အနုပညာကြေး သုံးရာ နဲ့ လူကြမ်းသရုပ်ဆောင်ဘဝကို စတင်ခဲ့သူ လူကြမ်းသရုပ်ဆောင် ဇော်ကြီး
အထိုးအကြိတ်အခန်းတွေမှာ လူကြမ်းအဖွဲ့လို့ဆိုလိုက်ရင် ကိုလူချောတို့အဖွဲ့ကို အမြဲတွေ့ရမှာပဲဖြစ်ပါတယ်။




လူကြမ်းသရုပ်ဆောင်တွေဟာ အက်ရှင်ကားတွေ အထိုးအကြိတ်ကားတွေကို အသားပေးရိုက်ကူးရာထားတဲ့ ဇာတ်လမ်းမျိုးတွေမှာ မင်းသားတွေနဲ့အပြိုင် သရုပ်ဆောင်ရသူတွေပဲဖြစ်ပါတယ်။
လူကြမ်းသရုပ်ဆောင်တွေရဲ့ ဝင်ငွေကနည်းပါးကြလို့ ပြင်ပဘဝမှာ စားဝတ်နေရေး ခက်ခဲကြရသလို အကယ်ဒမီဆိုတဲ့ ထူးချွန်ဆုတွေမှာလည်း သူတို့ဇာတ်ရုပ်အတွက် မျက်နှာသာ အပေးမခံရပါဘူး။
ဗီဒီယိုဇာတ်ကားတွေ ခေတ်စားတဲ့အချိန်ကတည်းက လူကြမ်းသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေအားလုံးရင်းနှီးပြီးသားဖြစ်တဲ့ ကိုဇော်ကြီး ကိုတော့လူတိုင်းသိလိမ့်မယ်ထင်ပါတယ်။
လူကြမ်းသရုပ်ဆောင်တွေမှာတော့ ဇော်ကြီး ကလဲ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ လူကြမ်းတစ်ယောက်ပဲဖြစ်ပါတယ်။




အနုပညာကြေး သုံးရာ နဲ့ လူကြမ်းသရုပ်ဆောင်ဘဝကို စတင်ခဲ့သူတစ်ဦးဖြစ်ပြီး အနုပညာကိုလဲ အရမ်းကိုချစ်မြတ်နိုးသူ တစ်ဦးပါပဲ။
ဆရာတစ်ဦးဖြစ်တဲ့ မင်းသားကြီး ကျော်ဟိန်း ရဲ့ ဇာတ်ကားတိုင်းမှာ ကျော်ကြီး၊မော်ကြီး၊ဇော်ကြီး ဆိုပြီး ၃ နှစ်တိုင်တိုင် လက်တွဲပြီးရိုက်ကူးခဲ့ပါတယ်။
ထို့နောက် ကျော်၊မော်၊ဇော် ဆိုပြီး နာမည်ကြီးလူသိများလာခဲ့ပါတယ်။
လူကြမ်းသရုပ်ဆောင် ဦးမော်ကြီး ကတော့ မကြာသေးခင်ရက်ပိုင်းလောက်ကပဲ ဦးဏှောက်သွေးကြောပြတ်ကာ ကွယ်လွန်သွားခဲ့ပါပြီ။




လူကြမ်းသရုပ်ဆောင် ဇော်ကြီး ဟာ အသက်အရွယ်ရလာပြီး မြန်မာပြည်ရဲ့ခက်ခဲ့တဲ့အခြေအနေတွေကြောင့် ပြေလည်နိုင်ပါစေ လို့ ဆုမွန်ကောင်းတောင်းပါတယ်။
Crd
UNICODE
အႏုပညာေၾကး သုံးရာ နဲ႔ လူၾကမ္းသ႐ုပ္ေဆာင္ဘဝကို စတင္ခဲ့သူ လူၾကမ္းသ႐ုပ္ေဆာင္ ေဇာ္ႀကီး
အထိုးအႀကိတ္အခန္းေတြမွာ လူၾကမ္းအဖြဲ႕လို႔ဆိုလိုက္ရင္ ကိုလူေခ်ာတို႔အဖြဲ႕ကို အၿမဲေတြ႕ရမွာပဲျဖစ္ပါတယ္။




လူၾကမ္းသ႐ုပ္ေဆာင္ေတြဟာ အက္ရွင္ကားေတြ အထိုးအႀကိတ္ကားေတြကို အသားေပး႐ိုက္ကူးရာထားတဲ့ ဇာတ္လမ္းမ်ိဳးေတြမွာ မင္းသားေတြနဲ႔အၿပိဳင္ သ႐ုပ္ေဆာင္ရသူေတြပဲျဖစ္ပါတယ္။
လူၾကမ္းသ႐ုပ္ေဆာင္ေတြရဲ႕ ဝင္ေငြကနည္းပါးၾကလို႔ ျပင္ပဘဝမွာ စားဝတ္ေနေရး ခက္ခဲၾကရသလို အကယ္ဒမီဆိုတဲ့ ထူးခြၽန္ဆုေတြမွာလည္း သူတို႔ဇာတ္႐ုပ္အတြက္ မ်က္ႏွာသာ အေပးမခံရပါဘူး။
ဗီဒီယိုဇာတ္ကားေတြ ေခတ္စားတဲ့အခ်ိန္ကတည္းက လူၾကမ္းသ႐ုပ္ေဆာင္အျဖစ္ သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ေတြအားလုံးရင္းႏွီးၿပီးသားျဖစ္တဲ့ ကိုေဇာ္ႀကီး ကိုေတာ့လူတိုင္းသိလိမ့္မယ္ထင္ပါတယ္။
လူၾကမ္းသ႐ုပ္ေဆာင္ေတြမွာေတာ့ ေဇာ္ႀကီး ကလဲ က်ရာဇာတ္႐ုပ္ကို ပိုင္ႏိုင္စြာ သ႐ုပ္ေဆာင္ႏိုင္တဲ့ လူၾကမ္းတစ္ေယာက္ပဲျဖစ္ပါတယ္။




အႏုပညာေၾကး သုံးရာ နဲ႔ လူၾကမ္းသ႐ုပ္ေဆာင္ဘဝကို စတင္ခဲ့သူတစ္ဦးျဖစ္ၿပီး အႏုပညာကိုလဲ အရမ္းကိုခ်စ္ျမတ္ႏိုးသူ တစ္ဦးပါပဲ။
ဆရာတစ္ဦးျဖစ္တဲ့ မင္းသားႀကီး ေက်ာ္ဟိန္း ရဲ႕ ဇာတ္ကားတိုင္းမွာ ေက်ာ္ႀကီး၊ေမာ္ႀကီး၊ေဇာ္ႀကီး ဆိုၿပီး ၃ ႏွစ္တိုင္တိုင္ လက္တြဲၿပီး႐ိုက္ကူးခဲ့ပါတယ္။
ထို႔ေနာက္ ေက်ာ္၊ေမာ္၊ေဇာ္ ဆိုၿပီး နာမည္ႀကီးလူသိမ်ားလာခဲ့ပါတယ္။
လူၾကမ္းသ႐ုပ္ေဆာင္ ဦးေမာ္ႀကီး ကေတာ့ မၾကာေသးခင္ရက္ပိုင္းေလာက္ကပဲ ဦးေဏွာက္ေသြးေၾကာျပတ္ကာ ကြယ္လြန္သြားခဲ့ပါၿပီ။




လူၾကမ္းသ႐ုပ္ေဆာင္ ေဇာ္ႀကီး ဟာ အသက္အ႐ြယ္ရလာၿပီး ျမန္မာျပည္ရဲ႕ခက္ခဲ့တဲ့အေျခအေနေတြေၾကာင့္ ေျပလည္ႏိုင္ပါေစ လို႔ ဆုမြန္ေကာင္းေတာင္းပါတယ္။
Crd