ေလွာင္ခ်ိဳင့္ထဲက ေတးသီငွက္ (သို႔မဟုတ္) ဂ်န္ဇီေခတ္ရဲ႕ အဆိုေတာ္ ပိုပို….
ျမန္မာႏိုင္ငံက အမ်ိဳးသမီး အဆိုေတာ္ေတြထဲမွာ ခံစားခ်က္အား ေကာင္းေကာင္းနဲ႔ သီခ်င္းေတြကို ကိုယ္တိုင္ေရး၊ ကိုယ္ပိုင္ဟန္နဲ႔ သီဆိုတတ္သူက အဆိုေတာ္ ပိုပိုပါ။ စကားေျပာရင္ ပြင့္ပြင့္လင္းလင္း ေျပာတတ္ၿပီး ရယ္လိုက္ရင္လည္း ဘြင္းဘြင္းရွင္းရွင္းနဲ႔ အၿပဳံးခ်ိဳခ်ိဳ ရယ္တတ္တဲ့ ပိုပိုက စစ္အာဏာသိမ္းမႈကို ဆန႔္က်င္မႈေၾကာင့္ အင္းစိန္ေထာင္ထဲ ေရာက္ရွိေနတာ အခ်ိန္ တႏွစ္ေက်ာ္ ၾကာသြားပါၿပီ။




ၿပီးခဲ့တဲ့ မတ္လ ၂ ရက္ေန႔က ပုဒ္မ ၅၀၅-က နဲ႔ ေထာင္ခ်ခံထားရတဲ့ အႏုပညာရွင္ အခ်ိဳ႕ကို စစ္ေကာင္စီက လြတ္ၿငိမ္းနဲ႔ လႊတ္ေပးခဲ့ေပမယ့္ မလြတ္ေျမာက္ေသးတဲ့ အႏုပညာရွင္ေတြထဲမွာ အဆိုေတာ္ ပိုပိုလည္း တဦး အပါအဝင္ပါ။ အဆိုေတာ္ ပိုပိုကို စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ ပါဝင္တာေၾကာင့္လို႔ဆိုၿပီး ၂၀၂၁ ခုႏွစ္၊ ဧၿပီ ၁၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ သူ႔ရဲ႕ ေနအိမ္မွာ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြ လာေရာက္ ဖမ္းဆီးခဲ့ပါတယ္။
“သတၱိရွိတယ္”၊ “ရဲရင့္ ျပတ္သားတယ္” လို႔ အမ်ားက မွတ္ခ်က္ျပဳၾကတဲ့ ပိုပိုဟာ ဖမ္းဆီးခံရစဥ္ မ်က္ႏွာ တခ်က္မမဲ့ဘဲ သူ႔ရဲ႕ ရဲရင့္တဲ့ အၿပဳံးနဲ႔ အဖမ္းခံခဲ့တာပါ။ အဲဒီတုန္းက ဆိုရွယ္မီဒီယာမွာ ပိုပိုရဲ႕ အၿပဳံးကို အလွဆုံးလို႔ လူမႈကြန္ရက္ အသုံးျပဳသူေတြက ခ်ီးက်ဴးေထာမနာျပဳ ေရးသားခဲ့ၾကပါတယ္။




ပိုပိုရဲ႕ ဘဝျဖတ္သန္းမႈ
*******************
ငယ္စဥ္ကတည္းက အဘြားျဖစ္သူနဲ႔ ႀကီးျပင္းခဲ့ရတဲ့ အဆိုေတာ္ ပိုပိုက မိသားစုကံ မေကာင္းေပမယ့္ ဘဝကို ႀကံ့ႀကံ့ခံ ႐ုန္းကန္ရပ္တည္ ေက်ာ္ျဖတ္ခဲ့ၿပီး သူကိုယ္တိုင္ ရင္ထဲမွာ စိတ္ဒဏ္ရာေတြ ရွိေနေပမယ့္လည္း အျခားသူေတြကို စိတ္ဓာတ္မက်ေအာင္ ခြန္အားေပးတဲ့ သီခ်င္းေတြ ေရးသား သီဆိုခဲ့သူပါ။ အဆိုေတာ္ ပိုပိုကိုယ္တိုင္ သူ႔ဘဝအေၾကာင္း ေရးသား သီဆိုထားတဲ့ “မိဘမဲ့” ဆိုတဲ့ သီခ်င္းက သူ႔ဘဝကို ထင္ဟပ္ေစၿပီး၊ ပရိသတ္ေတြရဲ႕ ရင္ထဲကို ကိုယ္ခ်င္းစာစိတ္ ကူးစက္ေစခဲ့ပါတယ္။




“ေလမုန္တိုင္းေတြ တိုက္တဲ့အခါ … ဘယ္ရင္ခြင္မွာ ခိုနားမလဲ… ကိုယ္ထူကိုယ္ထ ကိုယ့္တေယာက္တည္းသာ … အသက္ရွင္ေနရင္းနဲ႔” အဲဒီသီခ်င္းကို ခံစားခ်က္ မုဒ္ ေကာင္းေကာင္းနဲ႔ သီဆိုခဲ့တာေၾကာင့္ ဒီသီခ်င္းကို ၾကားရသူတိုင္းက ပိုပိုရဲ႕ ရင္ထဲက ဝမ္းနည္းမႈေတြကို မွ်ေဝခံစားမိၾကမွာပါ။ ပိုပိုက အဘြားဆုံးၿပီးေနာက္ ဘဝကို တေယာက္တည္း ရပ္တည္ခဲ့ေပမယ့္ အေကာင္းဆုံး ေက်ာ္ျဖတ္ခဲ့သလို ျမန္မာႏိုင္ငံက ထင္ရွားတဲ့ အမ်ိဳးသမီး အဆိုေတာ္ေတြထဲက တဦးအျဖစ္ အသိအမွတ္ ျပဳခံရသူလည္း ျဖစ္ပါတယ္။
“ပိုပိုက Broken Family ကေန ေမြးဖြားလာသူ ဆိုေပမယ့္ အဲ့လို မထင္ရဘူး။ အရမ္း စိတ္ဓာတ္ ျမႇင့္တင္ႏိုင္တယ္။ သူမ်ားကိုလည္း သူက စိတ္ခြန္အားေပးတယ္။ သူ႔ကို တကယ္ေလးစားတယ္” လို႔ ပိုပိုရဲ႕ မိတ္ေဆြ အဆိုေတာ္တဦးက မွတ္ခ်က္ျပဳပါတယ္။ ပိုပိုက အႏုပညာအလုပ္ေတြမွာလည္း ႐ူး႐ူးသြပ္သြပ္ လုပ္ကိုင္ ဖန္တီးတတ္သူျဖစ္ၿပီး၊ လမ္းသြားေနရင္း ေရာက္တဲ့ေနရာမွာ အေတြးရရင္ ရသလို သီခ်င္းေရးသားတတ္တယ္လို႔ သူက ဆိုပါတယ္။




“ရႈိးပြဲတခုမွာ လမ္းသြားရင္း သူအိုင္ဒီယာ ရရင္ သီခ်င္းေရးတယ္။ ေရးရင္းနဲ႔ ဂစ္တာ မပါရင္ လမ္းမွာ ေတြ႕တဲ့ ေနရာ ဂစ္တာငွားၿပီး ခ်က္ခ်င္း ထေရးတယ္။ ဆုံးျဖတ္ခ်က္ ျမန္တယ္။ စိတ္ျမန္လက္ျမန္ အလုပ္လုပ္တယ္။ ရဲရင့္ ျပတ္သားတယ္” လို႔ ပိုပိုရဲ႕ မိတ္ေဆြ အဆိုေတာ္က ေျပာပါတယ္။ ဂီတအေပၚ က်ရႈံးမႈေတြ ဘယ္ေလာက္ရွိရွိ အရႈံးမေပးဘဲ ပိုပိုက သူလိုခ်င္တဲ့ ပန္းတိုင္ ေရာက္တဲ့အထိ အစြမ္းကုန္ ႀကိဳးစားေလ့ရွိတယ္လို႔လည္း ပိုပိုရဲ႕ မိတ္ေဆြေတြက မွတ္ခ်က္ျပဳပါတယ္။
ပိုပိုရဲ႕ ဂီတမွတ္တိုင္မ်ား
*********************
ဆယ္တန္းေအာင္ၿပီးကတည္းက ဂစ္တာတီး၊ သီခ်င္းဆိုခဲ့တဲ့ အဆိုေတာ္ ပိုပိုက ၂၀၀၆ ခုႏွစ္မွာ အႏုပညာ အလုပ္ေတြ စလုပ္ဖို႔ ေျခလွမ္း စျပင္ေနပါၿပီ။ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ ခုႏွစ္ေတြမွာ ဂီတၿပိဳင္ပြဲေတြ ဝင္ၿပိဳင္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ေသာ္လည္း ဇြဲမေလွ်ာ့ခဲ့ပါဘူး။ ပိုပိုက Underground မွာလည္း အခ်ိန္အေတာ္ၾကာ သီခ်င္းေတြ ဖန္တီးသီဆိုခဲ့ၿပီး သူ႔ရဲ႕ မဆုတ္မနစ္ ႀကိဳးစားမႈေၾကာင့္ “ခ်စ္ဖူးခဲ့သမွ်” ဆိုတဲ့ ပထမဆုံး တကိုယ္ေတာ္ Album ကို ၂၀၁၂ ခုႏွစ္မွာ ထုတ္ေဝႏိုင္ခဲ့ပါတယ္။
“ခ်စ္ဖူးခဲ့သမွ် … ေနာင္တမရပါ” အဲဒီသီခ်င္းစာသားဟာ အင္တာနက္ေပၚမွာေရာ ေက်းလက္ ေတာ႐ြာ ၿမိဳ႕ပါမက်န္ ပရိသတ္ေတြၾကားမွာ “ပိုပို” လို႔ နာမည္တြင္ေစခဲ့တဲ့ သီခ်င္းတပုဒ္ပါ။




အဲဒီ အခ်ိန္ေတြတုန္းက ပိုပိုရဲ႕ သီခ်င္းေတြဟာ ေရဒီယိုေတြမွာ ေတာင္းဆိုမႈ အမ်ားဆုံး၊ ေပၚျပဴလာ အျဖစ္ဆုံးနဲ႔ အင္တာနက္ ဆိုရွယ္မီဒီယာမွာလည္း ေရပန္းအစားဆုံး သီခ်င္းေတြထဲမွာ ထိပ္တန္းကေန ပါဝင္ခဲ့ပါတယ္။အဲဒီေနာက္မွာေတာ့ ပိုပိုဟာ ၂၀၁၅ မွာ “အလြမ္းသီခ်င္းႀကိဳက္တဲ့ ေရဒီယို”၊ ၂၀၁၆ မွာ “သၾကၤန္ဆုေတာင္း”၊ ၂၀၁၇ မွာ “Master Piece” အေခြနဲ႔ ၂၀၁၉ မွာ “Made in Heart” ဆိုတဲ့ တကိုယ္ေတာ္အေခြေတြကို ဆက္တိုက္ ထုတ္လာႏိုင္ခဲ့ပါတယ္။
သီခ်င္းအမ်ားစုကို ကိုယ္တိုင္ေရး၊ ကိုယ္တိုင္သီဆိုတဲ့ အဆိုေတာ္ ပိုပိုက အျခား အဆိုေတာ္ေတြနဲ႔လည္း အတြဲေခြေပါင္းမ်ားစြာမွာ ပါဝင္ သီဆိုခဲ့သလို၊ အျခား တက္သစ္စ အႏုပညာရွင္ေတြ၊ အဆိုရွင္ေတြကိုလည္း လက္တြဲ ေခၚယူေလ့ရွိပါတယ္။
ပိုပို ကိုယ္တိုင္ ေရးၿပီး ပိုပိုနဲ႔ အဇဋာၾကည္ျဖဴ၊ ႐ြယ္႐ြယ္တို႔ သီဆိုထားတဲ့ “ေ႐ႊေရာင္ အနာဂတ္” သီခ်င္း၊ ေဆာင္းဦးလႈိင္ ေရးၿပီး အဆိုေတာ္ R ဇာနည္၊ ဟဲေလး၊ နီနီခင္ေဇာ္၊ ပိုပိုနဲ႔ ငဲငယ္ေလးတို႔ သီဆိုခဲ့တဲ့ “မငိုပါနဲ႔” သီခ်င္းတို႔က စိတ္ခြန္အားေပးတဲ့ သီခ်င္းေတြအျဖစ္ ထိရွၿပီး လူႀကိဳက္မ်ားပါတယ္။




ပိုပိုရဲ႕ ဂီတအေပၚ ႐ူးသြပ္မႈကိုလည္း သူ႔ရဲ႕ မိတ္ေဆြ အႏုပညာရွင္တဦးက အခုလိုပဲ မွတ္ခ်က္ျပဳပါတယ္။
“ပိုပိုက ဂီတကို ေတာ္ေတာ္ ႐ူးသြပ္တယ္။ သူက သီခ်င္းတပုဒ္ကို နားအူတဲ့အထိ နားေထာင္တယ္။ ေလ့က်င့္တယ္။ စိတ္တိုင္းမက်မခ်င္း၊ သူ႔ပုံစံ မေပၚမခ်င္း၊ မရရေအာင္ ဆိုတယ္။ သူ႔စိတ္မွာ သိေနတဲ့ ပုံစံမ်ိဳး၊ တခုခု ျဖစ္ေအာင္ လုပ္တယ္” လို႔ ပိုပိုနဲ႔ သီခ်င္းေတြ သီဆိုခဲ့တဲ့ အဆိုေတာ္တဦးက ေျပာပါတယ္။ “ပိုပိုက မိန္းကေလး အဆိုရွင္ေတြထဲမွာ ရွားတယ္။ သူက ေရးတာေရာ ဆိုတာေရာ ပိုင္ႏိုင္တယ္” လို႔ သူက မွတ္ခ်က္ ျပဳပါတယ္။
ပိုပိုရဲ႕ ဝါသနာနဲ႔ ႀကိဳးစားမႈ
*************************
တက္တူးထိုးရတာ ဝါသနာပါတဲ့ ပိုပိုက ဆယ္ေက်ာ္သက္ အ႐ြယ္ကတည္းက တက္တူး စထိုးခဲ့ၿပီး ျမန္မာႏိုင္ငံမွာ တက္တူးထိုးတဲ့ မိန္းကေလးေတြကို အျမင္က်ဥ္းေျမာင္းစဥ္ ေခတ္ကတည္းက ေဝဖန္ ေျပာဆိုမႈေတြၾကားမွာ သူယုံၾကည္ရာကိုပဲ ရဲရဲရင့္ရင့္ လုပ္ခဲ့ၿပီး ဂီတကိုသာ တစိုက္မတ္မတ္ ႀကိဳးစားခဲ့တာပါ။ ပိုပိုက သူ႔ဘဝအတြက္ အေရးပါတဲ့အရာေတြကို တက္တူးအျဖစ္ မွတ္တမ္းတင္ထားၿပီး သူ႔စီးရီး အေခြနာမည္ေတြကိုပါ တက္တူးအေနနဲ႔ မွတ္တမ္းတင္ ထိုးတဲ့အထိ ဂီတကို ႐ူးသြပ္သူပါ။




“ပိုပိုက တက္တူးထိုးရတာ ႀကိဳက္တယ္။ ဟိုးအရင္ကတည္းက ဝါသနာပါတယ္။ ငယ္ငယ္တုန္းက အရမ္းႀကိဳက္လို႔ နာလို႔ နာမွန္း မသိဘူး။ ႀကီးလာေတာ့ မထိုးခ်င္ေတာ့ဘူးတဲ့။ တခ်ိဳ႕ကလည္း တက္တူးနဲ႔မို႔ သူ႔ကို အျမင္တမ်ိဳး ျမင္တာေတြလည္း ရွိတယ္။ သူ႔စိတ္က ေယာက်ာ္း ဆန္တယ္ ဆိုေပမယ့္ အတြင္းစိတ္က အၿငိမ္ပဲ၊ ေအးခ်မ္းတယ္” လို႔ ပိုပိုရဲ႕ မိတ္ေဆြက မွတ္ခ်က္ျပဳပါတယ္။
ပိုပိုက ဖက္ရွင္ပိုင္းမွာလည္း အၿမဲတမ္း ေလ့လာ ဆန္းသစ္ေလ့ရွိၿပီး သူ႔ရဲ႕ တကိုယ္ေတာ္ ရႈိးပြဲေတြမွာဆို ပါေဖာမန႔္စ္ မထပ္ေအာင္ အစြမ္းကုန္ ႀကိဳးစား ေဖ်ာ္ေျဖေလ့ရွိပါတယ္။ သူ႔ရဲ႕ ေဖ်ာ္ေျဖပြဲေတြကိုလည္း လူအမ်ား တတ္ႏိုင္ေအာင္ ေဈးႏႈန္း သက္သက္သာသာနဲ႔ ၾကည့္ခြင့္ရေအာင္ ေရာင္းခ်ခဲ့သူပါ။




အင္းစိန္ေထာင္ထဲက ပိုပို႔ ေမြးေန႔
******************************
အင္းစိန္ေထာင္တြင္းမွာ ေရာက္ရွိေနတာ တႏွစ္ေက်ာ္ ၾကာသြားၿပီျဖစ္တဲ့ ပိုပို ေမလ ၁၆ ရက္ေန႔မွာ ေထာင္ထဲက သူ႔ရဲ႕ ဒုတိယေျမာက္ ေမြးေန႔ အသက္ ၃၂ ႏွစ္ျပည့္ကို ျဖတ္သန္းရေတာ့မွာပါ။ၿပီးခဲ့တဲ့ႏွစ္ကလည္း ဧၿပီလထဲမွာ ဖမ္းဆီးခံခဲ့ရတာေၾကာင့္ အသက္ ၃၁ ႏွစ္ျပည့္ေမြးေန႔ကို ပိုပိုက အင္းစိန္ေထာင္တြင္းမွာသာ ျဖတ္သန္းခဲ့ရတာပါ။ လက္ရွိမွာေတာ့ ေထာင္ထဲမွာ ပိုပိုရဲ႕ က်န္းမာေရးက ေကာင္းမြန္တယ္လို႔ သိရၿပီး တခါတရံ ခါးနာတတ္တာကလြဲလို႔ ႀကီးႀကီးမားမား ေနမေကာင္းျဖစ္တာမ်ိဳး မရွိဘူးလို႔ သူနဲ႔ နီးစပ္သူေတြထံက သိရပါတယ္။
ပိုပိုကို ခ်စ္ခင္ ဂ႐ုစိုက္ေပးၾကတဲ့ သူ႔မိတ္ေဆြ ရင္းႏွီးသူေတြကေတာ့ တပတ္တႀကိမ္ သို႔မဟုတ္ ႏွစ္ပတ္တႀကိမ္ခန႔္ ပိုပို ႀကိဳက္တတ္တဲ့ အစားအစာေတြနဲ႔ သူလိုအပ္တာေတြကို ေထာင္ဝင္စာ ပို႔ေပးျဖစ္တယ္လို႔ သိရပါတယ္။ “သူေနေကာင္း က်န္းမာတယ္ ၾကားတယ္။ အထဲမွာ ေနရထိုင္ရတာ အဆင္ေျပတယ္ ၾကားတယ္” လို႔ ပိုပိုနဲ႔ ရင္းႏွီးသူ မိတ္ေဆြတဦးက ေျပာပါတယ္။ “အရမ္းသတိရတယ္။ အခုဆို သူ႔ ေမြးေန႔၊ ေမြးလ ဆို ပိုၿပီး လြမ္းမိတယ္” လို႔လည္း သူက ရင္ဖြင့္ပါတယ္။




အရင္ကတည္းက ပရဟိတအလုပ္ေတြ လုပ္ကိုင္တတ္တဲ့ အဆိုေတာ္ ပိုပိုက ေထာင္ထဲမွာလည္း အတူေနတဲ့ အေဖာ္ေတြကို စားစရာအခ်ိဳ႕၊ မုန႔္နဲ႔ အေအးေတြ၊ အသီးေတြ မွ်ေဝ စားေလ့ ရွိတယ္လို႔ ပိုပိုနဲ႔ ရင္းႏွီးသူေတြ ေျပာျပခ်က္အရ သိရပါတယ္။
ပိုပိုရဲ႕ မိတ္ေဆြေတြ၊ အႏုပညာ ေမာင္ႏွမေတြနဲ႔ သူ႔ကို ခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြက ပိုပို ျပန္လြတ္လာမယ့္ေန႔ကို ေစာင့္ေမွ်ာ္ေနၾကပါတယ္။ စိတ္ဓာတ္ ႀကံ့ခိုင္တဲ့ ပိုပိုကေတာ့ ေထာင္နံရံေတြၾကားက ေရာက္တဲ့ေနရာမွာ အားမေလွ်ာ့ဘဲ သူခ်စ္တဲ့ ပရိသတ္ေတြကိုသာ က်န္းမာေရး ဂ႐ုစိုက္ဖို႔ သတိတရ မွာေနပါေသးတယ္။
ပိုပို႔ကို ခ်စ္ခင္တဲ့ မိတ္ေဆြ တဦးကေတာ့ ပိုပို႔အတြက္ ရည္မွန္းၿပီး ငွက္ေလးေတြ၊ ငါးေလးေတြ ကုသိုလ္ျပဳ လႊတ္တဲ့အခါတိုင္း “ပိုပို အျမန္ဆုံး ျပန္လြတ္ပါေစ” လို႔ ဆုေတာင္းေပးေနတယ္လို႔ ဆိုပါတယ္။
Credit
UNICODE
လှောင်ချိုင့်ထဲက တေးသီငှက် (သို့မဟုတ်) ဂျန်ဇီခေတ်ရဲ့ အဆိုတော် ပိုပို….
မြန်မာနိုင်ငံက အမျိုးသမီး အဆိုတော်တွေထဲမှာ ခံစားချက်အား ကောင်းကောင်းနဲ့ သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်ပိုင်ဟန်နဲ့ သီဆိုတတ်သူက အဆိုတော် ပိုပိုပါ။ စကားပြောရင် ပွင့်ပွင့်လင်းလင်း ပြောတတ်ပြီး ရယ်လိုက်ရင်လည်း ဘွင်းဘွင်းရှင်းရှင်းနဲ့ အပြုံးချိုချို ရယ်တတ်တဲ့ ပိုပိုက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် အင်းစိန်ထောင်ထဲ ရောက်ရှိနေတာ အချိန် တနှစ်ကျော် ကြာသွားပါပြီ။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ပုဒ်မ ၅၀၅-က နဲ့ ထောင်ချခံထားရတဲ့ အနုပညာရှင် အချို့ကို စစ်ကောင်စီက လွတ်ငြိမ်းနဲ့ လွှတ်ပေးခဲ့ပေမယ့် မလွတ်မြောက်သေးတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ပိုပိုလည်း တဦး အပါအဝင်ပါ။ အဆိုတော် ပိုပိုကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်တာကြောင့်လို့ဆိုပြီး ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ သူ့ရဲ့ နေအိမ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လာရောက် ဖမ်းဆီးခဲ့ပါတယ်။




“သတ္တိရှိတယ်”၊ “ရဲရင့် ပြတ်သားတယ်” လို့ အများက မှတ်ချက်ပြုကြတဲ့ ပိုပိုဟာ ဖမ်းဆီးခံရစဉ် မျက်နှာ တချက်မမဲ့ဘဲ သူ့ရဲ့ ရဲရင့်တဲ့ အပြုံးနဲ့ အဖမ်းခံခဲ့တာပါ။ အဲဒီတုန်းက ဆိုရှယ်မီဒီယာမှာ ပိုပိုရဲ့ အပြုံးကို အလှဆုံးလို့ လူမှုကွန်ရက် အသုံးပြုသူတွေက ချီးကျူးထောမနာပြု ရေးသားခဲ့ကြပါတယ်။
ပိုပိုရဲ့ ဘဝဖြတ်သန်းမှု
*******************
ငယ်စဉ်ကတည်းက အဘွားဖြစ်သူနဲ့ ကြီးပြင်းခဲ့ရတဲ့ အဆိုတော် ပိုပိုက မိသားစုကံ မကောင်းပေမယ့် ဘဝကို ကြံ့ကြံ့ခံ ရုန်းကန်ရပ်တည် ကျော်ဖြတ်ခဲ့ပြီး သူကိုယ်တိုင် ရင်ထဲမှာ စိတ်ဒဏ်ရာတွေ ရှိနေပေမယ့်လည်း အခြားသူတွေကို စိတ်ဓာတ်မကျအောင် ခွန်အားပေးတဲ့ သီချင်းတွေ ရေးသား သီဆိုခဲ့သူပါ။ အဆိုတော် ပိုပိုကိုယ်တိုင် သူ့ဘဝအကြောင်း ရေးသား သီဆိုထားတဲ့ “မိဘမဲ့” ဆိုတဲ့ သီချင်းက သူ့ဘဝကို ထင်ဟပ်စေပြီး၊ ပရိသတ်တွေရဲ့ ရင်ထဲကို ကိုယ်ချင်းစာစိတ် ကူးစက်စေခဲ့ပါတယ်။




“လေမုန်တိုင်းတွေ တိုက်တဲ့အခါ … ဘယ်ရင်ခွင်မှာ ခိုနားမလဲ… ကိုယ်ထူကိုယ်ထ ကိုယ့်တယောက်တည်းသာ … အသက်ရှင်နေရင်းနဲ့” အဲဒီသီချင်းကို ခံစားချက် မုဒ် ကောင်းကောင်းနဲ့ သီဆိုခဲ့တာကြောင့် ဒီသီချင်းကို ကြားရသူတိုင်းက ပိုပိုရဲ့ ရင်ထဲက ဝမ်းနည်းမှုတွေကို မျှဝေခံစားမိကြမှာပါ။ ပိုပိုက အဘွားဆုံးပြီးနောက် ဘဝကို တယောက်တည်း ရပ်တည်ခဲ့ပေမယ့် အကောင်းဆုံး ကျော်ဖြတ်ခဲ့သလို မြန်မာနိုင်ငံက ထင်ရှားတဲ့ အမျိုးသမီး အဆိုတော်တွေထဲက တဦးအဖြစ် အသိအမှတ် ပြုခံရသူလည်း ဖြစ်ပါတယ်။
“ပိုပိုက Broken Family ကနေ မွေးဖွားလာသူ ဆိုပေမယ့် အဲ့လို မထင်ရဘူး။ အရမ်း စိတ်ဓာတ် မြှင့်တင်နိုင်တယ်။ သူများကိုလည်း သူက စိတ်ခွန်အားပေးတယ်။ သူ့ကို တကယ်လေးစားတယ်” လို့ ပိုပိုရဲ့ မိတ်ဆွေ အဆိုတော်တဦးက မှတ်ချက်ပြုပါတယ်။ ပိုပိုက အနုပညာအလုပ်တွေမှာလည်း ရူးရူးသွပ်သွပ် လုပ်ကိုင် ဖန်တီးတတ်သူဖြစ်ပြီး၊ လမ်းသွားနေရင်း ရောက်တဲ့နေရာမှာ အတွေးရရင် ရသလို သီချင်းရေးသားတတ်တယ်လို့ သူက ဆိုပါတယ်။




“ရှိုးပွဲတခုမှာ လမ်းသွားရင်း သူအိုင်ဒီယာ ရရင် သီချင်းရေးတယ်။ ရေးရင်းနဲ့ ဂစ်တာ မပါရင် လမ်းမှာ တွေ့တဲ့ နေရာ ဂစ်တာငှားပြီး ချက်ချင်း ထရေးတယ်။ ဆုံးဖြတ်ချက် မြန်တယ်။ စိတ်မြန်လက်မြန် အလုပ်လုပ်တယ်။ ရဲရင့် ပြတ်သားတယ်” လို့ ပိုပိုရဲ့ မိတ်ဆွေ အဆိုတော်က ပြောပါတယ်။ ဂီတအပေါ် ကျရှုံးမှုတွေ ဘယ်လောက်ရှိရှိ အရှုံးမပေးဘဲ ပိုပိုက သူလိုချင်တဲ့ ပန်းတိုင် ရောက်တဲ့အထိ အစွမ်းကုန် ကြိုးစားလေ့ရှိတယ်လို့လည်း ပိုပိုရဲ့ မိတ်ဆွေတွေက မှတ်ချက်ပြုပါတယ်။
ပိုပိုရဲ့ ဂီတမှတ်တိုင်များ
*********************
ဆယ်တန်းအောင်ပြီးကတည်းက ဂစ်တာတီး၊ သီချင်းဆိုခဲ့တဲ့ အဆိုတော် ပိုပိုက ၂၀၀၆ ခုနှစ်မှာ အနုပညာ အလုပ်တွေ စလုပ်ဖို့ ခြေလှမ်း စပြင်နေပါပြီ။ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ ခုနှစ်တွေမှာ ဂီတပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ပေမယ့် မအောင်မြင်ခဲ့သော်လည်း ဇွဲမလျှော့ခဲ့ပါဘူး။ ပိုပိုက Underground မှာလည်း အချိန်အတော်ကြာ သီချင်းတွေ ဖန်တီးသီဆိုခဲ့ပြီး သူ့ရဲ့ မဆုတ်မနစ် ကြိုးစားမှုကြောင့် “ချစ်ဖူးခဲ့သမျှ” ဆိုတဲ့ ပထမဆုံး တကိုယ်တော် Album ကို ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေနိုင်ခဲ့ပါတယ်။
“ချစ်ဖူးခဲ့သမျှ … နောင်တမရပါ” အဲဒီသီချင်းစာသားဟာ အင်တာနက်ပေါ်မှာရော ကျေးလက် တောရွာ မြို့ပါမကျန် ပရိသတ်တွေကြားမှာ “ပိုပို” လို့ နာမည်တွင်စေခဲ့တဲ့ သီချင်းတပုဒ်ပါ။
အဲဒီ အချိန်တွေတုန်းက ပိုပိုရဲ့ သီချင်းတွေဟာ ရေဒီယိုတွေမှာ တောင်းဆိုမှု အများဆုံး၊ ပေါ်ပြူလာ အဖြစ်ဆုံးနဲ့ အင်တာနက် ဆိုရှယ်မီဒီယာမှာလည်း ရေပန်းအစားဆုံး သီချင်းတွေထဲမှာ ထိပ်တန်းကနေ ပါဝင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ပိုပိုဟာ ၂၀၁၅ မှာ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို”၊ ၂၀၁၆ မှာ “သင်္ကြန်ဆုတောင်း”၊ ၂၀၁၇ မှာ “Master Piece” အခွေနဲ့ ၂၀၁၉ မှာ “Made in Heart” ဆိုတဲ့ တကိုယ်တော်အခွေတွေကို ဆက်တိုက် ထုတ်လာနိုင်ခဲ့ပါတယ်။




သီချင်းအများစုကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုတဲ့ အဆိုတော် ပိုပိုက အခြား အဆိုတော်တွေနဲ့လည်း အတွဲခွေပေါင်းများစွာမှာ ပါဝင် သီဆိုခဲ့သလို၊ အခြား တက်သစ်စ အနုပညာရှင်တွေ၊ အဆိုရှင်တွေကိုလည်း လက်တွဲ ခေါ်ယူလေ့ရှိပါတယ်။
ပိုပို ကိုယ်တိုင် ရေးပြီး ပိုပိုနဲ့ အဇဋာကြည်ဖြူ၊ ရွယ်ရွယ်တို့ သီဆိုထားတဲ့ “ရွှေရောင် အနာဂတ်” သီချင်း၊ ဆောင်းဦးလှိုင် ရေးပြီး အဆိုတော် R ဇာနည်၊ ဟဲလေး၊ နီနီခင်ဇော်၊ ပိုပိုနဲ့ ငဲငယ်လေးတို့ သီဆိုခဲ့တဲ့ “မငိုပါနဲ့” သီချင်းတို့က စိတ်ခွန်အားပေးတဲ့ သီချင်းတွေအဖြစ် ထိရှပြီး လူကြိုက်များပါတယ်။
ပိုပိုရဲ့ ဂီတအပေါ် ရူးသွပ်မှုကိုလည်း သူ့ရဲ့ မိတ်ဆွေ အနုပညာရှင်တဦးက အခုလိုပဲ မှတ်ချက်ပြုပါတယ်။
“ပိုပိုက ဂီတကို တော်တော် ရူးသွပ်တယ်။ သူက သီချင်းတပုဒ်ကို နားအူတဲ့အထိ နားထောင်တယ်။ လေ့ကျင့်တယ်။ စိတ်တိုင်းမကျမချင်း၊ သူ့ပုံစံ မပေါ်မချင်း၊ မရရအောင် ဆိုတယ်။ သူ့စိတ်မှာ သိနေတဲ့ ပုံစံမျိုး၊ တခုခု ဖြစ်အောင် လုပ်တယ်” လို့ ပိုပိုနဲ့ သီချင်းတွေ သီဆိုခဲ့တဲ့ အဆိုတော်တဦးက ပြောပါတယ်။ “ပိုပိုက မိန်းကလေး အဆိုရှင်တွေထဲမှာ ရှားတယ်။ သူက ရေးတာရော ဆိုတာရော ပိုင်နိုင်တယ်” လို့ သူက မှတ်ချက် ပြုပါတယ်။




ပိုပိုရဲ့ ဝါသနာနဲ့ ကြိုးစားမှု
*************************
တက်တူးထိုးရတာ ဝါသနာပါတဲ့ ပိုပိုက ဆယ်ကျော်သက် အရွယ်ကတည်းက တက်တူး စထိုးခဲ့ပြီး မြန်မာနိုင်ငံမှာ တက်တူးထိုးတဲ့ မိန်းကလေးတွေကို အမြင်ကျဉ်းမြောင်းစဉ် ခေတ်ကတည်းက ဝေဖန် ပြောဆိုမှုတွေကြားမှာ သူယုံကြည်ရာကိုပဲ ရဲရဲရင့်ရင့် လုပ်ခဲ့ပြီး ဂီတကိုသာ တစိုက်မတ်မတ် ကြိုးစားခဲ့တာပါ။ ပိုပိုက သူ့ဘဝအတွက် အရေးပါတဲ့အရာတွေကို တက်တူးအဖြစ် မှတ်တမ်းတင်ထားပြီး သူ့စီးရီး အခွေနာမည်တွေကိုပါ တက်တူးအနေနဲ့ မှတ်တမ်းတင် ထိုးတဲ့အထိ ဂီတကို ရူးသွပ်သူပါ။
“ပိုပိုက တက်တူးထိုးရတာ ကြိုက်တယ်။ ဟိုးအရင်ကတည်းက ဝါသနာပါတယ်။ ငယ်ငယ်တုန်းက အရမ်းကြိုက်လို့ နာလို့ နာမှန်း မသိဘူး။ ကြီးလာတော့ မထိုးချင်တော့ဘူးတဲ့။ တချို့ကလည်း တက်တူးနဲ့မို့ သူ့ကို အမြင်တမျိုး မြင်တာတွေလည်း ရှိတယ်။ သူ့စိတ်က ယောကျာ်း ဆန်တယ် ဆိုပေမယ့် အတွင်းစိတ်က အငြိမ်ပဲ၊ အေးချမ်းတယ်” လို့ ပိုပိုရဲ့ မိတ်ဆွေက မှတ်ချက်ပြုပါတယ်။




ပိုပိုက ဖက်ရှင်ပိုင်းမှာလည်း အမြဲတမ်း လေ့လာ ဆန်းသစ်လေ့ရှိပြီး သူ့ရဲ့ တကိုယ်တော် ရှိုးပွဲတွေမှာဆို ပါဖောမန့်စ် မထပ်အောင် အစွမ်းကုန် ကြိုးစား ဖျော်ဖြေလေ့ရှိပါတယ်။ သူ့ရဲ့ ဖျော်ဖြေပွဲတွေကိုလည်း လူအများ တတ်နိုင်အောင် ဈေးနှုန်း သက်သက်သာသာနဲ့ ကြည့်ခွင့်ရအောင် ရောင်းချခဲ့သူပါ။
အင်းစိန်ထောင်ထဲက ပိုပို့ မွေးနေ့
******************************
အင်းစိန်ထောင်တွင်းမှာ ရောက်ရှိနေတာ တနှစ်ကျော် ကြာသွားပြီဖြစ်တဲ့ ပိုပို မေလ ၁၆ ရက်နေ့မှာ ထောင်ထဲက သူ့ရဲ့ ဒုတိယမြောက် မွေးနေ့ အသက် ၃၂ နှစ်ပြည့်ကို ဖြတ်သန်းရတော့မှာပါ။ပြီးခဲ့တဲ့နှစ်ကလည်း ဧပြီလထဲမှာ ဖမ်းဆီးခံခဲ့ရတာကြောင့် အသက် ၃၁ နှစ်ပြည့်မွေးနေ့ကို ပိုပိုက အင်းစိန်ထောင်တွင်းမှာသာ ဖြတ်သန်းခဲ့ရတာပါ။ လက်ရှိမှာတော့ ထောင်ထဲမှာ ပိုပိုရဲ့ ကျန်းမာရေးက ကောင်းမွန်တယ်လို့ သိရပြီး တခါတရံ ခါးနာတတ်တာကလွဲလို့ ကြီးကြီးမားမား နေမကောင်းဖြစ်တာမျိုး မရှိဘူးလို့ သူနဲ့ နီးစပ်သူတွေထံက သိရပါတယ်။




ပိုပိုကို ချစ်ခင် ဂရုစိုက်ပေးကြတဲ့ သူ့မိတ်ဆွေ ရင်းနှီးသူတွေကတော့ တပတ်တကြိမ် သို့မဟုတ် နှစ်ပတ်တကြိမ်ခန့် ပိုပို ကြိုက်တတ်တဲ့ အစားအစာတွေနဲ့ သူလိုအပ်တာတွေကို ထောင်ဝင်စာ ပို့ပေးဖြစ်တယ်လို့ သိရပါတယ်။ “သူနေကောင်း ကျန်းမာတယ် ကြားတယ်။ အထဲမှာ နေရထိုင်ရတာ အဆင်ပြေတယ် ကြားတယ်” လို့ ပိုပိုနဲ့ ရင်းနှီးသူ မိတ်ဆွေတဦးက ပြောပါတယ်။ “အရမ်းသတိရတယ်။ အခုဆို သူ့ မွေးနေ့၊ မွေးလ ဆို ပိုပြီး လွမ်းမိတယ်” လို့လည်း သူက ရင်ဖွင့်ပါတယ်။
အရင်ကတည်းက ပရဟိတအလုပ်တွေ လုပ်ကိုင်တတ်တဲ့ အဆိုတော် ပိုပိုက ထောင်ထဲမှာလည်း အတူနေတဲ့ အဖော်တွေကို စားစရာအချို့၊ မုန့်နဲ့ အအေးတွေ၊ အသီးတွေ မျှဝေ စားလေ့ ရှိတယ်လို့ ပိုပိုနဲ့ ရင်းနှီးသူတွေ ပြောပြချက်အရ သိရပါတယ်။
ပိုပိုရဲ့ မိတ်ဆွေတွေ၊ အနုပညာ မောင်နှမတွေနဲ့ သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေက ပိုပို ပြန်လွတ်လာမယ့်နေ့ကို စောင့်မျှော်နေကြပါတယ်။ စိတ်ဓာတ် ကြံ့ခိုင်တဲ့ ပိုပိုကတော့ ထောင်နံရံတွေကြားက ရောက်တဲ့နေရာမှာ အားမလျှော့ဘဲ သူချစ်တဲ့ ပရိသတ်တွေကိုသာ ကျန်းမာရေး ဂရုစိုက်ဖို့ သတိတရ မှာနေပါသေးတယ်။




ပိုပို့ကို ချစ်ခင်တဲ့ မိတ်ဆွေ တဦးကတော့ ပိုပို့အတွက် ရည်မှန်းပြီး ငှက်လေးတွေ၊ ငါးလေးတွေ ကုသိုလ်ပြု လွှတ်တဲ့အခါတိုင်း “ပိုပို အမြန်ဆုံး ပြန်လွတ်ပါစေ” လို့ ဆုတောင်းပေးနေတယ်လို့ ဆိုပါတယ်။
Credit