ထိုင်းမှာ ဆေးကုသပြီးတာနဲ့ ပြန်ကြွလာပြီး တရားပြန်လည်ဟောကြားတော့မယ့် မိုင်းဖုန်းဆရာတော်ကြီး

News

ထိုင်းမှာ ဆေးကုသပြီးတာနဲ့ ပြန်ကြွလာပြီး တရားပြန်လည်ဟောကြားတော့မယ့် မိုင်းဖုန်းဆရာတော်ကြီး

မိုင်းဖုန်းဆရာတော်ကြီး အညတရဝါသီ အရှင်ညာဏသံဝရဟာ သိပ်မကြာခင် ဩဂုတ်လ(၁)ရက်နေ့က မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူမှာ (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင် ဂူအောင်း တရားဘာဝနာကျင့်ကြံမှုအောင်မြင်ပြီးနောက် ဂူမှထွက်လာကာ ရှမ်းပြည်တောင်ပိုင်း မြို့နယ်တချို့သို့ မရပ်မနား သာသနာပြုခဲ့ပါတယ်။

၎င်းကဲ့သို့ ပင်ပန်းပြီး ကျန်းမာရေးအားနည်းလို့ ထိုင်းနိုင်ငံသို့သွားရောက် ဆေးကုသမှု ခံယူနေတဲ့ မိုင်းဖုန်းဆရာတော်ကြီးရဲ့ ဆေးစစ်ချက်များအရ ကြားသိရတာကတော့ မိုင်းဖုန်းဆရာတော်ဘုရားကြီးဟာ လက်ရှိမှာ ဦးနှောက်ငှက်ဖျား ရောဂါကို ခံစားနေရတာဖြစ်တယ်လို့ ​သိရပါတယ်။

မိုင်းဖုန်းဆရာတော်အနီးရှိ တပည့် ဒါယိကာ တစ်ဦးက “ဘန်ကောက်မြို့မှာဆေးကုသမှု ခံယူနေသည့် မိုင်းဖုန်းဆရာတော်ကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်တိုး တက်လာပါပြီ။ သိပ်လည်း စိတ်မပူကြပါနဲ့ ။ မကြခင်မှာ ပြန်ကြွလာပြီး တရားပြန်လည်ဟောကြားပေးပါတော့မယ်” လို့ ပြောကြားထားပါတယ်။

Crd





Crd

Leave a Reply

Your email address will not be published.