တော်လှန်ရေးကြီးအောင်ဖို့ ကျည်ဖိုးတွေများများလှူပေးကြဖို့ တောင်းဆိုလိုက်တဲ့ သည်ခေတ်နေ

News

တော်လှန်ရေးကြီးအောင်ဖို့ ကျည်ဖိုးတွေများများလှူပေးကြဖို့ တောင်းဆိုလိုက်တဲ့ သည်ခေတ်နေ

ပရိသတ်ကြီး မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်တဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ သည်ခေတ်နေ ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်နော်။

MRTV-4 မှာထုတ်လွှင့်ပြသခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ” မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့သူလဲ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေကို အကောင်းဆုံးဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ သည်ခေတ်နေ ဟာ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရပါတယ်။

ဒါကြောင့်လဲ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ နှစ်ပေါင်းများစွာ တိမ်းရှောင်နေခဲ့ရပါတယ်။

ဒီလိုရှောင်တိမ်းခဲ့ပြီးနောက် လွတ်မြောက်နယ်မြေကနေတစ်ဆင့် နိုင်ငံရပ်ခြားကို ရောက်ရှိသွားခဲ့ပြီလဲ ဖြစ်ပါတယ်။

သည်ခေတ်နေ ဟာ နိုင်ငံခြားကနေ တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို ထမ်းဆောင်နေတာကိုလဲ တွေ့ရပါတယ်။

တော်လှန်ရေးအတွက် လိုအပ်နေတဲ့ ရန်ပုံငွေတွေကို အခြားသောအနုပညာရှင် ညီအစ်ကိုမောင်နှမတွေနဲ့အတူ ကြိုးစားရှာဖွေနေတာကိုလဲ တွေ့ရပါတယ်။

ဒါရိုက်တာ သည်ခေတ်နေ ကတော့ တော်လှန်ရေးကြီးအောင်နိုင်ဖို့ ကျည်ဖိုးများများလှူပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

” ကျည်ဆံကနေ ပန်းတွေပွင့်ဖို့ အာဏာရှင်ကို တိုက်ယူမှရမယ်။ အာဏာရှင်အမြစ်မပြုတ်သရွေ့ ကျွန်တော်တို့ မီးကုန်လို့လည်းမရဘူး ယမ်းကုန်လို့လည်းမဖြစ်ဘူး။

ကျွန်တော်တို့မှာ ကျည်တွေလိုပါတယ်။ ကျွန်တော်တို့အတွက် …ပြည်သူတွေ ကျည်ဆံတစ်တောင့်စီ ဖြစ်ပေးပါ။

ပန်းတွေပွင့်ဖို့ ကျည်ဆံတွေလိုအပ်ပါတယ်” လို့ သည်ခေတ်နေ ဟာ သူ့ရဲ့လူမှု့ကွန်ယက်‌ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

အချိန်တိုင်းဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Crd

Unicode

ေတာ္လွန္ေရးႀကီးေအာင္ဖို႔ က်ည္ဖိုးမ်ားမ်ားလႉေပးၾကဖို႔ ေတာင္းဆိုလိုက္တဲ့ သည္ေခတ္ေန

ပရိသတ္ႀကီး ျမန္မာ့႐ုပ္ရွင္ေလာကမွာ ေအာင္ျမင္တဲ့ ဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ သည္ေခတ္ေန ကိုေတာ့ ႐ုပ္ရွင္ခ်စ္ပရိသတ္တိုင္း သိၾကလိမ့္မယ္ထင္ပါတယ္ေနာ္။

MRTV-4 မွာထုတ္လႊင့္ျပသခဲ့တဲ့ နာမည္ႀကီးဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ ” မေန႔ကျဖစ္သည္” ဇာတ္လမ္းတြဲကို ႐ိုက္ကူးခဲ့သူလဲ ျဖစ္ပါတယ္။

႐ုပ္ရွင္ဇာတ္ကားေတြကို အေကာင္းဆုံးဖန္တီး႐ိုက္ကူးႏိုင္တဲ့ ဒါ႐ိုက္တာ သည္ေခတ္ေန ဟာ ပုဒ္မ ၅၀၅ က နဲ႔တရားစြဲဆိုခံထားရပါတယ္။

ဒါေၾကာင့္လဲ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမကို မိသားစုနဲ႔အတူ ႏွစ္ေပါင္းမ်ားစြာ တိမ္းေရွာင္ေနခဲ့ရပါတယ္။

ဒီလိုေရွာင္တိမ္းခဲ့ၿပီးေနာက္ လြတ္ေျမာက္နယ္ေျမကေနတစ္ဆင့္ ႏိုင္ငံရပ္ျခားကို ေရာက္ရွိသြားခဲ့ၿပီလဲ ျဖစ္ပါတယ္။

သည္ေခတ္ေန ဟာ ႏိုင္ငံျခားကေန ေတာ္လွန္ေရးအတြက္ က်ရာတာဝန္ေတြကို ထမ္းေဆာင္ေနတာကိုလဲ ေတြ႕ရပါတယ္။

ေတာ္လွန္ေရးအတြက္ လိုအပ္ေနတဲ့ ရန္ပုံေငြေတြကို အျခားေသာအႏုပညာရွင္ ညီအစ္ကိုေမာင္ႏွမေတြနဲ႔အတူ ႀကိဳးစားရွာေဖြေနတာကိုလဲ ေတြ႕ရပါတယ္။

ဒါ႐ိုက္တာ သည္ေခတ္ေန ကေတာ့ ေတာ္လွန္ေရးႀကီးေအာင္ႏိုင္ဖို႔ က်ည္ဖိုးမ်ားမ်ားလႉေပးၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

” က်ည္ဆံကေန ပန္းေတြပြင့္ဖို႔ အာဏာရွင္ကို တိုက္ယူမွရမယ္။ အာဏာရွင္အျမစ္မျပဳတ္သေ႐ြ႕ ကြၽန္ေတာ္တို႔ မီးကုန္လို႔လည္းမရဘူး ယမ္းကုန္လို႔လည္းမျဖစ္ဘူး။

ကြၽန္ေတာ္တို႔မွာ က်ည္ေတြလိုပါတယ္။ ကြၽန္ေတာ္တို႔အတြက္ …ျပည္သူေတြ က်ည္ဆံတစ္ေတာင့္စီ ျဖစ္ေပးပါ။

ပန္းေတြပြင့္ဖို႔ က်ည္ဆံေတြလိုအပ္ပါတယ္” လို႔ သည္ေခတ္ေန ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္‌ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။

အခ်ိန္တိုင္းဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

Crd

Leave a Reply

Your email address will not be published.