသတ်အတွက် ဟာဒယ သပိတ်တွေနဲ့အတူ သူတို့တတ်ကျွမ်းတဲ့အနုပညာနဲ့ အခုချိန်ထိတိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဆက်လက်ပါဝင်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက် ရပ်တည်ခဲ့တဲ့ ဟားငါးကောင်အဖွဲ့ကို အနောက်လန်ဒန်အခြေစိုက် Brentford အသင်းကြီးက ဂုဏ်ပြုခဲ့ပါသေးတယ်။
လူရွှင်တော် တိုင်းကျော် ဟ, အလင်းဝင်ချင်နေပြီလားလို့ မေးလိုက်တဲ့လူတွေကို စကားတစ်ခွန်းပြောလိုက်ပါတယ်။
” အမှောင်ထဲကကောင်ကခင်ဗျားတို့ကြည့်ရတာ အလင်းဝင်ချင်နေပြီထင်တယ်လို့ပြောတော့ ချစ်တိုင်းလဲ အလှဆုံးပြုံးလိုက်တယ် မကြာခင်တနိုင်ငံလုံး
လင်းတော့မှာသိနေလို့လေ မင်းတို့ကအမှောင်ထဲကနေတဖြေးဖြေး ပျောက်ကွယ်သွားတော့မှာ ချစ်တိုင်းသိနေတယ်” လို့ ပြောလိုက်တာကြောင့် ချစ်တဲ့ပရိသတ်များအားလုံး အားတတ်ကြရပြီး ကောမန့်များစွာ ရေးထားတာကိုလဲ တွေ့ရပါတယ်။
ပရိသတ်ကြီးရေ အလင်းဝင်ချင်နေပြီလားလို့မေးလိုက်တဲ့ လူတွေကိုဖြေလိုက်ပုံကိုတော့ ပရိသတ်ဝွေက သဘောကျနေကြပါတယ်။
ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ဟားငါးကောင်း လူရွှင်တော် တိုင်းကျော် ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Crd
Unicode
Crd