မွေးနေ့လေးမှာ Project Dream ဆိုတဲ့ တော်လှန်ရေးရန်ပုံငွေရှာတဲ့ အစီအစဉ်လေးကို အသိပေးလိုက်တဲ့ အနုပညာရှင် မြတ်နိုးအေး

News

အနုပညာရှင် မြတ်နိုးအေးက Project Dream ဆိုတဲ့ တော်လှန်ရေးရန်ပုံငွေရှာတဲ့ အစီအစဉ်ကို ပြုလုပ်

ဩဂုတ် ၁၅ ၊ ၂၀၂၂

နွေဦးတော်လှန်ရေးမှာ အနုပညာကဏ္ဍကနေပြီးတော့ ပါဝင်လုပ်ဆောင်နေတဲ့ အနုပညာရှင် မြတ်နိုးအေးကတော့ ဒီနေ့ ကျရောက်တဲ့ သူ့မွေးနေ့မှာ Project Dream လို့ အမည်ပေးထားတဲ့ တော်လှန်ရေးရန်ပုံငွေရှာတဲ့ အစီအစဉ်တစ်ခုကိုပြု လုပ်မယ်ဆိုပြီးတော့ အသိပေးပြောကြားလိုက်ပါတယ်။

Project Dream ဆိုတာက အနုပညာရှင် မြတ်နိုးအေး တန်ဖိုးထားတဲ့ လက်စွပ်လေး အပါအဝင် အခြားဆုမဲ လေးခုဖြစ်တဲ့ နားကပ်၊ ဆွဲကြိုး၊ ရေမွှေးနဲ့ လက်ကိုင်တွေကို မဲ လက်မှတ်တွေရောင်းပြီးတော့ ဆုမဲဖောက်ပေးမှာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို အနုပညာရှင် မြတ်နိုးအေးနဲ့အတူ We Are One အဖွဲ့က ပူးပေါင်းလုပ်ဆောင်ပေးတာပါ။

‘အနောက်ကိုပြန်လှည့်ကြည့်လိုက်တိုင်း ကိုယ့်သမိုင်းမှာ နောင်တမရစေမယ့် ရပ်တည်ချက်နဲ့ ခံယူချက်တွေအတွက်တော့ လိပ်ပြာလုံလို့ ကျေနပ်ရပါတယ်’ လို့ မြတ်နိုးအေးက သူ့မွေးနေ့မှာ စတင်ခဲ့တဲ့ Project Dream အစီအစဉ်ကို မိတ်ဆက် ပြောကြားရင်း အခုလိုပြောကြားခဲ့တာပါ။

အနုပညာရှင် မြတ်နိုးအေးကတော့ နွေဦးတော်လှန်ရေး အိပ်မက်တွေနဲ့ ဝေးကွာသူတွေအတွက် အိပ်မက်တွေ အကောင် အထည်ဖော်ပေးနိုင်ဖို့အတွက် Project Dream မှာ ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Project Dream အတွက် မဲလက်မှတ်တွေကတော့ မြန်မာကျပ်ငွေ ၁၅၀၀၀ ၊ အမေရိကန်ဒေါ်လာ ၁၀ ၊ ထိုင်း ဘတ်ငွေ ၃၀၀ ၊ စင်ကာပူနဲ့ ဩစတြေးလျ ဒေါ်လာ ၁၅ လို့ သတ်မှတ်ထားပြီးတော့ လက်မှတ်တွေကို ဩဂုတ် ၁၅ ရက် (ဒီနေ့)ကနေ စက်တင်ဘာ ၉ ရက်အထိ သတ်မှတ်ထားပါတယ်။

လက်မှတ်ဝယ်ယူဖို့အတွက် fb.me/WeR1.sgsupport နဲ့ m.me/WeR1.sgsupport တို့မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ #PVTV

Crd

Unicode

Leave a Reply

Your email address will not be published.