ဘာကိုရွေးမလဲစကစ
ရုရှကဆီသင်းဘောတွေလာပြီ မကြာခင်ဆီစျေးတွေကျပြီး လိုသလောက်ဝယ်လို့ရပါပြီလို့ သတင်းတွေထုတ်နေပေမယ့် ပြန်မေးရမှာက ဘယ်နှစ်ရက်လဲဆိုတာပါ
ဆီကမရှားပါဘူး ဒေါ်လာပေးဝယ်မယ်ဆို ဝယ်လို့ရပါတယ် မရှိတာက ဒေါ်လာပါ FDI လုံးဝမရှိတော့တဲ့ အကျိုးဆက်ကို လက်တွေ့ခံရတာပါ ဗဟိုဘဏ်ကနည်းအမျိုးမျိုးနဲ့ အမိန့်စာတွေထုတ် ထိန်းပေမယ့် တစ်ကယ့်မြေပြင်စျေးကွက်မှာ ဒေါ်လာဟာဝယ်မရအောင် ဖြစ်ခဲ့ပါပြီ




ဒေါ်လာမရှိရင် inport ပစ္စည်းတွေအတွက်သာ ဒုက္ခရောက်မှာဖြစ်တယ် ပြည်တွင်းကုန်ပစ္စည်းတွေကတော့ ပုံမှန်လည်ပတ်လို့ရတယ်ဆိုတဲ့ တစ်ရာဖိုးသုံးဂေါင်းအတွေးအခေါ်က ဆန်စျေးထက်ဝက်ကျော်တက်သွားတာကို လိုက်မမှီတော့ပြန်ဘူ
းစက်သုံးဆီပြသနာကို ဆေးမြီးတိုနဲ့ကုနေလို့လဲ အဆင်မပြေနိုင်ပါဘူး စက်သုံးဆီတင်လားဆိုတော့ စားသုံးဆီလဲတစ်ပိဿတစ်သောင်းအထက်ဖြစ်သွားတာ ဘယ်လိုပြန်ချလို့ရမလဲ ဒေါ်စိန်အေးကျောင်းဆင်းရင် အကုန်သိ အကုန်တတ်တယ်ဆိုတဲ့ ရေဗူးပေါက်နဲ့ရေသောက်နေတဲ့ခပ်ပေါပေါကောင်တွေ လူတတ်ကြီးတွေလုပ်လိုက်တာ
မကြာခင်တိုင်းပြည်ဟာ Fail State တင်မကပဲ Deep State ဖြစ်လာပါတော့မယ်သိရိလင်္ကါလိုဖြစ်မှာလားဆိုတော့ ဖြစ်မှာမဟုတ်ဘူးဖြစ်နေတာလို့ပဲဆိုရပါမယ် သေနတ်နဲ့ချိန်ထားလို့ ငတ်နေတာကြိတ်မှိတ်ခံနေကြရတဲ့ ပြည်သူ့ဘဝတွေက သနားစရာပါပဲ ကြင်စိုးရိုက်ပေးတဲ့ငွေသာထွက်လာရင် ဒေါ်လာစျေးလေးထောင်ဖြစ်ပြီး ဆန်စျေးသုံးဆဖြစ်လာမှာ သေခြာနေပြန်တယ်




ဒီအခြေအနေကို စကစက တမင်သက်သက်ဖန်တီးနေတာ သူတို့လိုသလိုအုပ်ချုပ်လို့ရအောင်ဆိုတဲ့ အမြင်ရှိသူတွေရှိပါတယ် တစ်ကယ်တော့မဟုတ်ပါဘူး စကစအကျပ်အတည်းဖြစ်နေတာ အာဏာစသိမ်းထဲကပါ ဒါကိုအာဏာလက်မလွှတ်ပဲ မရအရဆုပ်ကိုင်ပြီး ရသလောက်အချိန်ဆွဲ အုပ်ချုပ်လာလို့ အခုအခြေအနေဖြစ်လာတာပါ
သူတို့ရည်ရွယ်ချက်က 2023 PR Election Road Map နဲ့တရားဝင်မူ့ယူပြီး သွားချင်တာပါ ပြည်တွင်းအခက်အခဲက အဲ့အချိန်ထိဖြေရှင်းလို့မရတော့ စကစအနေနဲ့အကျပ်အတည်းထဲရောက်သွားပါတယ်
ဒီအခြေအနေကိုဖြည်ဖို့အာဆမ်မူ ငါးချက်ထဲကသူတို့အာဏာကို မထိခိုက်မယ့်အချက်အချို့ကို လိုက်လျောပြီး 2023 Election ထိသွားမယ့်ပုံစံမှာရှိနေပါတယ်




နိုလင်းဟေဇာ အချိန်ကိုက်ရောက်လာပြီး စကစကသူ့ Road Map ကိုချပြပြီး ပြည်သူကိုလိမ်လည်ဖို့ကြိုးစားကြအုံးမှာပါ ဒီအတွက် နိုလင်းဟေဇာခရီးစဥ်ဟာ ပြည်သူ
အတွက်ဘာအကျိုးမှမရှိပဲ စကစအသက်ရူပေါက်ပေးတဲ့ပုံစံမျိုးပဲဖြစ်မှာပါ
အရင်ငြင်းဆန်နေတဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ နောက်တစ်ခေါက်ဆိုပေးတွေ့ပါ့မယ်လို့လဲ လိမ်ညာအုံးမှာပါ မင်းအောင်လိူင်တို့လုပ်ကွက်ကိုပြည်တွင်းက ပြည်သူတွေကသိနေပေမယ့် ပညာတတ်ပါတယ်ဆိုတဲ့ ကမ္ဘာနဲ့ချီတဲ့အဖွဲ့အစည်းတွေက လာအလိမ်အညာခံနေတာ ဘာအတွက်လဲဆိုတာ မေးခွန်း ထုတ်စရာဖြစ်လာပါတယ်
ပြည်တွင်းမှာလဲ စစ်ရေးအရှိန်ဟာမြင့်သထက်မြင့်လာသလို စကစရဲ့အကြမ်းဖက်အင်အားသုံးရက်စက်မူ့တွေကလဲ များပြားလာပါတယ် ဒါကို မြန်မာပြည်လာတဲ့ နိုလင်းဟေဇာ တားဆီးပေးနိုင်ပါ့မလား




UN တို့အာဆမ်တို့စကားကို စကစသာနားထောင်ရင် မြန်မာပြည်မှာအခုလိုအခြေအနေတွေဆက်ဖြစ်လာစရာမရှိပါဘူးမကြာခင်လဲ တစ်ပြည်လုံးအတိုင်းအတာအနေနဲ့ ဖြစ်လာမယ့် တော်လှန်စစ်ဟာ ပေါက်ကွဲလုစဲစဲပါပဲ အရင်ငြိမ်နေတဲ့ AA နဲ့မြောက်ပိုင်းအဖွဲ့တွေ NMSP တို့တောင် စစ်ပွဲထဲပါလာပါပြီ
KA KNPP KNDO KNU KNLA KIA CNF CDFPDF LDF UG တို့နဲ့ကလဲတိုက်နေတယ် ဒီအခြေအနေကိုကွက်ကွက်လေးအေးနေတဲ့ နေရာမှာနေပြီး တိုင်းပြည်အုပ်ချုပ်နေနိုင်ပါတယ်ဆိုတဲ့ စကစကို နိုလင်းဟေဇာတို့ဘယ်လို ထွက်ပေါက်ပေးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ
မြန်မာပြည်သူကလဲ အဆုံးထိရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးဖြစ်တာကြောင့် ဖြစ်လာမယ့် အဆိုးတွေကို ကျော်ဖြတ်ကာ စစ်အာဏာရှင် အမြစ်ဖြတ်အမြစ်လှန်ရေးသာ ဦးတည်ချက်ဖြစ်တာကြောင့် တော်လှန်ရေး နဲ့အတူ အဆုံးသတ်မှာပါ




အဲ့အခြေအနေအဖြစ်မခံနိုင်ရင် စကစကိုပဲ ဘာလုပ်မှာလဲလို့ ပြန်မေးရပါမယ် စကစဒူးမထောက်မချင်း တော်လှန်ရေးကဆက်ရှိနေမှာပါပဲ
ဘာလို့လဲဆိုတော့…..ကျွန်တော်တို့အကြိမ်ကြိမ်အသေမခံနိုင်တော့လို့ပါ
မုဆိုး လက်
crd