စစ်အုပ်စုကို ဆက်ကြေးပေးဖွင့်တယ်ဆိုတဲ့ သပိတ်ကျင်းက KTV ကို ဗိုလ်လင်းယုန်အဖွဲ့က စီးနင်း၊

News

စစ်အုပ်စုကို ဆက်ကြေးပေးဖွင့်တယ်ဆိုတဲ့ သပိတ်ကျင်းက KTV ကို ဗိုလ်လင်းယုန်အဖွဲ့က စီးနင်း၊

စစ်ကားနှစ်စီး တက်လာချိန်မှာ စောင့်ကြို မိုင်းဆွဲ၊

MFP ၊ သြဂုတ် – ၁၃

စစ်အုပ်စုကို ဆက်ကြေးပေး ဖွင့်လှစ်နေသလို စကစတွေကို ပေါင်းသင်းဧည့်ခံနေတယ်လို့ဆိုပြီး မန္တလေးတိုင်း သပိတ်ကျင်းမြို့ ကြက်ရိုးပင်ရွာမှာ ဖွင့်လှစ်ထားတဲ့ KTV တစ်ခုကို ဒီကနေ့ မနက်ပိုင်း စီးနင်းဝင်ရောက်ကာ ပစ်ခတ် သတိပေးခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၁၃)ရက် မနက်(၁၀)နာရီဝန်းကျင်မှာ သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ Golden Hill (Bar & KTV) ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး KTV ကို စီးနင်းနေချိန် ဇရပ်ကွင်းရွာဘက်က တက်လာတဲ့ စစ်ကားနှစ်စီးကိုလည်း လိပ်ကျရွာအနီးမှာ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ခွေးစာထောက်ပံံ့ပေးနေသော Golden Hill (Bar & KTV)အား ကျွန်ုပ်တို့ ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် (၁၀)မိနစ်ခန့်အကြာတွင် ဇရပ်ကွင်း ကျေးရွာဘက်မှ စစ်ဆေးရန် ထွက်လာသော ခွေးကားနှစ်စီးအား ဆင်မွှေးကျေးရွာနှင့် လိပ်ကျကျေးရွာကြားတွင် ထပ်မံ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါသည်။ ထိုမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ခွေးအသေအပျောက် စာရင်းအား ထပ်မံ၍ ဖော်ပြပေးသွားပါမည်” လို့ ဗိုလ်လင်းယုန်အဖွဲ့က ဖော်ပြပါတယ်။

စစ်အုပ်စုကို ထောက်ပံ့တာ၊ ဆက်ကြေးပေးတာတွေ မလုပ်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် မလိုက်နာလို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပြီး သပိတ်ကျင်းမြို့နယ်ထဲက လောင်းကစားဝိုင်းတွေ၊ စစ်အုပ်စုနှင့် ဆက်နွှယ်တဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေကိုလည်း ဆက်လက် တိုက်ခိုက်မယ်လို့ ဆိုပါတယ်။

“အကြိမ်ကြိမ် သတိပေးစာထုတ်၍ တားမြစ်ထားသည့်ကြားမှ တော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ချက်များကို ဂရုမစိုက်ဘဲ စခဗျူဟာမှူး၊ ရခမြို့နယ်မှူးများကို အပီအပြင် ပေါင်းသင်းဧည့်ခံ၍ အများပြည်သူများ ခက်ခဲကြပ်တည်းနေ့သည့် အချိန်တွင် KTV ဖွင့်၍ ခွေးစာ ထောက်ပံ့နေသော Golden Hill (Bar & KTV) အား လက်တွေ့ကျကျ သင်ခန်းစာ ပေးလိုက်ခြင်း ဖြစ်သည်။

နောက်နောင်တွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကုမ္ပဏီများ၊ KTV များ၊ စစ်တပ်ထုတ် မြန်စာစည်ဘီယာ ရောင်းချနေသော ဆိုင်များ၊ လောင်းကစားဝိုင်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေကြသူများအား ကျွန်ုပ်တို့ ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ဆက်လက်၍ သင်ခန်းစာပေး တိုက်ခိုက်သွားမည်ဖြစ်သည်” လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့က ဖော်ပြပါတယ်။

သပိတ်ကျင်းနယ်ထဲ ရွှေတူးဖော်ရေး လုပ်ငန်းတွေ ရှိနေပြီး အဲ့ဒီ ရွှေမှော်တွေ အနီးတဝိုက်မှာ စစ်အုပ်စုကို ဆက်ကြေးပေးပြီး KTV တွေ၊ လောင်းကစားဝိုင်းတွေ ဖွင့်လှစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတဝန်းမှာ လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးရောင်းသူတွေကို ဆက်ကြေးတောင်းကာ ပေါ်ပေါ်တင်တင် လုပ်ကိုင်ခွင့်ပြုနေပြီး မန္တလေးမြို့ပေါ်မှာလည်း လောင်းကစားဝိုင်းတွေ မှိုလို ပေါက်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

Crd

Unicode

စစ္အုပ္စုကို ဆက္ေၾကးေပးဖြင့္တယ္ဆိုတဲ့ သပိတ္က်င္းက KTV ကို ဗိုလ္လင္းယုန္အဖြဲ႕က စီးနင္း၊

စစ္ကားႏွစ္စီး တက္လာခ်ိန္မွာ ေစာင့္ႀကိဳ မိုင္းဆြဲ၊

MFP ၊ ၾသဂုတ္ – ၁၃

စစ္အုပ္စုကို ဆက္ေၾကးေပး ဖြင့္လွစ္ေနသလို စကစေတြကို ေပါင္းသင္းဧည့္ခံေနတယ္လို႔ဆိုၿပီး မႏၲေလးတိုင္း သပိတ္က်င္းၿမိဳ႕ ၾကက္ရိုးပင္ရြာမွာ ဖြင့္လွစ္ထားတဲ့ KTV တစ္ခုကို ဒီကေန႔ မနက္ပိုင္း စီးနင္းဝင္ေရာက္ကာ ပစ္ခတ္ သတိေပးခဲ့တယ္လို႔ ဗိုလ္လင္းယုန္တပ္ဖြဲ႕က သတင္း ထုတ္ျပန္ပါတယ္။

ဒီေန႔ ၾသဂုတ္(၁၃)ရက္ မနက္(၁၀)နာရီဝန္းက်င္မွာ သပိတ္က်င္းၿမိဳ႕နယ္၊ ၾကက္ရိုးပင္ေက်းရြာမွာ ဖြင့္လွစ္ထားတဲ့ Golden Hill (Bar & KTV) ကို ပစ္ခတ္တိုက္ခိုက္ခဲ့တာ ျဖစ္ၿပီး KTV ကို စီးနင္းေနခ်ိန္ ဇရပ္ကြင္းရြာဘက္က တက္လာတဲ့ စစ္ကားႏွစ္စီးကိုလည္း လိပ္က်ရြာအနီးမွာ မိုင္းေထာင္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။

“ေခြးစာေထာက္ပံံ့ေပးေနေသာ Golden Hill (Bar & KTV)အား ကၽြန္ုပ္တို႔ ဗိုလ္လင္းယုန္တပ္ဖြဲ႕မွ ပစ္ခတ္ တိုက္ခိုက္ခဲ့ပါသည္။ ထိုပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ (၁၀)မိနစ္ခန႔္အၾကာတြင္ ဇရပ္ကြင္း ေက်းရြာဘက္မွ စစ္ေဆးရန္ ထြက္လာေသာ ေခြးကားႏွစ္စီးအား ဆင္ေမႊးေက်းရြာႏွင့္ လိပ္က်ေက်းရြာၾကားတြင္ ထပ္မံ၍ မိုင္းဆြဲ တိုက္ခိုက္ခဲ့ပါသည္။ ထိုမိုင္းဆြဲ တိုက္ခိုက္မႈေၾကာင့္ ေခြးအေသအေပ်ာက္ စာရင္းအား ထပ္မံ၍ ေဖာ္ျပေပးသြားပါမည္” လို႔ ဗိုလ္လင္းယုန္အဖြဲ႕က ေဖာ္ျပပါတယ္။

စစ္အုပ္စုကို ေထာက္ပံ့တာ၊ ဆက္ေၾကးေပးတာေတြ မလုပ္ဖို႔ အႀကိမ္ႀကိမ္ သတိေပးခဲ့ေပမယ့္ မလိုက္နာလို႔ တိုက္ခိုက္ခဲ့တာလို႔ ဆိုၿပီး သပိတ္က်င္းၿမိဳ႕နယ္ထဲက ေလာင္းကစားဝိုင္းေတြ၊ စစ္အုပ္စုႏွင့္ ဆက္ႏႊယ္တဲ့ ကုမၸဏီေတြ၊ လုပ္ငန္းေတြကိုလည္း ဆက္လက္ တိုက္ခိုက္မယ္လို႔ ဆိုပါတယ္။

“အႀကိမ္ႀကိမ္ သတိေပးစာထုတ္၍ တားျမစ္ထားသည့္ၾကားမွ ေတာ္လွန္ေရး အင္အားစုမ်ား၏ ထုတ္ျပန္ခ်က္မ်ားကို ဂ႐ုမစိုက္ဘဲ စခဗ်ဴဟာမႉး၊ ရခၿမိဳ႕နယ္မႉးမ်ားကို အပီအျပင္ ေပါင္းသင္းဧည့္ခံ၍ အမ်ားျပည္သူမ်ား ခက္ခဲၾကပ္တည္းေန႔သည့္ အခ်ိန္တြင္ KTV ဖြင့္၍ ေခြးစာ ေထာက္ပံ့ေနေသာ Golden Hill (Bar & KTV) အား လက္ေတြ႕က်က် သင္ခန္းစာ ေပးလိုက္ျခင္း ျဖစ္သည္။

ေနာက္ေနာင္တြင္ သပိတ္က်င္းၿမိဳ႕နယ္အတြင္းရွိ ကုမၸဏီမ်ား၊ KTV မ်ား၊ စစ္တပ္ထုတ္ ျမန္စာစည္ဘီယာ ေရာင္းခ်ေနေသာ ဆိုင္မ်ား၊ ေလာင္းကစားဝိုင္းမ်ားႏွင့္ မူးယစ္ေဆးဝါး ေရာင္းဝယ္ေနၾကသူမ်ားအား ကၽြန္ုပ္တို႔ ဗိုလ္လင္းယုန္တပ္ဖြဲ႕မွ ဆက္လက္၍ သင္ခန္းစာေပး တိုက္ခိုက္သြားမည္ျဖစ္သည္” လို႔ ဗိုလ္လင္းယုန္တပ္ဖြဲ႕က ေဖာ္ျပပါတယ္။

သပိတ္က်င္းနယ္ထဲ ေရႊတူးေဖာ္ေရး လုပ္ငန္းေတြ ရွိေနၿပီး အဲ့ဒီ ေရႊေမွာ္ေတြ အနီးတဝိုက္မွာ စစ္အုပ္စုကို ဆက္ေၾကးေပးၿပီး KTV ေတြ၊ ေလာင္းကစားဝိုင္းေတြ ဖြင့္လွစ္ေနတာလို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္အုပ္စုဟာ နိုင္ငံတဝန္းမွာ ေလာင္းကစားဝိုင္းေတြ၊ မူးယစ္ေဆးေရာင္းသူေတြကို ဆက္ေၾကးေတာင္းကာ ေပၚေပၚတင္တင္ လုပ္ကိုင္ခြင့္ျပဳေနၿပီး မႏၲေလးၿမိဳ႕ေပၚမွာလည္း ေလာင္းကစားဝိုင္းေတြ မွိုလို ေပါက္ေနတယ္လို႔ ၿမိဳ႕ခံေတြက ဆိုပါတယ္။

Crd

Leave a Reply

Your email address will not be published.