မြန်မာနိုင်ငံတစ်ဝန်း အင်တာနက်လိုင်းများ နှေးကွေးနေပြီး လိုင်းဖျက်ရသည့်အကြောင်းရင်း
News
မြန်မာနိုင်ငံတစ်ဝန်း အင်တာနက်လိုင်းများ ယခုညပိုင်းမှစတင်၍ နှေးကွေးနေ
ရန်ကုန်၊ မန္တလေး ၊ တောင်ကြီး၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း အင်တာနက်လိုင်းများ အလွန်နှေးကွေးနေကြောင်း ပြည်သူများက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုကြသည်။
ဩဂုတ်လ ၁၀ ရက်နေ့ ည ၁၁ နာရီမထိုးခင်အချိန်တွင် Wifi နှင့်မိုဘိုင်းလ်အင် တာနက်များ ၁၀ မိနစ်ခန့် လုံး၀ လိုင်းကျသွားပြီး အင်တာနက် အထူးသဖြင့် ဖေ့ဘုတ်စ် လူမှုကွန်ရက်ကို ဝင်မရတော့ကြောင်း ရန်ကုန်မြို့ခံများနှင့် မန္တလေးမြို့ခံများက ဆိုသည်။
“ည ၁၁ မထိုးခင်လောက်မှာ Wifi လိုင်းကျသွားတယ်။ အဲဒါ ပိတ်လိုက် ဖွင့် လိုက်နဲ့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်မှာ လိုင်းပြန်တက်လာတယ်။ ဖုန်းလိုင်း အင်တာနက်တွေလည်း ပွင့်
တော့ပွင့်နေပေမယ့် အဝိုင်းလည်နေတယ်။ ည ၁၁ မထိုးခင်လောက် လိုင်းကျသွားပြီးတော့ ပြန်ရတော့ အရမ်းနှေးသွားတယ်။ အရင်ထက် ပိုကြာတယ်။ ဖေ့ဘုတ်စ်ဆိုရင် ပို့စ်
အဟောင်းတွေပဲ လည်နေတယ်။ ပို့စ်အသစ်လည်း မတက်ဘူး။ အဲဒါသူငယ်ချင်းတွေကိုမေးကြည့်တော့ အကုန် လုံး အဲဒီလိုဖြစ်နေကြတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။
အလားတူ မန္တလေးမြို့ခံတချို့နှင့် နေပြည်တော်မှ ပြည်သူတချို့ကလည်း အင်တာနက်လိုင်းများ ယနေ့ညပိုင်း နှေးကွေးနေကြောင်း ပြောဆိုကြသည်။
“မိုဘိုင်းလ်အင်တာနက်က အတော်ကိုဆိုးတာ။ MPT ပြောင်းကြည့်လိုက် အင် တာနက် တက်မလာ၊ Atom ပြောင်းလဲ တက်မလာ၊ Mytel ပြောင်းလဲ မတက်ဘူး။ အော်ရီဒူးကတ်ထည့်ပြီး သုံးကြည့်လည်း နှေးနေတာပဲ။ အကုန် နှေးတာပါ” ဟု နေပြည်တော်ဒေသခံက ပြောဆိုသည်။
Crd
Zawgyi
Leave a Reply
Your email address will not be published.