စစ်ကောင်စီက MEC ဥက္ကဋ္ဌကို ရုရှားစက်သုံးဆီဝယ်ယူရေးအဖွဲ့ခေါင်းဆောင်ခန့်

News

စစ်ကောင်စီက MEC ဥက္ကဋ္ဌကို ရုရှားစက်သုံးဆီဝယ်ယူရေးအဖွဲ့ခေါင်းဆောင်ခန့်

စစ်ကောင်စီဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို ရုရှားကနေ စက်သုံးဆီ ဝယ်ယူသိုလှောင်ရောင်းချရေး ဦးဆောင်ကော်မတီ ခေါင်းဆောင်အဖြစ်ခန့်လိုက်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးညိုစော ဦးဆောင်တဲ့ အဲဒီကော်မတီကို စွမ်းအင်ဒုတိယဝန်ကြီး ဦးသန့်စင်၊ စက်သုံးဆီလုပ်ငန်းရှင် ၃ ဦး၊ နောက် စီးပွားကူးသန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးစတဲ့ လူပုဂ္ဂိုလ် ၉ ဦးနဲ့ အခုလ ၁ ရက်နေ့တုန်းက စစ်ကောင်စီက ဖွဲ့စည်းပေးလိုက်တာဖြစ်ပါတယ်။

ကော်မတီဟာ ရုရှားကနေ တင်သွင်းလာတဲ့ဆီတွေကို သိုလှောင်ဖြန့်ဖြူးရေးအပိုင်းမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာ၊ နောက် သိုလှောင်စက်သုံးဆီတွေကို တပ်၊ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေကို ဖြန့်ဖြူးပေးနိုင်ရေးကိုလည်း ဆောင်ရွက်ရမယ်လို့ လုပ်ငန်းတာဝန်တွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။

စစ်ကောင်စီပြောခွင့်ရသူကလည်း ပြည်ပကနေ အရည်အသွေးရှိတဲ့စက်သုံးဆီတွေကို ဝယ်ယူနိုင်ရေး လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ ပြောထားတာဖြစ်ပါတယ်။

ပုံစာ – ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို ၂၀၁၇ ခုနှစ်၊ ကန်သာယာဆေးရုံဖွင့်ပွဲမှာ အတူတွေ့ရတာဖြစ်ပါတယ်။

Crd

Unicode

စစ္ေကာင္စီက MEC ဥကၠ႒ကို ႐ုရွားစက္သုံးဆီဝယ္ယူေရးအဖြဲ႕ေခါင္းေဆာင္ခန႔္

စစ္ေကာင္စီဟာ စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း(MEC)ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီးညိဳေစာကို ႐ုရွားကေန စက္သုံးဆီ ဝယ္ယူသိုေလွာင္ေရာင္းခ်ေရး ဦးေဆာင္ေကာ္မတီ ေခါင္းေဆာင္အျဖစ္ခန႔္လိုက္ပါတယ္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီးညိဳေစာ ဦးေဆာင္တဲ့ အဲဒီေကာ္မတီကို စြမ္းအင္ဒုတိယဝန္ႀကီး ဦးသန႔္စင္၊ စက္သုံးဆီလုပ္ငန္းရွင္ ၃ ဦး၊ ေနာက္ စီးပြားကူးသန္းဝန္ႀကီးဌာန ညႊန္ၾကားေရးမႉးစတဲ့ လူပုဂၢိဳလ္ ၉ ဦးနဲ႔ အခုလ ၁ ရက္ေန႔တုန္းက စစ္ေကာင္စီက ဖြဲ႕စည္းေပးလိုက္တာျဖစ္ပါတယ္။

ေကာ္မတီဟာ ႐ုရွားကေန တင္သြင္းလာတဲ့ဆီေတြကို သိုေလွာင္ျဖန႔္ျဖဴးေရးအပိုင္းမွာ သက္ဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔ ညႇိႏွိုင္းေဆာင္ရြက္တာ၊ ေနာက္ သိုေလွာင္စက္သုံးဆီေတြကို တပ္၊ ဝန္ႀကီးဌာနေတြ၊ အဖြဲ႕အစည္းေတြကို ျဖန႔္ျဖဴးေပးနိုင္ေရးကိုလည္း ေဆာင္ရြက္ရမယ္လို႔ လုပ္ငန္းတာဝန္ေတြမွာ ေဖာ္ျပထားတာေတြ႕ရပါတယ္။

စစ္ေကာင္စီေျပာခြင့္ရသူကလည္း ျပည္ပကေန အရည္အေသြးရွိတဲ့စက္သုံးဆီေတြကို ဝယ္ယူနိုင္ေရး လုပ္ေဆာင္ေနတယ္လို႔ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းမွာပဲ ေျပာထားတာျဖစ္ပါတယ္။

ပုံစာ – ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္နဲ႔ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း ဥကၠ႒၊ စစ္ေထာက္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာကို ၂၀၁၇ ခုႏွစ္၊ ကန္သာယာေဆး႐ုံဖြင့္ပြဲမွာ အတူေတြ႕ရတာျဖစ္ပါတယ္။

Crd

Leave a Reply

Your email address will not be published.