လူစည်ကားစွာ ပါတီပေးပျော်ပါးနေတဲ့ ဗီဒီယိုဖိုင်တွေ တင်လာခဲ့လို့ ပြင်းထန်စွာ ဝေဖန်ခံနေရတဲ့ သရုပ်ဆောင်မင်းသား DJ ပါရမီရှင်ကြီး မိုးအောင်ရင်

News

(Unicodeဖြင့် ဖတ်ရန်) အောက်ဆုံးတွင် ရုပ်သံဖိုင်ပါဝင်သည်။

ကိုယ့်မွေးနေ့မှာ ကိုယ့်ကိုကိုယ် ပရမီပါတယ်လို့ ဆိုထားတဲ့ DJကို ကိုယ်တိုင်တီး ဖျော်ဖြေပြီး အပေါင်းအသင်းတွေနဲ့ ပါတီပေး ပျော်ပါးခဲ့လို့ ဝေဖန်ခံနေရတဲ့ မိုးအောင်ရင်

တချိန်က နိုင်ငံကျော် အဆိုတော်ကြီး တစ်ဦးဖြစ်တဲ့ အောင်ရင်ရဲ့ သားဖြစ်တဲ့ မိုးအောင်ရင် ကတော့ ဗီဒီယိုခေတ်မှာ သရုပ်ဆောင်တစ်ယောက် အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီးရုပ်ရှင်တချို့နဲ့ ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ မိုးအောင်ရင်ဟာ သူ့ရဲ့လူမှုရေးပြဿနာကြောင့် နှစ်အတော်ကြာအောင်ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ ရသူလည်း ဖြစ်ပါတယ်။

အာဏာသိမ်းမှု ဖြစ်စဉ်မှာလည်း မိုးအောင်ရင်ဟာ မဆိုင်သလို ငြိမ်သက်နေခဲ့လို့ပရိသတ်ပြည်သူတွေနဲ့ သဘောထားဆန့်ကျင်စွာ ရပ်တည်နေသူလို့ နာမည်ထွက်ကာ ဝေဖန်မှုတွေကို ခံခဲ့ရသူလည်း ပဲဖြစ်ပါ တယ်။

လွန်ခဲ့တဲ့ရက် သြဂုတ်လ (၁၃) ရက်နေ့ကတော့ မိုးအောင်ရင်ရဲ့မွေးနေ့ဖြစ်တယ်လို့ သိရပြီး မိုးအောင်ရင်က သူ့ရဲ့မွေးနေ့မှာသူကိုယ်တိုင် DJ တီးပြီး ပျော်ပျော်ပါးပါး ပါတီပေးကာ မွေးနေ့လာတဲ့သူတွေကို ဖျော်ဖြေပေးခဲ့တာကို သူ တင်ထားတဲ့ဗီဒီယိုအရ တွေ့ရပြီးနောက်
လူမှုကွန်ယက် အွန်လိုင်းအသုံးပြုသူ ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက် လာနေတာကို တွေ့ရပါတယ်။

ယခုကာလ တိုင်းပြည်အရေးမှာအနုပညာရှင်များစွာဟာ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေကြသလို အနုပညာရှင် အတော်များများဟာလည်း ပျော်ပွဲရွှင်ပွဲများကို ရှောင်ကျဥ်ကာ နေနေကြတာဖြစ်ပါတယ်

မိုးအောင်ရင်ကတော့ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေတဲ့ အပြင် စည်ကားသိုက်မြိုက်စွာနဲ့ အော်ဟစ်ပျော်မြူးနေကြတဲ့ ရုပ်သံဖိုင်တွေကိုအခက်အခဲတွေ ကြုံတွေ့နေကြရတဲ့ ပြည်သူ့မျက်နှာ ပရိသတ်မျက်နှာကို မထောက်ထားဘဲ လိုင်းပေါ်ကို ကိုယ်တိုင်တင်လာတာကြောင့် ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။

Crd

(Unicodeဖြင့် ဖတ်ရန်)






ာမိုးအောင်ရင်ကတော့ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေတဲ့ အပြင် စည်ကားသိုက်မြိုက်စွာနဲ့ အော်ဟစ်ပျော်မြူးနေကြတဲ့ ရုပ်သံဖိုင်တွေကိုအခက်အခဲတွေ ကြုံတွေ့နေကြရတဲ့ ပြည်သူ့မျက်နှာ ပရိသတ်မျက်နှာကို မထောက်ထားဘဲ လိုင်းပေါ်ကို ကိုယ်တိုင်တင်လာတာကြောင့် ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။

မိုးအောင်ရင်ရဲ့ မွေးနေ့ပါတီ ပျော်မြူးနေကြသော ရုပ်သံဖိုင်အား ကြည့်ရှု့ရန်

Crd

Leave a Reply

Your email address will not be published.