မန္တလေးမှ သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင် များနှင့် UG ၁၀၀ ကျော်ဖမ်းဆီးခံထားရ

News

မႏၲေလးမွ သိမ္းငွက္ေျပာက္က်ားတပ္ဖြဲ႕ဝင္ မ်ားႏွင့္ UG ၁၀၀ ေက်ာ္ဖမ္းဆီးခံထားရ

မႏၲေလး၊ ၾသဂုတ္ ၁၆၊ လူငယ့္ေခတ္

မႏၲေလးတိုင္း၊ အထူးေျပာက္က်ားတပ္ဖြဲ႕ (MSTF)၏ သိန္းငွက္တပ္ခြဲမွအေရးႀကီး တပ္ဖြဲ႕ဝင္တခ်ိဳ႕ ဩဂုတ္လ (၁၀)ရက္ေန႔တြင္ စစ္ေကာင္စီက ဖမ္းဆီးခံထားရေၾကာင္း အဆိုပါအဖြဲ႕ကထုတ္ျပန္ထားသည္

က်န္ရွိသည့္အဖြဲ႕ဝင္မ်ား၏လုံၿခဳံေရးအရ ေနာက္က်မွ သတင္းထုတ္ျပန္ရျခင္းျဖစ္ၿပီး ဖမ္းဆီးခံရသူဦးေရႏွင့္မည္သည့္ေနရာတြင္ ဖမ္းဆီးခံရျခင္းကိုမူထုတ္ျပန္ထားျခင္းမရွိေပ

ထို႔အျပင္ ၾသဂုတ္လ၁၄ရက္ေန႔က မႏၲေလးၿမိဳ႕ ေအာင္ပင္လယ္ရပ္ကြက္က တည္းခိုခန္းတစ္ခုတြင္ လူငယ္ေလးဦးကို KIAသင္တန္းဆင္းဟု စြပ္စြဲကာဖမ္းဆီးသြားခဲ့ေၾကာင္းလည္း ၿမိဳ႕ခံမ်ားထံကသိရသည္

အဲဒီဟာက ဒလန္တည္းခိုခန္း၊ ေအာင္ပင္လယ္ကလူေတြသိတယ္။ ညႀကီးဝင္ဖမ္းသြားတာ ဟု ၿမိဳ႕ခံတစ္ဦးကေျပာသည္။ ယေန႔တြင္လည္း မႏၲေလးၿမိဳ႕၅၄လမ္း၊၂၃လမ္းႏွင့္၂၄လမ္းၾကားတြင္ လူငယ္ႏွစ္ ဦးကို ပစ္ခတ္ဖမ္းဆီးသြားေၾကာင္း အနီးနားေနထိုင္သူမ်ားထံကသိရသည္

ၿပီးခဲ့သည့္ ၾသဂုတ္လ၁ရက္က Myanmar Return Ranger Force-MRRFေခါင္းေဆာင္ ဗိုလ္ေအာင္ေျမအပါအဝင္ အဖြဲ႕ဝင္ႏွစ္ဦးဖမ္းဆီးသက္ျဖတ္ခံလိုက္ရၿပီး စစ္ေကာင္ စီတပ္က ဗိုလ္ေအာင္ေျမ၏ လက္ကိုင္ဖုန္းကိုရရွိသြားေၾကာင္း ဇနီးျဖစ္သူထံကသိရသည္

မႏၲေလးေတာ္လွန္ေရး ေျမျပင္သတင္းအ အဖြဲ႕မ်ား၏ေဖာ္ျပခ်က္အရ မႏၲေလးၿမိဳ႕တြင္ ၾသဂုတ္လအတြင္းဖမ္းဆီးခံထားရသည့္ UGဦးေရသည္ ၁၀၀ ဝန္းက်င္ရွိေနၿပီျဖစ္ေၾကာင္းသိရသည္ ဓာတ္ပုံ- Myanmar Business Directory

Crd

Unicode
မန္တလေးမှ သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင် များနှင့် UG ၁၀၀ ကျော်ဖမ်းဆီးခံထားရ

မန္တလေး၊ သြဂုတ် ၁၆၊ လူငယ့်ခေတ်

မန္တလေးတိုင်း၊ အထူးပြောက်ကျားတပ်ဖွဲ့ (MSTF)၏ သိန်းငှက်တပ်ခွဲမှအရေးကြီး တပ်ဖွဲ့ဝင်တချို့ ဩဂုတ်လ (၁၀)ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးခံထားရကြောင်း အဆိုပါအဖွဲ့ကထုတ်ပြန်ထားသည်

ကျန်ရှိသည့်အဖွဲ့ဝင်များ၏လုံခြုံရေးအရ နောက်ကျမှ သတင်းထုတ်ပြန်ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူဦးရေနှင့်မည်သည့်နေရာတွင် ဖမ်းဆီးခံရခြင်းကိုမူထုတ်ပြန်ထားခြင်းမရှိပေ

ထို့အပြင် သြဂုတ်လ၁၄ရက်နေ့က မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်က တည်းခိုခန်းတစ်ခုတွင် လူငယ်လေးဦးကို KIAသင်တန်းဆင်းဟု စွပ်စွဲကာဖမ်းဆီးသွားခဲ့ကြောင်းလည်း မြို့ခံများထံကသိရသည်

အဲဒီဟာက ဒလန်တည်းခိုခန်း၊ အောင်ပင်လယ်ကလူတွေသိတယ်။ ညကြီးဝင်ဖမ်းသွားတာ ဟု မြို့ခံတစ်ဦးကပြောသည်။ ယနေ့တွင်လည်း မန္တလေးမြို့၅၄လမ်း၊၂၃လမ်းနှင့်၂၄လမ်းကြားတွင် လူငယ်နှစ် ဦးကို ပစ်ခတ်ဖမ်းဆီးသွားကြောင်း အနီးနားနေထိုင်သူများထံကသိရသည်

ပြီးခဲ့သည့် သြဂုတ်လ၁ရက်က Myanmar Return Ranger Force-MRRFခေါင်းဆောင် ဗိုလ်အောင်မြေအပါအဝင် အဖွဲ့ဝင်နှစ်ဦးဖမ်းဆီးသက်ဖြတ်ခံလိုက်ရပြီး စစ်ကောင် စီတပ်က ဗိုလ်အောင်မြေ၏ လက်ကိုင်ဖုန်းကိုရရှိသွားကြောင်း ဇနီးဖြစ်သူထံကသိရသည်

မန္တလေးတော်လှန်ရေး မြေပြင်သတင်းအ အဖွဲ့များ၏ဖော်ပြချက်အရ မန္တလေးမြို့တွင် သြဂုတ်လအတွင်းဖမ်းဆီးခံထားရသည့် UGဦးရေသည် ၁၀၀ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်းသိရသည် ဓာတ်ပုံ- Myanmar Business Directory

Crd

Leave a Reply

Your email address will not be published.