











Unicode
မွေးနေ့မှာ တစ်အိမ်ထောင်(၅)သောင်းနှုန်းနဲ့ အိမ်ခြေပေါင်း (3339) သိန်းပေါင်း (၁၆၀၀)ကျော် လှူဒါန်းမည်…
#သီဟသုဓမ္မမဏိဇောတဝရ #ဦးအောင်သန်းစိန်
မွေးရပ်မြေ ထနီးကျေးရွာကို (၆၅)နှစ်ပြည့်မွေးနေ့ တစ်အိမ်ထောင်(၅)သောင်း အိမ်ခြေပေါင်း (3339) သိန်းပေါင်း (၁၆၀၀)ကျော် လှူဒါန်းမည်…




မအူပင်မြို့နယ် ထနီးကျေးရွာ ဇာတိဖွား ယခုလာမည့် 9.10.2020 နေ့ ၁၃၈၂ ခုနှစ် တော်သလင်းလပြည့်ကျော် ၈ ရက်နေ့သည်
သီဟသုဓမ္မမဏိဇောတဝရ ဦး#အောင်သန်းစိန် (65)နှစ်ပြည့်မွေးနေ့ဖြစ်ပါသည်
နှစ်စဉ်မိမိနေထိုင်ခဲ့သော မအူပင်မြို့နယ် ထနီးကျေးရွာရှိ အိမ်ခြေပေါင်း (3000) ကျော်တို့အား ဆန်နှင့်ငွေများ လှူဒါန်းခဲ့ရာ
ယခုနှစ်တွင် အခြေအနေရ ငွေသားကြီးပဲ လှူဒါန်းမည်ဖြစ်ရာ အိမ်ခြေပေါင်း (3339)အိမ်အား တစ်အိမ်လျှင် ၅၀၀၀၀ကျပ် ဖြင့်




သိန်းပေါင်း ၁၆၆၉၅၀၀၀၀ ကျပ် (တစ်ထောင့်ခြောက်ရာခြောက်ဆယ်ကိုးသိန်းငါးသောင်း) ကျပ်တိတိကို လှူဒါန်းပေးသွားမည်ဖြစ်ပါကြောင်း
ယခုအချိန်မှာ ကိုဗစ် ရောဂါကြောင့် ယခင်နှစ်များထက် စားဝတ်နေရေးများ ခက်ခဲ့ကျပ်တည်းနေကြမည်ဟု ထင်မြင်ယူဆ၍
ကျေးရွာသူ ကျေးရွာသားများအား စေတနာ သုံးတန်ပြဌာန်း၍ လှူဒါန်းပေးလိုက်ပါကြောင်း ဓမ္မ မိတ်ဆွေ သူတော်စင် အပေါင်းတို့
သာဓုခေါ်ဆိုနိုင်ကြစေရန် တင်ပြပေးလိုက်ပါသည်
Credit မအူပင်ကျော်လွှား