ခုလိုချိန်မှာ ကျောင်းမတက်တဲ့ ကလေးတွေအတွက် ‌အကောင်းဆုံး ပြင်ဆင်ထားရမည့်အရာ..

News

ခုလိုခွိနမြှာ ကွောငြးမတကတြဲ့ ကလေးတှအတှေကြ ‌အကောငြးဆုံး ပှငဆြငထြားရမည့အြရာ..

























အပငမြှနမြှနကြှီးခငွတြာနဲ့ ခဏခဏအဆကမြပှတြ ရလေောငြးနလေို့မှ မရတာ

NwayOo Wutt Hmone

Crd

Unicode

ခုလိုချိန်မှာ ကျောင်းမတက်တဲ့ ကလေးတွေအတွက် ‌အကောင်းဆုံး ပြင်ဆင်ထားရမည့်အရာ..

ဒီလိုသာ ကျောင်းတွေ မနေရဘဲဖြစ်နေရင်၊ ကလေးတွေ အသက်တွေကြီးပြီး အရွယ်လွန်ကုန်မှာ စိုးတယ်ဆရာတဲ့။

စိတ် သိပ်မပူပါနဲ့၊ သားငယ်သမီးငယ်တို့အတွက် ပညာရေးတွေရပ်တန့်နေချိန်မှာ အကောင်းဆုံးပြင်ဆင် ထားသင့်တာကတော့ မရှိမဖြစ် core subjects တွေဖြစ်တဲ့ အင်္ဂလိပ်စာနဲ့ သင်္ချာ ဒီနှစ်ဘာသာကို သေချာသင်ထားပါ။

ကျန်တာတွေအတွက် ဗဟုသုတဖြစ်စရာ စာပေတွေဖတ်ခိုင်းပါ

အင်တာနက် မရှိရင်လည်း နီးစပ်ရာ ဆရာ၊ ဆရာမတွေ စုငှါးပြီး လေးငါးယောက်စုပြီး သင်ထားစေချင်တယ်။ အချိန်သိပ်မရွေးပါနဲ့၊ အချိန်သိပ်မစောင့်ပါနဲ့။

အတန်းပညာတက်ရဖို့ထက် ကလေးတွေအတွက် စဉ်ဆက်မပြတ် သင်ယူလေ့လာနိုင်ဖို့က အရေးကြီးပါတယ်

နောက်တစ်ခုက အရည်အချင်းပါ။ အရည်အချင်းကို ဦးစားပေးပါ။ ဆန္ဒမစောပါနဲ့၊ သင်ခန်းစာပြီးဖို့ အဓိကမထားပါနဲ့။

အလွတ်ကျက်တာတွေ အားမပေးပါနဲ့။ စဉ်းစားဉာဏ်ကို ဦးစားပေးပါ၊ ဖြန့်ထွက်တွေးတတ်အောင် သင်ယူခိုင်းပါ

အရွယ်နဲ့ လေ့လာမှုက မျှတဖို့လိုပါတယ်။ ဥပမာဆိုရရင် အသက် ၁၀ နှစ်ကလေးဆိုရင် ၁၀ နှစ်နဲ့ ညီတဲ့ Level အဆင့် ရှိနေရပါမယ်။

ဘာသာစကား သင်္ချာဉာဏ်ရည် အရေးကြီးပါတယ် ပြီးတော့ စောစောကပြောသလို ပြင်ပ ဗဟုသုတ စာပေစုံ ဖတ်မှတ်ခိုင်းပါ။

တစ်ချိန်မှာ ဖက်ဒရယ်ပညာရေး ဖြစ်လာရင် အတန်းပညာထက် အရည်အချင်းကို ဦးစားပေးမယ့် Standardization

စံသတ်မှတ်ချက် စာမေးပွဲလိုမျိုးတွေ အရွယ်ကိုကြည့်ပြီး စစ်တာမျိုး ဖြစ်လာလိမ့်မယ်။

ဥပမာ ကလေးက High school ပြီးတဲ့ အရွယ်ဆိုပါစို့။ ကောလိပ်တက်နိုင်ဖို့ အရည်အချင်းပြည့်မီ မမီကို အောင်လက်မှတ်တောင်းပြီး ကြည့်စစ်တာမျိုး

မဟုတ်တော့ဘဲ၊ College admission tests လိုမျိုး ဝင်ခွင့်စာမေးပွဲတွေ လာပါလိမ့်မယ်

အစိုးရပညာရေး ဝန်ကြီးဌာနဆိုတာက အောင်လက်မှတ်ပေးတဲ့ အဖွဲ့အစည်းမဟုတ်တော့ဘဲ ပဲ့ကိုင်ထိန်းရုံ လုပ်မယ့်အဖွဲ့အစည်းအနေနဲ့ပဲ ရှိတော့မှာပါ။

စာမေးပွဲရာသီတွေ Intake ကျောင်းဖွင့်ချိန်တွေက တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် မတူနိုင်သလို၊ Awarding body

တွေပေါ်မှာမူတည်ပြီး Semester တွေ ကွဲပြားပါလိမ့်မယ်

ကျောင်းတွေက ယခင်လို ဗဟိုချုပ်ကိုင် ထိန်းချုပ်မှုမရှိတော့ဘဲ အရည်အချင်းစစ်၊ စံချိန်မီ မမီ စစ်ဆေးမယ့် အဖွဲ့အစည်းတွေနဲ့ အဆင့်သတ်မှတ်ချက်

(ranking) ပေးမယ့်အဖွဲ့တွေ ပေါ်လာပါလိမ့်မယ်။

အဲ့အချိန်ကျရင် ကျောင်းတွေရွေးရတာလည်း တစ်ဖက်က ပိုလွယ်လာသလို မိဘတွေဘက်က ပညာရေးကို စိတ်ကြိုက်ရွေးချယ်ခွင့် သာလာပါလိမ့်မယ်။

လောလောဆယ် ကိုယ့်ဘက်က ပြင်ဆင်ထားရမှာက အတန်းပညာရေးထက် အရည်ချင်းပြည့်မီအောင်ပါပဲ။

မိဘကိုယ်တိုင်က သေချာစူးစမ်းပြီး ကလေးကို အဆင့်လိုက် ပြင်ဆင်နိုင်အောင် စီစဉ်သင့်ပါတယ်

တစ်ခုပဲ အကြံပေးချင်တာက စိတ်လောပြီး တတ်ချင်လွန်းအားကြီးပြီး ကလေးကို မနိုင်မနင်း တစ်ခုပြီးတစ်ခု၊

တစ်ချိန်ပြီး တစ်ချိန်၊ အနားမပေးဘဲ သင်ယူနေတာမျိုး မလုပ်မိပါစေနဲ့

အိုးနဲ့ ဆန် တန်ရုံပဲကောင်းပါတယ်၊ မှန်ကန်တဲ့ ပြုစုပျိုးထောင်မှုမျိုးက အရေးကြီးပါတယ်။

အပင်မြန်မြန်ကြီးချင်တာနဲ့ ခဏခဏအဆက်မပြတ် ရေလောင်းနေလို့မှ မရတာ

NwayOo Wutt Hmon

crd

Leave a Reply

Your email address will not be published.