Elite ကားကို တော်လှန်ရေးအဖွဲ့က ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းရတာလဲ (အင်တာဗျူး)
လူငယ့်ခေတ်
စစ်ကိုင်းတိုင်း၊ မုံရွာ-မြင်းမူလမ်းပိုင်း၌ ရန်ကုန်-မုံရွာ အဝေးပြေး (Elite) ကားတစ်စီးကို တော်လှန်ရေးအဖွဲ့ တစ်ခုက ဩဂုတ်(၁၂)ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ထို့ကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ပြည်သူကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို လူငယ့်ခေတ်မှ မေးမြန်းတင်ပြလိုက်သည်။လက်ရှိအချိန်၌ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ရှာဖွေနေသဖြင့် တော်လှန်ရေးအဖွဲ့ ၏ အမည်ကို PDF ဟုသာ သုံးစွဲထားပါသည်။

LNK – ကားကို ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းမှု လုပ်ခဲ့တာလည်းခင်ဗျ။
PDF – ဒီကားကိုဖမ်းထားတာမှန်ပါတယ်။ ဘာကြောင့်ဖမ်းရလဲဆိုရင် ဒီကားဟာ လွန်ခဲ့တဲ့တစ်လကျော်ကထဲက စစ်ကောင်စီနဲ့ပတ်သက်ပြီးတော့ ခွေးတွေကင်းပုန်းဝတ်မယ့်နေရာထိ သူတို့ ခေါ်လာပေးတယ်။ ခွေးတွေအတက်အဆင်းလုပ်တဲ့နေရာတွေ တော်တော်များများ ပြည်သူတွေက တိုင်ထားတာရှိတယ်။ အဲဒါကြောင့် ဒီကားကို ကျွန်တော်တို့မှ မဟုတ်ဘူး အခြားမြို့နယ်တော်တော်များများက စောင့်ကြည့်နေတာကြာပါပြီ။
ဖမ်းနိုင်ဖို့အတွက် ကြိုးစားနေတာလည်းကြာပါပြီ၊ ဖမ်းရတဲ့အကြောင်းရင်းက သက်သေတွေ ခိုင်လုံနေတဲ့အတွက်ကြောင့်ဖမ်းရပါတယ်။ ကျွန်တော်တို့ဖက်ရောက်လာတော့ မိုင်းခွဲပြီး ကားကိုဟန့်တားလိုက်တယ် ပြီးတော့ ဖမ်းလိုက်တယ်။
LNK – ကားပေါ်မှာ ခရီးသည်တွေပါတယ်လို့ သိရပါတယ်၊ သူတို့အခြေအနေကကောဗျ။

PDF – ခရီးသည်(၁၂)ယောက်ပါတယ်။ အဲဒီ(၁၂)ယောက်ကတော့ ညတွင်းချင်းပြန်လွှတ်ပေးမယ်။ ကျွန်တော်တို့ဘာကြောင့်ဖမ်းရတဲ့ဆိုတဲ့အကြောင်းပြချက်ကို သိတဲ့အတွက်ကြောင့် ကျွန်တော်တို့ဆီမှာ လုံခြုံတယ်လို့ခံစားရလို့ ညအိပ်မယ်ဆိုပြီးနေတာပါ။ ပြီးတော့ မနက်ကျတော့ မိသားစုတွေလာခေါ်တယ်။ ကနီ၊ မုံရွာ၊ ယင်းမာပင်က ခရီးသည်တွေပါ။ ရန်ကုန်လည်းပါတယ်။ ဆိုင်ရာဆိုင်ရာအဖွဲ့တွေက အာမခံပေးလို့ သူတို့သွားမယ့်နေရာတွေကို ဘေးကင်းလုံခြုံစွာပို့ပေးခဲ့တယ်။
ဒီမှာနေတဲ့ကာလမှာလည်း ကျွန်တော်တို့က သူတို့အတွက် စိတ်အနှောင့်အယှက်မဖြစ်အောင်ထားခဲ့တယ်။ ဘာဖြစ်လိုလဲဆိုတော့ သူတို့လည်း ဒါမျိုးလုပ်တဲ့ဟာကိုသိတယ် သတင်းတော့ရတယ်။ ဒါပေ့မယ် မလွှဲမရှောင်သာ သွားရမယ်အတွက်ကြောင့်မို့ ဒီလိုမျိုး ရွေးချယ်ရတဲ့ဆိုပြီးပြောပြီးတော့ ပူးပေါင်းပါဝင်ခဲ့တယ်။ ပြည်သူတွေ တစ်ဦးတယောက်မှ ထိခိုက်ဒဏ်ရာရခြင်းမျိုး ကျွန်တော်တို့ မလုပ်ခဲ့သလို ပြည်သူတွေကလည်း ကျွန်တော်တို့အပေါ်မှာ မေတ္တာစိတ်ပျက်တာလည်းမရှိပါဘူး။

LNK – အဲကိစ္စနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီကလည်း ကားကိုလိုက်ရှာနေတယ်လို့ကြားပါတယ်။ ဘယ်လိုအခြေအနေတွေရှိနေလဲခင်ဗျ။
PDF – အဲဒါနဲ့ပတ်သက်ပြီးတော့ ကား(၂)စီးနဲ့ စစ်ခွေးအင်အား (၅၀) လောက် မြင်းမူမှာ လိုက်ရှာတယ်။ ကားကိုလိုက်ရှာတယ် ဂွေးပင်တောမှာရှာတယ်။ စစ်ခွေးတွေရဲ့ သဘောသဘာဝကိုကြည့်မယ်ဆိုရင် အမြဲတမ်းပြည်သူတွေရဲ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ စစ်ဘေးရှောင်တွေမှာလည်း မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးတွေ အမြဲပါတယ်။ ပြီးလို့ရှိရင် သူတို့ရဲ့အကျိုးစီးပွားမပါဘူးဆိုရင် ဘယ်သူကိုမှကာကွယ်ပေးတာမဟုတ်ဘူး။
နောက်တစ်ခုက ပြည်သူတွေဆို ဖမ်းချင်တိုင်းဖမ်း၊ သတ်ချင်တိုင်းသတ်နေတဲ့ အဲလိုမျိုးလုပ်နေတဲ့သူတွေ စစ်ခွေးတွေက ဒီကားကိုလိုက်ရှာပေးနေတယ်ဆိုကထဲက ဒီကားက ဘယ်လိုကားလဲ ဘယ်လိုသက်ဆိုင်နေလဲဆိုတာ သုံးသပ်လိုက်မယ်ဆိုရင် အဖြေကရှင်းရှင်းလေးပါ။
LNK – အခု လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြနေတာတွေရှိတယ်၊ ကားကိုပြန်ပေးဆွဲလိုက်တယ်လို့ ပြောနေကြတဲ့အပေါ်ရော ဘာပြောချင်လဲခင်ဗျာ။

PDF – သတင်းတွေမှာတွေ့နေရာတာက ကားကိုပြန်ပေးဆွဲပြီး ပြောနေကြတယ်။ အဲအဓိပ္ပါယ်က အနုကြမ်းစီးတယ် ဓါးပြတိုက်တယ် အဲသုံးခုလုံးက အဓိပ္ပါယ်က တူတူဘဲ။ အဲဒါက ဘာလို့ဆိုရင် ကျွန်တော်တို့ ဘယ်သူတွေက ပြန်ပေးဆွဲတာလဲ။ ဘယ်သူတွေက ဓါးပြတိုက်တာလဲ၊ သေသေချာချာပြန်ပြီးတော့ ကြည့်မယ်ဆိုရင် သွယ်ဝိုက်တဲ့နည်းနဲ့ ဒါက PDF တွေ ရဲ့ ပုံရိပ်ကိုဖျက်ဆီးတယ်လို့ ကျွန်တော်မြင်တယ်။ စစ်ခွေးတွေ သဘောသဘာဝကိုကြည့်မယ်ဆိုရင် အမြဲတမ်းပြည်သူတွေရဲ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။
ပြီးလို့ရှိရင် သူတို့ရဲ့အကျိုးစီးပွားမပါဘူးဆိုရင် ဘယ်သူကိုမှကာကွယ်ပေးတာမဟုတ်ဘူး၊
ကားပျောက်လို့လိုက်ရှာပြီး ပြန်ပေးဆွဲတယ်လို့သုံးနှုန်းလိုက်တာကို ကြည့်မယ်ဆိုရင် စစ်တပ်ဘက်ကလိုက်ပြီး PDF တွေရဲ့ ပုံရိပ်ကို ဖျက်ဆီးတယ်လို့ ကျွန်တော်က မြင်တယ်။ အမှန်က အဲလိုရေးရမှာ မဟုတ်ဘူး။ အဓိပ္ပါယ်က တိုင်းပြည်ကိုဖျက်ဆီးနေတဲ့စစ်ကောင်စီနဲ့ပတ်သက်နေတဲ့လူတွေက စစ်ကောင်စီကိအားပေးအားမြှောက်လုပ်ပြီး သူတို့ အကျိုးစီးပွားအတွက်ဖြည့်ဆည်းပေးနေတဲ့ သူတွေ အဲလိုလူမျိုးတွေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ကားတွေဘဲဖြစ်ဖြစ် လူတွေဘဲဖြစ်ဖြစ် အဲဒါမျိုးတွေကို အနုကြမ်းစီးတယ် ဓါးပြတိုက်တယ်လို့ သုံးနှုန်းမယ့်အစား သူတို့နဲ့ပတ်သက်သက်ဆိုင်နေတဲ့အရာတွေကို ကာကွယ်ရေးအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရေးလိုက်မယ်ဆိုရင် ပိုပြီးတော့ ဂုဏ်သိက္ခာရှိမယ်လို ကျွန်တော်ထင်တယ်။

အနုကြမ်းစီးတာမဟုတ်ဘူး စစ်ကောင်စီနဲ့ပတ်သက်နေတဲ့အရာမို့လို့ ကာကွယ်ရေးအဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်၊ ဘာဖြစ်လိုလဲဆိုတော့ NUG ကလည်း စစ်ကားတွေကိုဖမ်းဆီးမယ်ဆိုပြီး ချမှတ်ထားတာတွေရှိတယ်။ စစ်ကောင်စီနဲ့ပတ်သက်တဲ့ဟာတွေကို ဖမ်းလည်းဖမ်းခိုင်းတာရှိတယ်။ ဒါတော့ တရားဝင်ပါ။ အဲဒါတွေကို အနုကြမ်းစီးပါတယ် ဓါးပြတိုက်ပါတယ်လို့ ပြောလို့ရမလား မရဘူး။ အဲလိုမျိုးဘဲ စစ်ကောင်စီနဲ့ပတ်သက်တဲ့ဟာတွေကို ဖမ်းဆီးဖို့ခွင့်ပြုထားတဲ့အတွက်ကြောင့်မို့ ဒီလိုမျိူဟာတွေကို ဖမ်းဆီးတယ်ဆိုတာက အနုကြမ်းစီးတာမဟုတ်ဘူး။
သူတို့သုံးနေတဲ့အသုံးအနှုန်းတွေက လွဲမှားနေပြီးတော့ သူတို့ကိုယ်တိုင်ဘယ်ဖက်ကိုပါနေလဲဆိုတာ ပြန်ပြီးသုံးသပ်ပေးစေလိုပါတယ်။ စစ်ကောင်စီနဲ့ပတ်သက်တဲ့အချက်တွေရှိတာကြောင့် ဖမ်းဆီးတာပါ။ ခရီးသည်တွေပါတယ်ဆိုတဲ့နေရာမှာ ကားကိုပဲဖမ်းတာ၊ ခရီးသည်တွေနဲ့လုံးဝမသက်ဆိုင်ပါဘူး။ ခရီးသည်တွေထိခိုက်ဖို အန္တရာယ်ပြုဖိုအတွက်လည်း မရည်ရွယ်ပါဘူး။ PDF တွေလည်းဆန္ဒမရှိပါဘူး။ အဲဒါနဲ့ပတ်သက်လို့ ခရီးသည်အားလုံးအန္တရာယ်မရှိပါဘူး။ အသက်ဘေးလည်းမရှိပါဘူး သူတိုမိသားစုတွေဆီ အချိန်မီပြန်ရောက်သွားပါပြီ။
LNK – ဖြည့်စွက် ပြောချင်တာရှိရင်ပြောပေးပါအုံးခင်ဗျ။

PDF – ကျွန်တော်တိုဖမ်းဆီးလိုက်တဲ့ကားလိုင်းက Elite ကားပါ။ သူရရွှေမန်းသားပိုင်တဲ့ ဧရာရွှေဝါလုပ်ငန်းစုပိုင်တဲ့ လုပ်ငန်းခွဲထဲက တစ်ခုပါ။ ဒီကားက ပြည်သူ့အိုးအိမ်စည်းစိမ်ကို ပြာပုံပဲရှိတော့တယ်ဆိုတဲ့ ဘဝကိုရောက်အောင် ပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူ့အိမ်တွေ၊ မုဒိမ်းကျင့်ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ပေးဖို ကင်းပုန်းချပေးပေးဖိုအတွက် လုပ်ဆောင်နေတဲ့ ကားပါ ၊ ဒါတွေကို ခပ်စိတ်စိတ်လုပ်ဆောင်လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲတွေက ဖမ်းဆီးလိုက်ခြင်းဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ပတ်သက်တဲ့အချက်တွေရှိတာကြောင့်ဖမ်းဆီးတာပါ။
ကားကိုပဲဖမ်းတာ၊ ခရီးသည်တွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး ခရီးသည်တွေထိခိုက်ဖို အန္တရာယ်ပြုဖို့အတွက်လည်း မရည်ရွယ်ပါဘူး။ PDF တွေလည်း ဆန္ဒမရှိပါဘူး အဲဒါနဲ့ပတ်သက်လို ခရီးသည်အားလုံးအန္တရာယ်မရှိပါဘူး။ အသက်ဘေးလည်းမရှိပါဘူး သူတိုမိသားစုတွေဆီ အချိန်မီပြန်ရောက်သွားပါပြီ၊ ပြည်သူတွေကို လမ်းခရီးနှောင့်နှေးစေလို့ အခက်တွေ့စေမိလို့ စိုးရိမ်စေခဲ့မိလို့ ကျွန်တော်တို့တောင်းပန်ပါတယ်။ ပြည်သူတွေကိုလည်း ကာကွယ်ရေးအဖွဲများတောင်းပန်ထားပါတယ်။ ကားကတော့ ပါဝင်ပတ်သက်နေတဲ့အတွက်ကြောင့် ကားနှင့်သက်ဆိုင်သူတွေကိုတော့ စစ်ဆေးမေးမြန်းနေဆဲပါပဲ။ သူတိုလည်း အသက်အန္တရာယ် မရှိပါဘူးခင်ဗျာ။

LNK – ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျ။
Lungekhit
Elite ကားကို တော်လှန်ရေးအဖွဲ့က ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းရတာလဲ (အင်တာဗျူး)
လူငယ့်ခေတ်
စစ်ကိုင်းတိုင်း၊ မုံရွာ-မြင်းမူလမ်းပိုင်း၌ ရန်ကုန်-မုံရွာ အဝေးပြေး (Elite) ကားတစ်စီးကို တော်လှန်ရေးအဖွဲ့ တစ်ခုက ဩဂုတ်(၁၂)ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ထို့ကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ပြည်သူကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို လူငယ့်ခေတ်မှ မေးမြန်းတင်ပြလိုက်သည်။လက်ရှိအချိန်၌ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ရှာဖွေနေသဖြင့် တော်လှန်ရေးအဖွဲ့ ၏ အမည်ကို PDF ဟုသာ သုံးစွဲထားပါသည်။

LNK – ကားကို ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းမှု လုပ်ခဲ့တာလည်းခင်ဗျ။
PDF – ဒီကားကိုဖမ်းထားတာမှန်ပါတယ်။ ဘာကြောင့်ဖမ်းရလဲဆိုရင် ဒီကားဟာ လွန်ခဲ့တဲ့တစ်လကျော်ကထဲက စစ်ကောင်စီနဲ့ပတ်သက်ပြီးတော့ ခွေးတွေကင်းပုန်းဝတ်မယ့်နေရာထိ သူတို့ ခေါ်လာပေးတယ်။ ခွေးတွေအတက်အဆင်းလုပ်တဲ့နေရာတွေ တော်တော်များများ ပြည်သူတွေက တိုင်ထားတာရှိတယ်။ အဲဒါကြောင့် ဒီကားကို ကျွန်တော်တို့မှ မဟုတ်ဘူး အခြားမြို့နယ်တော်တော်များများက စောင့်ကြည့်နေတာကြာပါပြီ။ ဖမ်းနိုင်ဖို့အတွက် ကြိုးစားနေတာလည်းကြာပါပြီ၊ ဖမ်းရတဲ့အကြောင်းရင်းက သက်သေတွေ ခိုင်လုံနေတဲ့အတွက်ကြောင့်ဖမ်းရပါတယ်။ ကျွန်တော်တို့ဖက်ရောက်လာတော့ မိုင်းခွဲပြီး ကားကိုဟန့်တားလိုက်တယ် ပြီးတော့ ဖမ်းလိုက်တယ်။
LNK – ကားပေါ်မှာ ခရီးသည်တွေပါတယ်လို့ သိရပါတယ်၊ သူတို့အခြေအနေကကောဗျ။

PDF – ခရီးသည်(၁၂)ယောက်ပါတယ်။ အဲဒီ(၁၂)ယောက်ကတော့ ညတွင်းချင်းပြန်လွှတ်ပေးမယ်။ ကျွန်တော်တို့ဘာကြောင့်ဖမ်းရတဲ့ဆိုတဲ့အကြောင်းပြချက်ကို သိတဲ့အတွက်ကြောင့် ကျွန်တော်တို့ဆီမှာ လုံခြုံတယ်လို့ခံစားရလို့ ညအိပ်မယ်ဆိုပြီးနေတာပါ။ ပြီးတော့ မနက်ကျတော့ မိသားစုတွေလာခေါ်တယ်။ ကနီ၊ မုံရွာ၊ ယင်းမာပင်က ခရီးသည်တွေပါ။ ရန်ကုန်လည်းပါတယ်။ ဆိုင်ရာဆိုင်ရာအဖွဲ့တွေက အာမခံပေးလို့ သူတို့သွားမယ့်နေရာတွေကို ဘေးကင်းလုံခြုံစွာပို့ပေးခဲ့တယ်။
ဒီမှာနေတဲ့ကာလမှာလည်း ကျွန်တော်တို့က သူတို့အတွက် စိတ်အနှောင့်အယှက်မဖြစ်အောင်ထားခဲ့တယ်။ ဘာဖြစ်လိုလဲဆိုတော့ သူတို့လည်း ဒါမျိုးလုပ်တဲ့ဟာကိုသိတယ် သတင်းတော့ရတယ်။ ဒါပေ့မယ် မလွှဲမရှောင်သာ သွားရမယ်အတွက်ကြောင့်မို့ ဒီလိုမျိုး ရွေးချယ်ရတဲ့ဆိုပြီးပြောပြီးတော့ ပူးပေါင်းပါဝင်ခဲ့တယ်။ ပြည်သူတွေ တစ်ဦးတယောက်မှ ထိခိုက်ဒဏ်ရာရခြင်းမျိုး ကျွန်တော်တို့ မလုပ်ခဲ့သလို ပြည်သူတွေကလည်း ကျွန်တော်တို့အပေါ်မှာ မေတ္တာစိတ်ပျက်တာလည်းမရှိပါဘူး။

LNK – အဲကိစ္စနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီကလည်း ကားကိုလိုက်ရှာနေတယ်လို့ကြားပါတယ်။ ဘယ်လိုအခြေအနေတွေရှိနေလဲခင်ဗျ။
PDF – အဲဒါနဲ့ပတ်သက်ပြီးတော့ ကား(၂)စီးနဲ့ စစ်ခွေးအင်အား (၅၀) လောက် မြင်းမူမှာ လိုက်ရှာတယ်။ ကားကိုလိုက်ရှာတယ် ဂွေးပင်တောမှာရှာတယ်။ စစ်ခွေးတွေရဲ့ သဘောသဘာဝကိုကြည့်မယ်ဆိုရင် အမြဲတမ်းပြည်သူတွေရဲ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ စစ်ဘေးရှောင်တွေမှာလည်း မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးတွေ အမြဲပါတယ်။ ပြီးလို့ရှိရင် သူတို့ရဲ့အကျိုးစီးပွားမပါဘူးဆိုရင် ဘယ်သူကိုမှကာကွယ်ပေးတာမဟုတ်ဘူး။ နောက်တစ်ခုက ပြည်သူတွေဆို ဖမ်းချင်တိုင်းဖမ်း၊ သတ်ချင်တိုင်းသတ်နေတဲ့ အဲလိုမျိုးလုပ်နေတဲ့သူတွေ စစ်ခွေးတွေက ဒီကားကိုလိုက်ရှာပေးနေတယ်ဆိုကထဲက ဒီကားက ဘယ်လိုကားလဲ ဘယ်လိုသက်ဆိုင်နေလဲဆိုတာ သုံးသပ်လိုက်မယ်ဆိုရင် အဖြေကရှင်းရှင်းလေးပါ။
LNK – အခု လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြနေတာတွေရှိတယ်၊ ကားကိုပြန်ပေးဆွဲလိုက်တယ်လို့ ပြောနေကြတဲ့အပေါ်ရော ဘာပြောချင်လဲခင်ဗျာ။

PDF – သတင်းတွေမှာတွေ့နေရာတာက ကားကိုပြန်ပေးဆွဲပြီး ပြောနေကြတယ်။ အဲအဓိပ္ပါယ်က အနုကြမ်းစီးတယ် ဓါးပြတိုက်တယ် အဲသုံးခုလုံးက အဓိပ္ပါယ်က တူတူဘဲ။ အဲဒါက ဘာလို့ဆိုရင် ကျွန်တော်တို့ ဘယ်သူတွေက ပြန်ပေးဆွဲတာလဲ။ ဘယ်သူတွေက ဓါးပြတိုက်တာလဲ၊ သေသေချာချာပြန်ပြီးတော့ ကြည့်မယ်ဆိုရင် သွယ်ဝိုက်တဲ့နည်းနဲ့ ဒါက PDF တွေ ရဲ့ ပုံရိပ်ကိုဖျက်ဆီးတယ်လို့ ကျွန်တော်မြင်တယ်။ စစ်ခွေးတွေ သဘောသဘာဝကိုကြည့်မယ်ဆိုရင် အမြဲတမ်းပြည်သူတွေရဲ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။
ပြီးလို့ရှိရင် သူတို့ရဲ့အကျိုးစီးပွားမပါဘူးဆိုရင် ဘယ်သူကိုမှကာကွယ်ပေးတာမဟုတ်ဘူး၊
ကားပျောက်လို့လိုက်ရှာပြီး ပြန်ပေးဆွဲတယ်လို့သုံးနှုန်းလိုက်တာကို ကြည့်မယ်ဆိုရင် စစ်တပ်ဘက်ကလိုက်ပြီး PDF တွေရဲ့ ပုံရိပ်ကို ဖျက်ဆီးတယ်လို့ ကျွန်တော်က မြင်တယ်။ အမှန်က အဲလိုရေးရမှာ မဟုတ်ဘူး။ အဓိပ္ပါယ်က တိုင်းပြည်ကိုဖျက်ဆီးနေတဲ့စစ်ကောင်စီနဲ့ပတ်သက်နေတဲ့လူတွေက စစ်ကောင်စီကို အားပေးအားမြှောက်လုပ်ပြီး သူတို့ အကျိုးစီးပွားအတွက်ဖြည့်ဆည်းပေးနေတဲ့ သူတွေ အဲလိုလူမျိုးတွေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ကားတွေဘဲဖြစ်ဖြစ် လူတွေဘဲဖြစ်ဖြစ် အဲဒါမျိုးတွေကို အနုကြမ်းစီးတယ် ဓါးပြတိုက်တယ်လို့ သုံးနှုန်းမယ့်အစား သူတို့နဲ့ပတ်သက်သက်ဆိုင်နေတဲ့အရာတွေကို ကာကွယ်ရေးအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရေးလိုက်မယ်ဆိုရင် ပိုပြီးတော့ ဂုဏ်သိက္ခာရှိမယ်လို ကျွန်တော်ထင်တယ်။

Crd