ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအတွက် သတင်းကောင်း…

News

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအတွက် သတင်းကောင်း

ထိုင်းရောက်မြန်မာလုပ်သားတွေအတွက် ဝမ်းသာစရာသတင်းကောင်းလေးတစ်ခုဖြစ်ပါတယ်။မြန်မာအလုပ်သမားသိန်းနဲ့ချီရှိနေတဲ့ထိုင်းနိုင်ငံကအလုပ်သမားတွေအတွက်အခြေခံလစာတိုးမြှင့်သတ်မှတ်ဖို့စီစဉ်နေတယ်လို့ထိုင်းအလုပ်သမားဝန်ကြီးရဲ့ပြောဆိုချက်အရသိရပါတယ်။

ထိုင်းနိုင်ငံအတွင်းရှိ ပြည်နယ်(၇)ခုမှာအလုပ်လုပ်ကိုင်နေကြတဲ့အထွေထွေအလုပ်သမားတွေကိုအခြေခံလစာထပ်တိုးပေးသွားဖို့ စီစဉ်နေတယ်ဆိုပြီး ထိုင်းအလုပ်သမားဝန်ကြီး Mr. Suchart Chomklin ကယခုရက်ပိုင်းမှာပြောဆိုခဲ့တာဖြစ်ပါတယ်။

ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့်အထွေထွေအလုပ်သမားတွေရဲ့အခြေခံလုပ်အားခလစာတိုးမြှင့်ပေးမယ့် လုပ်ငန်းစဉ်ကိုယခု ၂၀၂၂ခုနှစ် မကုန်ခင်မှာဆောလျင်စွာပေးနိုင်အောင်ဖိအားပေးလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

အစိုးရကိုယ်စားလှယ်၊အလုပ်၇ျင်ကိုယ်စားလှယ်နဲ့အလုပ်သမားကိုယ်စားလှယ်ပါဝင်တဲ့သုံးပွင့်ဆိုင် လုပ်အားခသုံးသပ်တဲ့ကော်မတီရဲ့ဆုံးဖြတ်ချက်အရယခုနှစ်မကုန်ခင်အဆိုပါဥပဒေအသက်ဝင်ဖို့ သဘောတူညီခဲ့ကြတယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့မေလပိုင်းကစပြီးထိုင်း၊ မြန်မာ၊ကမ္ဘောဒီးယား၊ဗီယက်နမ်နဲ့ လာအိုအလုပ်သမားတွေရဲ့တစ်နေ့ ၈နာရီလုပ်အားခကို ၄၉၂ဘတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ထံလိပ်မူပြီး စာပေးပို့တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာတစ်နေ့လုပ်အားခ ၃၀၀ကျော်ရရှိနေကြသော်လည်း မြန်မာအလုပ်သမားတွေကတော့ အဆိုပါပမာဏအထိ မရရှိသေးဘဲယခုလိုအခြေခံလစာတိုးမြှင့်သတ်မှတ်မယ့် ဥပဒေကို မကြာခင်မှာ အသက်ဝင်စေဖို့ မျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။

Facebook Comments Box

Crd

Unicode

ထိုင္းႏိုင္ငံေရာက္ျမန္မာအလုပ္သမားမ်ားအတြက္ သတင္းေကာင္း

ထိုင္းေရာက္ျမန္မာလုပ္သားေတြအတြက္ ဝမ္းသာစရာသတင္းေကာင္းေလးတစ္ခုျဖစ္ပါတယ္။ျမန္မာအလုပ္သမားသိန္းနဲ႔ခ်ီရွိေနတဲ့ထိုင္းႏိုင္ငံကအလုပ္သမားေတြအတြက္အေျခခံလစာတိုးျမႇင့္သတ္မွတ္ဖို႔စီစဥ္ေနတယ္လို႔ထိုင္းအလုပ္သမားဝန္ႀကီးရဲ႕ေျပာဆိုခ်က္အရသိရပါတယ္။

ထိုင္းႏိုင္ငံအတြင္းရွိ ျပည္နယ္(၇)ခုမွာအလုပ္လုပ္ကိုင္ေနၾကတဲ့အေထြေထြအလုပ္သမားေတြကိုအေျခခံလစာထပ္တိုးေပးသြားဖို႔ စီစဥ္ေနတယ္ဆိုၿပီး ထိုင္းအလုပ္သမားဝန္ႀကီး Mr. Suchart Chomklin ကယခုရက္ပိုင္းမွာေျပာဆိုခဲ့တာျဖစ္ပါတယ္။

ကုန္ေဈးႏႈန္းေတြ ျမင့္တက္လာတာေၾကာင့္အေထြေထြအလုပ္သမားေတြရဲ႕အေျခခံလုပ္အားခလစာတိုးျမႇင့္ေပးမယ့္ လုပ္ငန္းစဥ္ကိုယခု ၂၀၂၂ခုႏွစ္ မကုန္ခင္မွာေဆာလ်င္စြာေပးႏိုင္ေအာင္ဖိအားေပးလုပ္ေဆာင္ေနတယ္လို႔ဆိုပါတယ္။

အစိုးရကိုယ္စားလွယ္၊အလုပ္၇်င္ကိုယ္စားလွယ္နဲ႔အလုပ္သမားကိုယ္စားလွယ္ပါဝင္တဲ့သုံးပြင့္ဆိုင္ လုပ္အားခသုံးသပ္တဲ့ေကာ္မတီရဲ႕ဆုံးျဖတ္ခ်က္အရယခုႏွစ္မကုန္ခင္အဆိုပါဥပေဒအသက္ဝင္ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔လည္းသိရပါတယ္။

ၿပီးခဲ့တဲ့ေမလပိုင္းကစၿပီးထိုင္း၊ ျမန္မာ၊ကေမာၻဒီးယား၊ဗီယက္နမ္နဲ႔ လာအိုအလုပ္သမားေတြရဲ႕တစ္ေန႔ ၈နာရီလုပ္အားခကို ၄၉၂ဘတ္ေပးဖို႔ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ထံလိပ္မူၿပီး စာေပးပို႔ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

ထိုင္းႏိုင္ငံမွာတစ္ေန႔လုပ္အားခ ၃၀၀ေက်ာ္ရရွိေနၾကေသာ္လည္း ျမန္မာအလုပ္သမားေတြကေတာ့ အဆိုပါပမာဏအထိ မရရွိေသးဘဲယခုလိုအေျခခံလစာတိုးျမႇင့္သတ္မွတ္မယ့္ ဥပေဒကို မၾကာခင္မွာ အသက္ဝင္ေစဖို႔ ေမွ်ာ္လင့္ေနၾကတာလည္းျဖစ္ပါတယ္။

Facebook Comments Box

Crd

Leave a Reply

Your email address will not be published.