အင်အားအတော်အသင့်ရှိ မုန်တိုင်း ရှိတဲ့အတွက် မိုးသည်းထန်စွာရွာသွန်းနေ

News

အင်အားအတော်အသင့်ရှိ မုန်တိုင်း ရှိတဲ့အတွက် မိုးသည်းထန်စွာရွာသွန်းနေ

ယနေ့ ဩဂုတ်လ(၁၇)ရက်နေ့မှာ မြန်မာနိုင်ငံ နေရာအနှံ့ မှာ မိုးတွေအသည်းအသန်ရွာသွန်းနေပြီး အဆိုပါမိုးရွာသွန်းမှု ဟာ အခုလတ်တလော ဖြစ်ပေါ်နေတဲ့

အရှေ့လေပွေလှိုင်း(Upper Air Cyclonic Circulatio-UACC) ဟာ ယနေ့ ဩဂုတ်လ(၁၇)ရက်နေ့ ၊ နံနက် (၂) နာရီမှာ မော်လမြိုင်မြို့ပေါ်သို့ရောက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။

အဆိုပါလေပွေလှိုင်းဟာ စစ်တောင်းမြစ်ဝှမ်းကိုဖြတ်ကာ မနက်(၁၁) နာရီဝန်းကျင်ခန့်မှာ လှည်းကူးမြို့နဲ့ ရန်ကုန်မြို့ကြားက ဖြတ်မယ်လို့ သိရပါတယ်။

မနက်ဖန် ဩဂုတ်လ(၁၈) ရက် မနက်ပိုင်းမှာ သံတွဲမြို့အနီးမှ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းပင်လယ်ပြင်ကို ရောက်ရှိမယ်လို့ ခန့်မှန်းသိရှိရပါတယ်။

ဩဂုတ်လ(၁၉)ရက်နေ့မှာတော့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဆင့်အထိ အားပိုကောင်းလာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါမုန်တိုင်းရဲ့အရှိန်ကြောင့် ဩဂုတ်(၁၉)ရက် နဲ့ (၂၀)ရက်နေ့တွေမှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့

ကမ်းရိုးတန်းတစ်လျှောက်၊ မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်အထိ လေပြင်းများကျရောက်ပြီး မိုးသည်းထန်နေပါမှာဖြစ်ပြီး

လေပြင်းတိုက်ခတ်ချိန်မှာ တစ်နာရီ (၁၅) မိုင်မှ (၃၅) မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းချက်များအရသိရပါတယ်။

Crd

Unicode










Crd

Leave a Reply

Your email address will not be published.