နာမည်ပျက်ရှိလို့ အလုပ်တွဲမလုပ်နိုင်ဘူးလို့ နောက်ကွယ်မှာပြောကြတယ်ဆိုတဲ့ သင်းသင်း

News

နာမည်ပျက်ရှိလို့ အလုပ်တွဲမလုပ်နိုင်ဘူးလို့ နောက်ကွယ်မှာပြောကြတယ်ဆိုတဲ့ သင်းသင်း

သင်းသင်းက အလှမယ် တစ်ဦး ဖြစ်သလို နောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်ပါလုပ်ကိုင်နေရင်း အနုပညာလုပ်ငန်းတွေကို ခပ်စိပ်စိပ်လုပ်ကိုင်ဖြစ်လာတာပဲဖြစ်ပါတယ်။

သင်းသင်း က “ခုနောက်ပိုင်းမှာ အလုပ်လေးတွေနည်းနည်းစိပ်လာတဲ့အပေါ်မှာ လုပ်ငန်းရှင်တွေပေါ်မှာလည်း အများကြီးမူတည်ပါတယ်..

သင်းဆိုရင်အရင်တုန်းတည်းက အများကြီးတိုက်ခိုက်ခံရတာတွေရှိတယ် …သင်းသင်းဆိုရင် ငှားစရာလား

သင်းသင်းက ဒါမျိုးနာမည်ပျက်ရှိတယ်ဆိုတဲ့ အသံတွေက သင်းနားမှာ အမြဲတမ်းကြားခဲ့ရတယ်.. ဒဲ့သာ လာမစော်ကားခဲ့တာပဲရှိတာ

ကြားထဲမှာ အလုပ်ကိုဖျက်တဲ့သူကများတယ် လက်တွဲခေါ်တဲ့သူကနည်းတယ်” လို့ သူမ ကြုံခဲ့ရတဲ့အခြေအနေကို ပြောပြခဲ့ပါတယ်။

သူမရဲ့ အလုပ်ရှင်တွေ ၊ပရိသတ်တွေနဲ့ ချစ်ပေးတဲ့သူတွေကိုလည်း “သင်းကိုထမင်းကျွေးနေတဲ့ ကျေးဇူးရှင်တွေပဲပေါ့ ..ခုနှစ်ရက်သားသမီးအတွက်

ရတဲ့ပိုက်ဆံထဲကနေပြီးတော့ သင်းကအတတ်နိုင်ဆုံး အလှုအတန်းလေးတွေ နောက်ပိုင်းကျရင် ပိုလုပ်သွားမှာပါရှင့်” လို့ ချစ်စဖွယ်ပြောကြားသွားခဲ့တာပါ။

ပရိသတ်ကြီးရော အလှုအတန်းရက်ရောပြီး ပရဟိတလုပ်ငန်းတွေဝါသနာပါတဲ့ သင်းသင်းကိုသဘောကျနှစ်ခြိုက်ရဲ့လားသင်းအတွက် ပြောချင်တဲ့စကားလေးတွေကို comment မှာ မျှဝေခဲ့ပါဦးနော်။

Crd

Unicode










Crd

Leave a Reply

Your email address will not be published.