သေချာဖတ်ကြည့်မျက်ရည်ပါဝဲတယ်အဖေဆိုတာ

News



























Credit

သေချာဖတ်ကြည့်မျက်ရည်ပါဝဲတယ်အဖေဆိုတာ

သေချာဖတ်ကြည့်မျက်ရည်ပါဝဲတယ်အဖေဆိုတာသရက်ပင်ပေါ်ကိုတတ်တော့မဲ့သားကို

အဖေဖြစ်သူကနေဦးသားဖယ်ဖယ် အဖေတက်မယ်ဘာလို့လဲအဖေရသားတက်ပါမယ်နေပါကွာဒီအပင်ရဲ့အကြောင်းကိုမင်းဘာမှသိတာမဟုတ်ဘူးရယ်

ကျွန်တော့်စိတ်ထဲ ဇဝေဇဝါဖြစ်သွားသည်အဖေဘာကိုဆိုလိုတာလဲဒီအပင်မှာကျွန်တော်မသိနိုင်တဲ့ဘာအကြောင်းတွေများရှိနေလို့လဲ

ကျွန်တော်ဇဝေဇဝါနဲ့တွေးနေတုန်းမှာပဲအဖေကသရက်ပင်ကြီးပေါ်ကိုလူငယ်လေးတစ်ယောက်လိုတက်သွားခဲ့တယ်

တကယ်တော့ကျွန်တော့်အဖေရဲ့အသက်က၆၈နှစ်ဟုတ်တယ်

တကယ်ဆိုဒီအသက်ဒီအရွယ်မှာဒီလိုမျိုးအပင်မြင့်မြင့်ပေါ်ကိုမတက်သင့်တော့ဘူးလေ

တစ်ခါတစ်ရံသားအဖနှစ်ယောက်စကားပြောချိန်မှာရေနွေးကြမ်းငှဲ့တိုင်းအဖေ့ရဲ့လက်တွေတုန်နေတတ်တာကျွန်တော်သိနေတာပဲ

အပင်ပေါ်တက်သွားတဲ့အဖေကို အောက်ကနေကြည့်နေရင်းကဖြစ်မှဖြစ်ပါ့မလားလို့အတွေးတစ်စကခေါင်းထဲဝင်လာမိတယ်

အဖေဖြစ်ပါ့မလားရပါတယ်ကွမင်းအောက်ကနေပဲလိုက်ကောက်တကယ်တော့ မနက်ဖြန်ပြန်တော့မယ့်ကျွန်တော့်အတွက်လက်ဆောင်ထည့်ပေးဖို့သူကိုယ်တိုင်စိုက်ထားတဲ့သရက်ပင်တွေကနေ သရက်သီးတွေကိုတက်ခူးနေတာပါ

ကျွန်တော်ဘာမှပြောမနေတော့ပဲ အဖေခူးချလိုက်တဲ့သရက်သီးတွေကိုတစ်လုံးချင်းတစ်လုံးချင်းလိုက်ကောက်နေခဲ့လိုက်မိတယ်

အလုံးခြောက် ဆယ်ကျော်ခုနှစ်ဆယ်လောက်ရှိတော့အဖေ့ကိုအပင်ပေါ်က ဆင်းဖို့မနဲပြောရတယ်

တော်ပြီလားသားရမင်းတပည့်တွေကအများကြီးပဲဟာလောက်ပါ့မလားလောက်ပါပြီအဖေရဆင်းခဲ့တော့ဒီတော့မှအဖေကအပင်ပေါ်ကနေတဖြည်းဖြည်းပြန်ဆင်းလာခဲ့တယ်

တက်တုန်းကမြန်သလောက်ပြန်ဆင်းချိန်မှာအရမ်းသတိထားပြီးဆင်းနေတာကို ကျွန်တော်သတိထားမိတယ်

သြော်ကျွန်တော့်အဖေအတော်ကြီးကိုအိုစာနေပီလေဖြေးဖြေးဆင်းနော်

အဖေကျွန်တော့်ကိုစကားတောင်ကောင်းကောင်းပြန်မပြောနိုင်တော့အောက်ရောက်တော့အရမ်းကိုမောနေပြီအဖေမောနေတာကိုကြည့်ရင်းဇဝေဇဝါဖြစ်နေတဲ့ဒီအပင်ရဲ့အကြောင်းကိုမေးကြည့်မိသည်

အဲဒါကြောင့်ပြောတာကျွန်တော်တက်ပါမယ်ဆိုတာကိုဒါနဲ့အဖေဒီအပင်မှာရုက္ခစိုးတွေဘာတွေ ရှိနေလို့လားဘာထူးခြားတာရှိလို့မတက်ခိုင်းတာလဲမောနေတဲ့ကြားကအဖေကပြုံးပြီးပြန်ဖြေတယ်

ဘာမှမရှိပါဘူးကွာသားကအလုပ်နဲ့အကိုင်နဲ့အေဖေကဘာအလုပ်မှလုပ်တော့တာ မဟုတ်ဘူးမို့လား

အဲဒီတော့ဘာဖြစ်လဲ အဖေရဘာဖြစ်ရမှာလဲငါ့သားရတကယ်လို့အပင်ပေါ်ကပြုတ်ကျတာချင်းတူရင် အဖေကဘာမှအလုပ်ပျက်အကိုင်ပျက်ဖြစ်စရာမရှိဘူးငါ့သား

ပြုတ်ကျခဲ့ရင်အလုပ်ပျက်အကိုင်ပျက်ဖြစ်မယ်မင်းဝင်ငွေမရှိတော့ရင် မင်းမိသားစုအခက်အခဲဖြစ်သွားမှာပေါ့

ဒီထက်ပိုပြီးအရေးကြီးတာကတကယ်လို့ပြုတ်ကျပြီးအသက်ဆုံးရှုံးတာ

ချင်းတူရင်အဖေ့ရဲ့သားတွေသမီးတွေအားလုံးကလူလားမြောက်ပြီးပြီအဖေစောင့်ရှောက်ပေးနေဖို့မလိုတော့ဘူးအားလုံးကကိုယ့်ဘဝကိုယ်ရပ်တည်နေနိုင်ကြပြီ

ငါ့သားမှာကလူလားမမြောက်သေးတဲ့သားနဲ့သမီးရှိသေးတယ်ဒီတော့ငါ့သား အသက်ဆုံးရှုံးလို့မဖြစ်သေးဘူးအဲဒါကြောင့်အဖေပဲတက်မယ်လို့ပြောတာ

ဘာပြန်ပြောရမှန်းမသိအောင်ကျွန်တော်ဆွံ့အနေ ခဲ့မိတယ်ကျွန်တော့်ရဲ့မျက်ဝန်းထဲမှာဘယ်အချိန်ကနေရာယူလိုက်မှန်းမသိတဲ့မျက်ရည်အချို့ဝေ့ဝဲလာရင်းအဖေကိုပြေးဖက်မိတယ်

ကျွန်တော်သိလိုက်တယ်အဖေဟာကျွန်တော်တို့ သားသမီးတွေနဲ့ပတ်သက်လာရင်သားသမီးတင်မဟုတ်ပဲသားသမီးတွေရဲ့ မိသားစုအတွက်ကိုပါပေးဆပ်ရဲသူတစ်ယောက်ဆိုတာကိုလေအဖေတွေရဲ့စေတနာ၊

သားသမီးအိပ်ပျော်မှတိတ်တဆိတ်ခိုးနမ်းတတ်တဲ့ဖခင်ရဲမေတ္တာတရားများအားတန်ဖိုးထားလေးစားနိုင်ပါစေ

Credit

Leave a Reply

Your email address will not be published.