မိုင်းဖုန်းဆရာတော်ကျန်းမာရေးအတွက် ဆုတောင်းမေတ္တာပို့ရန်….
မိုင်းဖုန်းဆရာတော်ကျန်းမာရေးအတွက် ဆုတောင်းမေတ္တာပို့ရန် သျှမ်းပိဋကတ်ဘာသာပြန်သံဃာ့အဖွဲ့ချုပ် ဥက္ကဌ ဆရာတော်ဒေါက်တာပညာနန္ဒ (ယခင်နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင်၊ ယခု နိုင်ငံတော်ဩဝါဒါစရိယ) မှ တိုက်တွန်း။




သျှမ်းပိဋကတ်ဘာသာပြန်သံဃာ့အဖွဲ့ချုပ် စာအမှတ် ၂၀၂၂/၅၂ ဖြင့် လာမည့် (16.8.2022) အင်္ဂါနေ့တွင် မိုင်းဖုန်းဆရာတော်၏ မွေးရက်ကြုံသဖြင့် ထိုနေ့ နံနက် ၉ နာရီအချိန် အနယ်နယ်အရပ်ရပ်မှ သံဃာတော်များ ဒကာဒကာမများက မိုင်းဖုန်းဆရာတော်၏ သက်ရှည်ကျန်းမာ ဘေးရန်ကွာစေရန် ရည်သန်၍ ကောင်းမှုကုသိုလ်ပြုလုပ်ကာ ပရိတ်ရွတ်ဖတ်ခြင်း မေတ္တာပို့ခြင်း တရားဘာဝနာပွားများခြင်းများ သင့်တော်သလို ပြုလုပ်သွားကြပါရန် တိုက်တွန်းသွားပါတယ်။
မိုင်းဖုန်းဆရာတော်ကျန်းမာရေး80%ကောင်းမွန် လာပါပြီ။
အောက်ပါအတိုင်းပြုလုပ်လှူဒါန်းနိုင်ပါတယ်။
၁။ ဖရောင်းတိုင် ၉ တိုင် ၁ တိုင် ၁ တောင်ရှိရမည်။




၂။ ဖရာင်းတိုင်တွင် မိုင်းဖုန်းဆရာတော် နာမည် “ဉာဏသံဝရ” ရေးရန်။
၃။ သစ်သီး ၅ မျိုးလှူရန်။
၄။ အမွှေးတိုင် ၁၆ တိုင် ၉ စုံ (ဖယောင်းတိုင် ၉ တိုင်နှင့်အတူတွဲထွန်းရန်)
၅။ အချိန် ၁၆/၈/၂၀၂၂ နံနက် ၉ နာရီ ၉ မိနစ်အချိန် လှူရန်။




၆။ ဖယောင်းတိုင်မငြိမ်းအောင် အထူးဂရုစိုက်ရန်။
တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ(စဝ်ဆုခမ်း)
Crd
Unicode
မိုင်းဖုန်းဆရာတော်ကျန်းမာရေးအတွက် ဆုတောင်းမေတ္တာပို့ရန်….












Crd
SiThuMaung