မင်းမင်းလတ်သီချင်းတွေအော်ဆိုတတ်တဲ့ ဦးဂျင်မီ

News

မင်းမင်းလတ်သီချင်းတွေအော်ဆိုတတ်တဲ့ ဦးဂျင်မီ

ပုဆိုးခပ်တိုတိုနဲ့ ရှပ်အဖြူလက်တိုကို တွဲဖက်၀တ်ဆင်ထားပြီး လွယ်အိတ်တစ်လုံးလွယ်လို့ လက်နောက်ပစ်ထားတဲ့ ဆံပင်ခပ်ထူထူနဲ့ လူငယ်လေးတစ်ဦး ဒေါ်အောင်ဆန်းစုကြည်၊

နောက်ထပ်လူငယ်နှစ်ဦးနဲ့ ယှဥ်တွဲပြီး ကင်မရာကိုကြည့်နေတဲ့ဓာတ်ပုံ ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ထင်ထင်ရှားရှား ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

ဒါဟာ ၁၉၈၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ရှေ့မှာ တွေ့ရတဲ့ အသက် ၁၈ နှစ်အရွယ် နုငယ်တဲ့ ကိုဂျင်မီပါ။

ပုဆိုးခပ်တိုတို၀တ်တတ်ပြီး ရေဘင်မျက်မှန် တပ်ထားတတ်တဲ့၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့၀င် ကိုဂျင်မီဟာ ပါတီနိုင်ငံရေးထက် စည်းရုံးဟောပြောရေးမှာ ပိုအားသန်သူဖြစ်တယ်လို့ သူ့ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်၊

လူ့ဘောင်သစ်ဒီမို ရက်တစ်ပါတီ ဌာနချုပ်မှာအတူလက်တွဲခဲ့တဲ့၊ ၁၉၈၈ နောက်ပိုင်း ထောင်တွင်းမှာ အတူတူ ဖြတ်သန်းဖူးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း ဦးဇော်သက်ထွေးက ပြောပြပါတယ်။

မင်းမင်းလတ်သီချင်းတွေကိုအားရပါးရ ဆိုညည်းလေ့ရှိပြီး လွတ်လပ်ပေ့ါပါးတဲ့၊ သီချင်းတွေ ကဗျာတွေနဲ့ စာအုပ်တွေကိုချစ်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုဂျင်မီဟာ

သူ့ထက် အသက်ငယ်ပေမဲ့ ထောင်တွင်းတိုက်ပွဲတွေမှာ အမြဲတမ်းခေါင်းခံ ဖြေရှင်းတာ၀န်ယူတတ်သူလို့ ၁၉၈၈ နောက်ပိုင်း ထောင်တွင်းမှာ အတူတူ ဖြတ်သန်းဖူးခဲ့တဲ့ ဦးဇော်သက်ထွေးကပြောပါတယ်။

ထောင်တွင်း အခွင့်အရေးတွေအတွက် အာဏာပိုင်တွေကို တိုက်ပွဲ၀င်တိုင်း ဘယ်သူ့အခွင့်အရေးအတွက်ပဲဖြစ်ဖြစ် သူက ဦးဆောင်တတ်လေ့ရှိပြီး အဲဒီလို ဦးစီးဦးဆောင်လုပ်လို့ အာဏာပိုင်တွေကငြှိုးပြီး အစွန်အဖျားထောင်တွေ ပို့မှာကိုလည်း တွေးမမှုတတ်ဘူးလို့ ဦးဇော်သက်ထွေးက ပြန်ပြောပြပါတယ်။

တစ်ခုခုဆို ဘယ်တော့မှမတွေဝေတတ်သလို လုပ်စရာရှိတာ ခပ်မြန်မြန်ဆုံးဖြတ်လုပ်တတ်လို့ နိုင်ငံရေးအကျဥ်းသား အချင်းချင်းမှာတောင် သတ္တိပိုရှိသူလို့ သူငယ်ချင်းအကြောင်း သူက ပြောပါတယ်။

နိုင်ငံရေးခရီးအစ ၈၈ က

၈၈ အရေးအခင်းမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေလည်းပါ၀င်ခဲ့ပါတယ်။

၈၈ အရေးအခင်းစတော့ ဒီမိုကရေစီရရေး လူထုလူတန်းစားအစုံ လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေလည်း အပါအ၀င်ပါ။

ဒါပေမဲ့ စစ်တပ်က ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ အာဏာသိမ်းလိုက်တော့ နိုင်ငံရေး ပလက်ဖောင်းပြောင်းသွားခဲ့ရပြီး တချို့က လက်နက်ကိုင်လမ်းစဥ်ကိုရွေးလို့ နယ်စပ်ကို ထွက်ခွာခဲ့ကြပြီး နောင်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသားတပ်မတော် ဖြစ်လာပါတယ်။

ကိုဇော်သက်ထွေး၊ ကိုဂျင်မီ၊ ကိုမိုးသီးဇွန် တို့အပါအ၀င် ကျောင်းသားခေါင်းဆောင်တချို့ကတော့ မြေပေါ်နိုင်ငံရေး ပါတီလမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး ကျောင်းသားပါတီကြီးတစ်ခုအဖြစ် အသိများခဲ့ကြတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှာ ပါ၀င်ခဲ့ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ NLD ပါတီပြီးရင် ဒုတိယ အင်အား အကြီးဆုံးဖြစ်လာချိန် ပါတီကိုဦးဆောင်သူ အားလုံးနီးပါး အဖမ်းခံကြရ၊ အဖမ်းမခံရ သူတွေလည်း လွတ်မြောက် နယ်မြေတွေဆီ ထွက်ပြေးကြရနဲ့ ပါတီရပ်တည်ရေး အတော်ရုန်းကန်ခဲ့ရပါတယ်။

ဒါကြောင့် ပါတီကိုထိန်းသိမ်းဖို့ ခက်ခဲပြီး တရားမ၀င်အသင်းအဖြစ် နအဖ စစ်အစိုးရရဲ့ ဖျက်သိမ်းမခံရအောင် မြို့ပေါ်မှာ ကျန်ရစ်တဲ့ပါတီ၀င်တချို့က ကျားကန်ရပ်တည်ဖို့ကြိုးစားကြ ပါတယ်။ ဒါကို ကိုဂျင်မီက လက်မခံဘဲ လူထုလှုံ့ဆော်ရေးကိုသာ အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပါတယ်။

ဒါကြောင့်လည်း စစ်အစိုးရက အငြှိုးတကြီးနဲ့ ထောင်ဆယ်စုနှစ်တစ်ခုကျော်ကြာ အကျဥ်းချခံခဲ့ရ သူတွေထဲ ကိုဂျင်မီပါ၀င်ခဲ့ပါတယ်။

Crd

Leave a Reply

Your email address will not be published.