မန္တလေးကျောက်ဝိုင်းက အဖမ်းခံရသူ ၁၀ ယောက်ကို ထောင်ဒဏ်တစ်နှစ်ခွဲ အမိန့်ချ
we chat နဲ့ ကျောက်အရောင်းအဝယ်လုပ်လို့ ဆိုပြီး မန္တလေး မဟာအောင်မြေနဲ့ အောင်မြေသာဇံ မြို့နယ်ထဲ ကနေ ဖမ်းဆီးခံခဲ့ရသူတွေထဲက အနည်းဆုံး ၁၀ ယောက်ကို ကျောက်လက်ဝယ်တွေ့ရှိမှုပုဒ်မနဲ့ အိုးဘိုထောင်တွင်း အထူးတရားရုံးက ဩဂုတ်(၁၁)ရက်နေ့မှာ ထောင်ဒဏ်တစ်နှစ်ခွဲစီ အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံးအသိုင်းဝိုင်းက ပြောပါတယ်။




အဖမ်းခံရတုန်းက တရုတ်နိုင်ငံသားတွေ ပါဝင်ပေမဲ့ အခုထောင်ဒဏ်အမိန့်ချခံရသူတွေက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ လည်း ပြောပါတယ်။
ကျောက်မျက်ရောင်းဝယ်ရေးစခန်းတွေမှာ အရောင်းအဝယ်မလုပ်ဘဲ အွန်လိုင်းကတဆင့် we chat နဲ့အရောင်းအဝယ်လုပ်လို့ဆိုပြီး မဟာအောင်မြေနဲ့ အောင်မြေသာဇံ မြို့နယ်တွေမှာရှိတဲ့ ကျောက်လုပ်ငန်းကုမ္ပဏီတွေက လူလေးရာကျော်ကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးခဲ့တာပါ။
အဲ့ဒီထဲက ကျောက်မျက်




လက်ဝယ်တွေ့ရှိသူ နှစ်ရာကျော်ကို မြို့နယ် နှစ်ခုခွဲပြီး စစ်ကောင်စီက တရားစွဲဆိုခဲ့တာပါ။ တရားရင်ဆိုင်နေရ သူတွေထဲ တရုတ်လူမျိုး တစ်ရာလောက်လည်း ပါဝင်ပေမဲ့ အဲဒီထဲက တရုတ်လူမျိုးအများစုကတော့ ဧပြီလကတည်းက အာမခံနဲ့ ပြန်လည်လွှတ်မြောက်ခဲ့တာတွေ လည်းရှိနေပါတယ်။
မြန်မာနိုင်ငံသားကျောက်လုပ်ငန်းရှင်တွေအပါအဝင် ဖမ်းခံရသူ မြန်မာနိုင်ငံသား တစ်ရာကျော်နဲ့ တရုတ် နိုင်ငံသားအချို့ လည်း အာမခံလျှောက်ထား ခဲ့ကြပေမယ့် စစ်ဆေးတဲ့ တရားရုံးတွေက အာမခံခွင့်ပြုကာ ပြန်လွှတ်ပေးတာမျိုး မရှိဘဲ ဖမ်းဆီးထိန်းသိမ်းပြီး အမှုစွဲဆိုကာ စစ်ဆေးနိုင်ရေးလုပ်ဆောင်ခဲ့တာလို့လည်း သူတို့ရဲ့ မိသားစုဝင် တွေက သိရပါတယ်။
တချို့အဖမ်းခံရသူတွေမှာလည်း လချီကြာနေတာကြောင့် မိသားစုဝင်တွေမှာ အခက်ခဲဖြစ်နေကြရပါတယ်။




အဖမ်းခံရသူတစ်ယောက်ရဲ့ အမျိုးသမီးက “ ဖမ်းခံရကတည်းက မိသားစုနဲ့တွေ့ခွင့်မရဘူး။ သက်သေခေါ်တွေ့တဲ့အဆင့်ကို မရောက်သေးဘူး။ အခုအမိန့်ချခံရသူတွေကတစ်နှစ် ခြောက်လ၊ ပွဲစားအနေနဲ့ ျပေါ့နော်။ အခုတော့ ထောင်ဝင်စာပို့တာရော၊ ကလေးအတွက်နဲ့ ကျမအိမ်အသုံးစရိတ်အတွက်ရော ခက်ခဲတာပေါ့“ လို့ ပြောပါတယ်။
မန္တလေးမြို့ မြို့နယ်နှစ်ခုက ကျောက်မျက်အရောင်းဝယ်လုပ်သူတွေ ဖမ်းဆီးထိန်းသိမ်းခံရတုန်းက ကျောက်တန်းဖိုးနဲ့ ငွေကြေးတွေဟာ ကျပ်သိန်းပေါင်း သောင်းချီရှိတယ်လို့ ဒေသခံကျောက်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ဒါပေမယ့် အဲ့ဒီ ကျောက်စိမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဖုန်း၊ မော်တော်ယာဉ်နဲ့ ငွေကြေးတွေကို ပြန်လည်ထုတ်ယူလို့ မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။




ဓာတ်ပုံ- မန္တလေးမြို့ ကျောက်ဝိုင်း ပုံဟောင်း
Crd
Unicode
မန္တလေးကျောက်ဝိုင်းက အဖမ်းခံရသူ ၁၀ ယောက်ကို ထောင်ဒဏ်တစ်နှစ်ခွဲ အမိန့်ချ
we chat နဲ႔ ေက်ာက္အေရာင္းအဝယ္လုပ္လို႔ ဆိုၿပီး မႏၲေလး မဟာေအာင္ေျမနဲ႔ ေအာင္ေျမသာဇံ ၿမိဳ႕နယ္ထဲ ကေန ဖမ္းဆီးခံခဲ့ရသူေတြထဲက အနည္းဆုံး ၁၀ ေယာက္ကို ေက်ာက္လက္ဝယ္ေတြ႕ရွိမႈပုဒ္မနဲ႔ အိုးဘိုေထာင္တြင္း အထူးတရား႐ုံးက ဩဂုတ္(၁၁)ရက္ေန႔မွာ ေထာင္ဒဏ္တစ္ႏွစ္ခြဲစီ အမိန႔္ခ်မွတ္ခဲ့တယ္လို႔ တရား႐ုံးအသိုင္းဝိုင္းက ေျပာပါတယ္။




အဖမ္းခံရတုန္းက တ႐ုတ္နိုင္ငံသားေတြ ပါဝင္ေပမဲ့ အခုေထာင္ဒဏ္အမိန႔္ခ်ခံရသူေတြက ျမန္မာနိုင္ငံသားေတြျဖစ္တယ္လို႔ လည္း ေျပာပါတယ္။
ေက်ာက္မ်က္ေရာင္းဝယ္ေရးစခန္းေတြမွာ အေရာင္းအဝယ္မလုပ္ဘဲ အြန္လိုင္းကတဆင့္ we chat နဲ႔အေရာင္းအဝယ္လုပ္လို႔ဆိုၿပီး မဟာေအာင္ေျမနဲ႔ ေအာင္ေျမသာဇံ ၿမိဳ႕နယ္ေတြမွာရွိတဲ့ ေက်ာက္လုပ္ငန္းကုမၸဏီေတြက လူေလးရာေက်ာ္ကို စစ္ေကာင္စီဘက္က ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလမွာ ဖမ္းဆီးခဲ့တာပါ။




အဲ့ဒီထဲက ေက်ာက္မ်က္ လက္ဝယ္ေတြ႕ရွိသူ ႏွစ္ရာေက်ာ္ကို ၿမိဳ႕နယ္ ႏွစ္ခုခြဲၿပီး စစ္ေကာင္စီက တရားစြဲဆိုခဲ့တာပါ။ တရားရင္ဆိုင္ေနရ သူေတြထဲ တ႐ုတ္လူမ်ိဳး တစ္ရာေလာက္လည္း ပါဝင္ေပမဲ့ အဲဒီထဲက တ႐ုတ္လူမ်ိဳးအမ်ားစုကေတာ့ ဧၿပီလကတည္းက အာမခံနဲ႔ ျပန္လည္လႊတ္ေျမာက္ခဲ့တာေတြ လည္းရွိေနပါတယ္။
ျမန္မာနိုင္ငံသားေက်ာက္လုပ္ငန္းရွင္ေတြအပါအဝင္ ဖမ္းခံရသူ ျမန္မာနိုင္ငံသား တစ္ရာေက်ာ္နဲ႔ တ႐ုတ္ နိုင္ငံသားအခ်ိဳ႕ လည္း အာမခံေလၽွာက္ထား ခဲ့ၾကေပမယ့္ စစ္ေဆးတဲ့ တရား႐ုံးေတြက အာမခံခြင့္ျပဳကာ ျပန္လႊတ္ေပးတာမ်ိဳး မရွိဘဲ ဖမ္းဆီးထိန္းသိမ္းၿပီး အမႈစြဲဆိုကာ စစ္ေဆးနိုင္ေရးလုပ္ေဆာင္ခဲ့တာလို႔လည္း သူတို႔ရဲ့ မိသားစုဝင္ ေတြက သိရပါတယ္။




တခ်ိဳ႕အဖမ္းခံရသူေတြမွာလည္း လခ်ီၾကာေနတာေၾကာင့္ မိသားစုဝင္ေတြမွာ အခက္ခဲျဖစ္ေနၾကရပါတယ္။
အဖမ္းခံရသူတစ္ေယာက္ရဲ့ အမ်ိဳးသမီးက “ ဖမ္းခံရကတည္းက မိသားစုနဲ႔ေတြ႕ခြင့္မရဘူး။ သက္ေသေခၚေတြ႕တဲ့အဆင့္ကို မေရာက္ေသးဘူး။ အခုအမိန႔္ခ်ခံရသူေတြကတစ္ႏွစ္ ေျခာက္လ၊ ပြဲစားအေနနဲ႔ ်ေပါ့ေနာ္။ အခုေတာ့ ေထာင္ဝင္စာပို႔တာေရာ၊ ကေလးအတြက္နဲ႔ က်မအိမ္အသုံးစရိတ္အတြက္ေရာ ခက္ခဲတာေပါ့“ လို႔ ေျပာပါတယ္။
မႏၲေလးၿမိဳ႕ ၿမိဳ႕နယ္ႏွစ္ခုက ေက်ာက္မ်က္အေရာင္းဝယ္လုပ္သူေတြ ဖမ္းဆီးထိန္းသိမ္းခံရတုန္းက ေက်ာက္တန္းဖိုးနဲ႔ ေငြေၾကးေတြဟာ က်ပ္သိန္းေပါင္း ေသာင္းခ်ီရွိတယ္လို႔ ေဒသခံေက်ာက္လုပ္ငန္း လုပ္ကိုင္သူေတြက ေျပာပါတယ္။




ဒါေပမယ့္ အဲ့ဒီ ေက်ာက္စိမ္းနဲ႔ ဆက္စပ္ပစၥည္းေတြ ဖုန္း၊ ေမာ္ေတာ္ယာဥ္နဲ႔ ေငြေၾကးေတြကို ျပန္လည္ထုတ္ယူလို႔ မရေသးဘူးလို႔ မိသားစုဝင္ေတြက ေျပာပါတယ္။
ဓာတ္ပုံ- မႏၲေလးၿမိဳ႕ ေက်ာက္ဝိုင္း ပုံေဟာင္း
BBC
Crd