ပြည်ပရောက်မြန်မာလုပ်သားများ မိသားစုထံလွှဲပို့ငွေမှ နိုင်ငံခြားငွေရရှိရန် စစ်ကောင်စီကြိုးပမ်းနေ

News

ပြည်ပရောက်မြန်မာလုပ်သားများ မိသားစုထံလွှဲပို့ငွေမှ နိုင်ငံခြားငွေရရှိရန် စစ်ကောင်စီကြိုးပမ်းနေ

ရန်ကုန်၊ သြဂုတ် ၁၇

လူငယ့်ခေတ်

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ မိသားစုထံသို့လွှဲပို့ငွေမှ နိုင်ငံခြားငွေရရှိရန် စစ်ကောင်စီက ကြိုးပမ်းမှုများ ပြုလုပ်လာကြောင်း ယင်းလက်အောက်ခံသံရုံးတချို့၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့တွင် စစ်ကောင်စီလက်အောက်ခံ ထိုင်းနိုင်ငံရှိသံရုံးမှ ပြည်ပနေနိုင်ငံသားများ၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာဝင်ငွေနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာ အကျိုးခံစားခွင့်များ ရရှိနိုင်ရေး အသိပေးခြင်းဟူ၍ ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေအရ ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသော လစာခေါင်းစဉ်မှ ဝင်ငွေသည် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိမည်ဟု ဖော်ပြထားသည်။

အဆိုလစာခေါင်းစဉ်မှ ဝင်ငွေရရှိသူ ပြည်ပနေနိုင်ငံသားများအနေဖြင့် ယင်းငွေအား ပြည်တွင်းသို့လွှဲပြောင်း၍ ပြည် တွင်း၌ မော်တော်ယာဉ်ဝယ်ယူခြင်း၊ အခြေခံပစ္စည်းများဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းတို့ ဆောင်ရွက်ရာတွင် အသုံးပြုသည့်ဝင်ငွေအပေါ် တည်ဆဲဝင်ငွေခွန်ဥပဒေအရ ဝင်ငွေရလမ်းစီစစ်ခြင်း လုပ်ငန်းစဉ် များကို စိစစ်ဆောင်ရွက်ရကြောင်း ဆို သည်။

ထိုသို့စိစစ်ရာတွင် ပြည်ပနေနိုင်ငံသားများ၏ ပြည်တွင်းလွှဲပြောင်းငွေသည် တရားဝင်ငွေလွှဲခွင့် လိုင်စင်ရရှိထား သည့် ဘဏ် သို့မဟုတ် ငွေကြေးအဖွဲ့အစည်းမှတစ်ဆင့် လွှဲပြောင်းပေးပို့ခြင်းဖြစ်မှသာ တည်ဆဲအခွန်ဥဒေနှင့် အညီ အခွန်ဆိုင်ရာအကျိုးခံစားခွင့်များ ရရှိနိုင်မည်ဟု ဆက်လက်ဖော်ပြထားသည်။

ထို့ကြောင့် ပြည်ပနေနိုင်ငံသားများအနေဖြင့် အခွန်ကင်းလွတ်ခွင့်ရှိသော လစာဝင်ငွေဖြင့် အခြေခံပစ္စည်းများ ဝယ် ယူရာတွင် အခွန်ဆိုင်ရာအကျိုးခံစားခွင့်များ ပြည့်ပြည့်ဝဝရရှိနိုင်ရေး ပြည်တွင်းသို့ ငွေလွှဲပို့ရာတွင် တရားဝင်ငွေ လွှဲခွင့်လိုင်စင်ရရှိထားသည့်ဘဏ် သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းမှ တစ် ဆင့်လွှဲပြောင်းပေးပို့ကြပါရန် အသိပေးနှိုးဆော်ကြောင်း ကြေညာထားခြင်းဖြစ်သည်။

“ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လွှဲပို့ငွေကိုပါ ကြပ်မတ်ဖို့အရိပ်မြွက်ပြတဲ့ သဘောလို့ထင်တယ်။ သူတို့ရဲ့ မတန်တဆကွာဟတဲ့ကျပ်ငွေနဲ့ လုပ်သားတွေရဲ့လွှဲပို့ငွေကို လဲယူချင်နေတာလို့ယူဆတယ်”ဟု စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

ပြည်ပတွင် မြန်မာလုပ်သား သန်းနှင့်ချီကာ ရောက်ရှိလုပ်ကိုင်နေကြပြီး အများစုမှာ အဆင်ပြေရာနည်းလမ်းဖြင့် မိသားစုထံ ငွေပြန်လွှဲပို့နေကြကြောင်း ယင်းအလုပ်သမားအသိုင်းဝိုင်းထံမှ သိရသည်။

“သူတို့ဘယ်လိုပဲစာထုတ်ထုတ်ပါ ကိုယ့်သဘောနဲ့ ကိုယ်ဘဲ၊ လက်ခံစရာအကြောင်းကိုမရှိဘူး”ဟု ထိုင်းရောက် မြန်မာလုပ်သားတစ်ဦးကလည်း ပြောသည်။

ဦးသိန်းစိန်အစိုးရ လက်ထက်ကလည်း ပြည်ပရောက် မြန်မာလုပ်သားများ လွှဲပို့ငွေမှတစ်ဆင့် နိုင်ငံခြားငွေရရှိရန် အမိန့်ညွှန်ကြားချက်များထုတ်၍ ကြိုးပမ်းခဲ့ဖူးကြောင်းလည်း ရွေ့ပြောင်းအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများထံမှ သိရသည်။

Crd

Unicode

ျပည္ပေရာက္ျမန္မာလုပ္သားမ်ား မိသားစုထံလႊဲပို႔ေငြမွ နိုင္ငံျခားေငြရရွိရန္ စစ္ေကာင္စီႀကိဳးပမ္းေန

ရန္ကုန္၊ ၾသဂုတ္ ၁၇

လူငယ့္ေခတ္

ျပည္ပေရာက္ျမန္မာနိုင္ငံသားမ်ား၏ မိသားစုထံသို႔လႊဲပို႔ေငြမွ နိုင္ငံျခားေငြရရွိရန္ စစ္ေကာင္စီက ႀကိဳးပမ္းမႈမ်ား ျပဳလုပ္လာေၾကာင္း ယင္းလက္ေအာက္ခံသံ႐ုံးတခ်ိဳ႕၏ ယေန႔ထုတ္ျပန္ခ်က္အရ သိရသည္။

ယေန႔တြင္ စစ္ေကာင္စီလက္ေအာက္ခံ ထိုင္းနိုင္ငံရွိသံ႐ုံးမွ ျပည္ပေနနိုင္ငံသားမ်ား၏ ျပည္ပတြင္နိုင္ငံျခားေငြျဖင့္ ရရွိသည့္လစာဝင္ေငြႏွင့္ စပ္လ်ဥ္း၍ အခြန္ဆိုင္ရာ အက်ိဳးခံစားခြင့္မ်ား ရရွိနိုင္ေရး အသိေပးျခင္းဟူ၍ ေၾကညာ ခ်က္ထုတ္ျပန္ခဲ့သည္။

ယင္းထုတ္ျပန္ခ်က္တြင္ ၂၀၂၂ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္ေကာက္ဥပေဒအရ ျပည္ပေနနိုင္ငံသား၏ ျပည္ပတြင္ နိုင္ငံျခားေငြျဖင့္ရရွိေသာ လစာေခါင္းစဥ္မွ ဝင္ေငြသည္ ဝင္ေငြခြန္ကင္းလြတ္ခြင့္ရရွိမည္ဟု ေဖာ္ျပထားသည္။

အဆိုလစာေခါင္းစဥ္မွ ဝင္ေငြရရွိသူ ျပည္ပေနနိုင္ငံသားမ်ားအေနျဖင့္ ယင္းေငြအား ျပည္တြင္းသို႔လႊဲေျပာင္း၍ ျပည္ တြင္း၌ ေမာ္ေတာ္ယာဥ္ဝယ္ယူျခင္း၊ အေျခခံပစၥည္းမ်ားဝယ္ယူျခင္း၊ တည္ေဆာက္ျခင္းႏွင့္ ရင္းႏွီးျမႇုပ္ႏွံျခင္းတို႔ ေဆာင္ရြက္ရာတြင္ အသုံးျပဳသည့္ဝင္ေငြအေပၚ တည္ဆဲဝင္ေငြခြန္ဥပေဒအရ ဝင္ေငြရလမ္းစီစစ္ျခင္း လုပ္ငန္းစဥ္ မ်ားကို စိစစ္ေဆာင္ရြက္ရေၾကာင္း ဆို သည္။

ထိုသို႔စိစစ္ရာတြင္ ျပည္ပေနနိုင္ငံသားမ်ား၏ ျပည္တြင္းလႊဲေျပာင္းေငြသည္ တရားဝင္ေငြလႊဲခြင့္ လိုင္စင္ရရွိထား သည့္ ဘဏ္ သို႔မဟုတ္ ေငြေၾကးအဖြဲ႕အစည္းမွတစ္ဆင့္ လႊဲေျပာင္းေပးပို႔ျခင္းျဖစ္မွသာ တည္ဆဲအခြန္ဥေဒႏွင့္ အညီ အခြန္ဆိုင္ရာအက်ိဳးခံစားခြင့္မ်ား ရရွိနိုင္မည္ဟု ဆက္လက္ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ျပည္ပေနနိုင္ငံသားမ်ားအေနျဖင့္ အခြန္ကင္းလြတ္ခြင့္ရွိေသာ လစာဝင္ေငြျဖင့္ အေျခခံပစၥည္းမ်ား ဝယ္ ယူရာတြင္ အခြန္ဆိုင္ရာအက်ိဳးခံစားခြင့္မ်ား ျပည့္ျပည့္ဝဝရရွိနိုင္ေရး ျပည္တြင္းသို႔ ေငြလႊဲပို႔ရာတြင္ တရားဝင္ေငြ လႊဲခြင့္လိုင္စင္ရရွိထားသည့္ဘဏ္ သို႔မဟုတ္ ေငြေရးေၾကးေရး အဖြဲ႕အစည္းမွ တစ္ ဆင့္လႊဲေျပာင္းေပးပို႔ၾကပါရန္ အသိေပးႏွိုးေဆာ္ေၾကာင္း ေၾကညာထားျခင္းျဖစ္သည္။

“ျပည္ပေရာက္ ျမန္မာလုပ္သားေတြရဲ့ လႊဲပို႔ေငြကိုပါ ၾကပ္မတ္ဖို႔အရိပ္ႁမြက္ျပတဲ့ သေဘာလို႔ထင္တယ္။ သူတို႔ရဲ့ မတန္တဆကြာဟတဲ့က်ပ္ေငြနဲ႔ လုပ္သားေတြရဲ့လႊဲပို႔ေငြကို လဲယူခ်င္ေနတာလို႔ယူဆတယ္”ဟု စီးပြားေရးလုပ္ငန္း ရွင္တစ္ဦးက လူငယ့္ေခတ္သို႔ေျပာသည္။

ျပည္ပတြင္ ျမန္မာလုပ္သား သန္းႏွင့္ခ်ီကာ ေရာက္ရွိလုပ္ကိုင္ေနၾကၿပီး အမ်ားစုမွာ အဆင္ေျပရာနည္းလမ္းျဖင့္ မိသားစုထံ ေငြျပန္လႊဲပို႔ေနၾကေၾကာင္း ယင္းအလုပ္သမားအသိုင္းဝိုင္းထံမွ သိရသည္။

“သူတို႔ဘယ္လိုပဲစာထုတ္ထုတ္ပါ ကိုယ့္သေဘာနဲ႔ ကိုယ္ဘဲ၊ လက္ခံစရာအေၾကာင္းကိုမရွိဘူး”ဟု ထိုင္းေရာက္ ျမန္မာလုပ္သားတစ္ဦးကလည္း ေျပာသည္။

ဦးသိန္းစိန္အစိုးရ လက္ထက္ကလည္း ျပည္ပေရာက္ ျမန္မာလုပ္သားမ်ား လႊဲပို႔ေငြမွတစ္ဆင့္ နိုင္ငံျခားေငြရရွိရန္ အမိန္႔ညႊန္ၾကားခ်က္မ်ားထုတ္၍ ႀကိဳးပမ္းခဲ့ဖူးေၾကာင္းလည္း ေရြ႕ေျပာင္းအလုပ္သမားအေရး တက္ႂကြလႈပ္ရွားသူမ်ားထံမွ သိရသည္။

Crd

Leave a Reply

Your email address will not be published.