နိုင်လူပြောပြတဲ့ အမြန်လမ်းပေါ်က ထူးထူးဆန်းဆန်းဖြစ်ရပ်
News
နိုင်လူပြောပြတဲ့ အမြန်လမ်းပေါ်က ထူးထူးဆန်းဆန်းဖြစ်ရပ်
ယမန်နေ့ညက ရန်ကုန်မှမန္တလေးသို့ အလာမိုင်တိုင် ၁၄၅ အရောက်တွင် အလွန်အိပ်ချင်လာသောကြောင့် လမ်းဘေးတွင် ကားထိုးရပ်ပြီး အိပ်ရာ ၁နာရီလောက် အိပ်ပျော်သွားခဲ့သည်။
အိမ်မက်မက်သလို အပြင်တွင်လာပြေားသလို ကြားလိုက်ရ၍ ပြန်နိုးသွားခဲ့သည်။ လာပြောတာလား။ အိမ်မက်မက်တာလားဆိုတာကို ဝေခွဲ၍မရပါ။
မင်းတို့လူ ၉ ယောက်ပါလာ၍ ကျောက်ခဲ့တလုံးကောက်ယူ၍ မောင်ကျောက်ခဲ့မင်းပါ လိုက်ခဲ့ဟူ၍ ခေါ်သွားပါဟု ပြောပါသည်။ အိပ်ရာမှ လန့်နိုး၍ ကားပေါ်တွင်ပါလာသော မိသားစုဝင်များကို ရေတွက်ကြည့်ရာ ခလေးလူကြီးပေါင်း ၉ ယောက်ဖြစ်နေသည့်အတွက်လန့်သွားခဲ့ပါသည်။
ပြောသည့်အတိုင်း လမ်းဘေးနားတွင်တွေ့ရှိသည့် ကျောက်ခဲကို မောင်ကျောက်ခဲမင်းပါလိုက်ခဲ့၁၀ ယောက်ဟု ပြော၍ မန္တလေးသို့ခရီးဆက်လက်ထွက်ခွာခဲ့ရပါတော့သည်။
ကျွန်တော်လိုအဖြစ်မျိုး ဘယ်သူများဖြစ်ခဲ့ပါသလဲ။ နေပြည်တော်မန္တလေးအမြန်လမ်းတွင် လူ ၉ယောက် သွားခဲ့ဘူးသော ကားများရှိခဲ့ပါသလားဗျာ။ သေချာတာတစ်ခုကတော့ နေပြည်တော်မန္တလေးအမြန်လမ်းတွင် လူ ၉ ယောက်မသွားသင့်ပါ။ မိတ်ဆွေသင်ရောဘယ်လိုထင်ပါသလဲ..နိုင်လူ”လို့ သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
credit
Zawgyi
credit
Leave a Reply
Your email address will not be published.