ဖမ်းဆီးခံထားရတဲ့ အစ်ကိုဖြစ်သူ ဒါရိုက်တာမိုက်တီး ရဲ့ကျန်းမာရေးကို စိတ်ပူနေတဲ့ လင်းဇာနည်ဇော်

News

ဖမ်းဆီးခံထားရတဲ့ အစ်ကိုဖြစ်သူ ဒါရိုက်တာမိုက်တီး ရဲ့ကျန်းမာရေးကို စိတ်ပူနေတဲ့ လင်းဇာနည်ဇော်

မြန်မာရုပ်ရှင်လောကရဲ့ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ မိုက်တီး ဟာ ဆယ်စုနှစ်တစ်ခုထိ ရုပ်ရှင်ကားပေါင်းများစွာကို ဖန်တီးသရုပ်ဖော်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ဒါရိုက်တာဦးခင်ဇော် ရဲ့အနုပညာအမွေကိုဆက်ခံခဲ့သူတစ်ဦးဖြစ်ပြီး သရုပ်ဆောင် လင်းဇာနည်ဇော် နဲ့ ချစ်ချစ်ဇော် တို့ရဲ့ အစ်ကိုအကြီးဆုံးတော်စပ်သူလဲ ဖြစ်ပါတယ်။

ဒါရိုက်တာ မိုက်တီး ဟာ မြန်မာရုပ်ရှင်လောကကို ဒီထက်မကပိုမို တိုးတတ်စေချင်သူတစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးတာတွေ အရမ်းကိုနည်းပါးသွားခဲ့ပါတယ်။

အကြောင်းရင်းကတော့ ဇာတ်ကားတစ်ကားကို ကောင်းစေချင်တဲ့စိတ်နဲ့ ကြိုးစားတဲ့သူတွေနည်းလာတာရယ် နောက်ပြီးတော့ ပေါင်းရသင်းရခက်တဲ့သူတွေကြောင့် ရုပ်ရှင်သိပ်မရိုက်ဖြစ်တော့တာလို့ ပြောခဲ့တဲ့သူတစ်ယောက်ပါ။

ဒါရိုက်တာ မိုက်တီး ဟာ အူမကြီးကင်ဆာကို ခံစားနေရပြီး မိခင်ဖြစ်သူ ရဲ့ ရောဂါမျိုးရိုးလိုက်တာကြောင့်လို့သိရပါတယ်။

ဒါကြောင့်လဲ ကျန်းမာရေးမကောင်းတဲ့ ဒါရိုက်တာ မိုက်တီး ဟာ အိမ်အပြင်မထွက်ဘဲ မိခင်နဲ့အတူ နေထိုင်နေတာ ကြာခဲ့ပြီး နိုင်ငံရေးနဲ့ပတ်သတ်တဲ့လှုပ်ရှားမူ့တွေ မရှိခဲ့ပါဘူးတဲ့။

ဒါပေမယ့် ၂၀၂၂ မတ်လ ၁၁ ရက်နေ့ လေးနာရီ က သူနေထိုင်ရာ ဘောက်ထော်အိမ်မှာ ပုဒ်မ ၅၀၅ က နဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။

ဒါရိုက်တာ မိုက်တီး ဟာ ၂၀၂၁ က နိုင်ငံရေးလှုပ်ရှားမူ့တွေရှိခဲ့တာကြောင့် ၂၀၂၁ April လထဲက တရားစွဲဆိုခံရတဲ့ နာမည်စာရင်းမှာပါဝင်ခဲ့တာဖြစ်ပေမယ့် အခုချိန်မှလာရောက်ဖမ်းဆီးတာဖြစ်ပါတယ်။

လက်ရှိမှာ တာမွေစခန်းမှာ ဖမ်းဆီးထားပြီး မိသားစုနဲ့တွေ့ခွင့်ပေးတယ်၊ကျန်းမာရေးကတော့ အူမကြီးကင်ဆာရောဂါကိုခံစားနေရပြီး ဒါရိုက်တာ မိုက်တီး ဟာ ဝမ်းချုပ်လို့မရတဲ့အပြင် ဝမ်းမှန်အောင်

နေ့တိုင်းအသီးဖျော်ရည်သောက်ရတယ် ဒါပေမယ့် ထောင်ကျနေတော့ အသီးဖျော်ရည် ဘယ်လိုသွားပို့ရမလဲလို့ ညီမဖြစ်သူ လင်းဇာနည်ဇော် က အစ်ကိုဖြစ်သူအတွက်ကျန်းမာရေးအခြေအနေကို ပြောပြခဲ့ပါတယ်။

ဒါရိုက်တာ မိုက်တီး ဟာ ၂၀၁၉ လောက်ကတည်းက အသက်ရှင်အောင် မနည်းအသက်လုထားရပြီး Depression ကလဲရှိတော့ ဆေးတွေကို ပုံမှန်တိုက်ရပြီး ဆေးပျက်လို့မရပါဘူး။

အူမကြီးကင်ဆာကတော့ မိခင်မျိုးရိုးလိုက်တာဖြစ်ပြီး အစ်မဖြစ်သူ ချစ်ချစ်ဇော် နဲ့ အစ်ကိုကတော့ ရောဂါဖြစ်နေပြီး သူမကိုယ်တိုင်လဲ ဆေးစစ်ရတော့မယ် လို့ လင်းဇာနည်ဇော် ကပြောထားပါတယ်။

ကိုမိုက်တီးကတော့ အူမကြီးအခြေအနေက တအားအခြေအနေဆိုးနေပြီး လုံးဝဝမ်းချုပ်လို့မရ၊အသီးအနှံမစားနိုင်ရင်လဲ ဝမ်းနုတ်ဆေးတော့ သောက်ရမယ် ဒါကြောင့် အစ်ကိုအတွက် အရမ်းစိတ်ပူတယ် အရမ်းလဲစိတ်ညစ်တယ် လို့ ရင်ဖွင့်ထားပါတယ်။

Crd

Unicode

ဖမ္းဆီးခံထားရတဲ့ အစ္ကိုျဖစ္သူ ဒါ႐ိုက္တာမိုက္တီး ရဲ႕က်န္းမာေရးကို စိတ္ပူေနတဲ့ လင္းဇာနည္ေဇာ္

ျမန္မာ႐ုပ္ရွင္ေလာကရဲ႕ နာမည္ႀကီးဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ မိုက္တီး ဟာ ဆယ္စုႏွစ္တစ္ခုထိ ႐ုပ္ရွင္ကားေပါင္းမ်ားစြာကို ဖန္တီးသ႐ုပ္ေဖာ္ခဲ့သူတစ္ဦးျဖစ္ပါတယ္။

ဖခင္ျဖစ္သူ ဒါ႐ိုက္တာဦးခင္ေဇာ္ ရဲ႕အႏုပညာအေမြကိုဆက္ခံခဲ့သူတစ္ဦးျဖစ္ၿပီး သ႐ုပ္ေဆာင္ လင္းဇာနည္ေဇာ္ နဲ႔ ခ်စ္ခ်စ္ေဇာ္ တို႔ရဲ႕ အစ္ကိုအႀကီးဆုံးေတာ္စပ္သူလဲ ျဖစ္ပါတယ္။

ဒါ႐ိုက္တာ မိုက္တီး ဟာ ျမန္မာ႐ုပ္ရွင္ေလာကကို ဒီထက္မကပိုမို တိုးတတ္ေစခ်င္သူတစ္ဦးျဖစ္ေပမယ့္ ေနာက္ပိုင္းမွာ ႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးတာေတြ အရမ္းကိုနည္းပါးသြားခဲ့ပါတယ္။

အေၾကာင္းရင္းကေတာ့ ဇာတ္ကားတစ္ကားကို ေကာင္းေစခ်င္တဲ့စိတ္နဲ႔ ႀကိဳးစားတဲ့သူေတြနည္းလာတာရယ္ ေနာက္ၿပီးေတာ့ ေပါင္းရသင္းရခက္တဲ့သူေတြေၾကာင့္ ႐ုပ္ရွင္သိပ္မ႐ိုက္ျဖစ္ေတာ့တာလို႔ ေျပာခဲ့တဲ့သူတစ္ေယာက္ပါ။

ဒါ႐ိုက္တာ မိုက္တီး ဟာ အူမႀကီးကင္ဆာကို ခံစားေနရၿပီး မိခင္ျဖစ္သူ ရဲ႕ ေရာဂါမ်ိဳး႐ိုးလိုက္တာေၾကာင့္လို႔သိရပါတယ္။

ဒါေၾကာင့္လဲ က်န္းမာေရးမေကာင္းတဲ့ ဒါ႐ိုက္တာ မိုက္တီး ဟာ အိမ္အျပင္မထြက္ဘဲ မိခင္နဲ႔အတူ ေနထိုင္ေနတာ ၾကာခဲ့ၿပီး ႏိုင္ငံေရးနဲ႔ပတ္သတ္တဲ့လႈပ္ရွားမူ႔ေတြ မရွိခဲ့ပါဘူးတဲ့။

ဒါေပမယ့္ ၂၀၂၂ မတ္လ ၁၁ ရက္ေန႔ ေလးနာရီ က သူေနထိုင္ရာ ေဘာက္ေထာ္အိမ္မွာ ပုဒ္မ ၅၀၅ က နဲ႔ ဖမ္းဆီးခံလိုက္ရပါတယ္။

ဒါ႐ိုက္တာ မိုက္တီး ဟာ ၂၀၂၁ က ႏိုင္ငံေရးလႈပ္ရွားမူ႔ေတြရွိခဲ့တာေၾကာင့္ ၂၀၂၁ April လထဲက တရားစြဲဆိုခံရတဲ့ နာမည္စာရင္းမွာပါဝင္ခဲ့တာျဖစ္ေပမယ့္ အခုခ်ိန္မွလာေရာက္ဖမ္းဆီးတာျဖစ္ပါတယ္။

လက္ရွိမွာ တာေမြစခန္းမွာ ဖမ္းဆီးထားၿပီး မိသားစုနဲ႔ေတြ႕ခြင့္ေပးတယ္၊က်န္းမာေရးကေတာ့ အူမႀကီးကင္ဆာေရာဂါကိုခံစားေနရၿပီး ဒါ႐ိုက္တာ မိုက္တီး ဟာ ဝမ္းခ်ဳပ္လို႔မရတဲ့အျပင္ ဝမ္းမွန္ေအာင္

ေန႔တိုင္းအသီးေဖ်ာ္ရည္ေသာက္ရတယ္ ဒါေပမယ့္ ေထာင္က်ေနေတာ့ အသီးေဖ်ာ္ရည္ ဘယ္လိုသြားပို႔ရမလဲလို႔ ညီမျဖစ္သူ လင္းဇာနည္ေဇာ္ က အစ္ကိုျဖစ္သူအတြက္က်န္းမာေရးအေျခအေနကို ေျပာျပခဲ့ပါတယ္။

ဒါ႐ိုက္တာ မိုက္တီး ဟာ ၂၀၁၉ ေလာက္ကတည္းက အသက္ရွင္ေအာင္ မနည္းအသက္လုထားရၿပီး Depression ကလဲရွိေတာ့ ေဆးေတြကို ပုံမွန္တိုက္ရၿပီး ေဆးပ်က္လို႔မရပါဘူး။

အူမႀကီးကင္ဆာကေတာ့ မိခင္မ်ိဳး႐ိုးလိုက္တာျဖစ္ၿပီး အစ္မျဖစ္သူ ခ်စ္ခ်စ္ေဇာ္ နဲ႔ အစ္ကိုကေတာ့ ေရာဂါျဖစ္ေနၿပီး သူမကိုယ္တိုင္လဲ ေဆးစစ္ရေတာ့မယ္ လို႔ လင္းဇာနည္ေဇာ္ ကေျပာထားပါတယ္။

ကိုမိုက္တီးကေတာ့ အူမႀကီးအေျခအေနက တအားအေျခအေနဆိုးေနၿပီး လုံးဝဝမ္းခ်ဳပ္လို႔မရ၊အသီးအႏွံမစားႏိုင္ရင္လဲ ဝမ္းႏုတ္ေဆးေတာ့ ေသာက္ရမယ္ ဒါေၾကာင့္ အစ္ကိုအတြက္ အရမ္းစိတ္ပူတယ္ အရမ္းလဲစိတ္ညစ္တယ္ လို႔ ရင္ဖြင့္ထားပါတယ္။

Crd

Leave a Reply

Your email address will not be published.