၈လ အတွင်းတော်လှန်ရေးအတွက် ဒေါ်လာ ၃၅သိန်း ထက်မနည်းရှာဖွေပေးနိုင်ခဲ့‌‌တဲ့ အကြောင်းပန်ဆယ်လို

News

၈လ အတွင်းတော်လှန်ရေးအတွက် ဒေါ်လာ ၃၅သိန်း ထက်မနည်းရှာဖွေပေးနိုင်ခဲ့‌‌တဲ့ အကြောင်းပန်ဆယ်လို

၂၀၂၂ ထဲမှာ ဒီနေ့အထိ Project သုံးခု Run ခဲ့ပါတယ်။ ပထမဆုံးတစ်ခုက Project Dragonfly ပါ။ ဒုတိယတစ်ခုက Project NAN HTIKE AUNG ပါ။ တတိယတစ်ခုက ရှေ့ရက်ကမှ ပြီးဆုံးသွားတဲ့ အကြွေးပြန်ယူမယ် Project ပါ။

Project Dragonfly ဟာ ရည်မှန်းချက် ဒေါ်လာခြောက်သိန်းကနေ ဒေါ်လာ 2.2 Millions ရရှိအောင်မြင်ခဲ့ပါတယ်။ Project NAN HTIKE AUNG က ရည်မှန်းချက် ဒေါ်လာငါးသိန်းကနေ ဒေါ်လာခုနှစ်သိန်းခွဲ ရရှိအောင်မြင်ခဲ့ပါတယ်။ အကြွေးပြန်ယူမယ် Project က ရည်မှန်းချက် ဒေါ်လာငါးသိန်းကနေ ဒေါ်လာခြောက်သိန်း ရရှိအောင်မြင်ခဲ့ပါတယ်။

အခုတင်ပြတာက ရှေ့Project နှစ်ခုဖြစ်တဲ့ Project Dragonfly နဲ့ Project NAN HTIKE AUNG ရဲ့ ငွေလွှဲပြောင်းပေးအပ်ပြီးစီးသွားပြီဖြစ်ကြောင်း သက်သေမှတ်တမ်းတွေပါ။အခုနောက်ဆုံး အကြွေးပြန်ယူမယ် Project ကတော့ ပြီးစီးတာ ရက်ပိုင်းပဲ ရှိသေးတာကြောင့် ငွေစီးဆင်းဆဲကာလပဲ ရှိပါသေးတယ်။ မှတ်တမ်းတွေ ရရှိတာနဲ့ တင်ပေးမှာ ဖြစ်ပါတယ်။

Project အနေနဲ့ မဟုတ်ဘဲ ကြားထဲမှာ ထောက်ပို့ထားတဲ့ မှတ်တမ်းတွေကိုလည်း စုစည်းတင်ပြခဲ့မြဲ ဖြစ်ပါတယ်။ ဆက်လက်တင်စရာရှိပါသေးတယ်။

တော်လှန်ရေးအတွက် ရှာဖွေခဲ့တဲ့ Funding စုစုပေါင်းကို ပြန်လည်တွက်ချက်ကြည့်မယ်ဆိုရင် NUG Bond နယ်လှည့်ရောင်းရငွေ ဒေါ်လာတစ်သန်းဝန်းကျင်၊ Project သုံးခုပေါင်း 3.55 Millions နဲ့ ပုံမှန်ထောက်ပို့ငွေရှာဖွေပို့ဆောင်ခြင်းများအပါအဝင် အမေရိကန်ဒေါ်လာ ၆သန်းအောက်ထစ် ရှာဖွေပို့ဆောင်ခဲ့ပြီးပြီဖြစ်ကြောင်း ထောက်ပို့ပြည်သူများကို အစီရင်ခံ တင်ပြအပ်ပါတယ်။

ယုံကြည်စွာထောက်ပို့ပေးကြတဲ့ ပြည်သူအားလုံးနဲ့ တက်ကြွစွာကောက်ခံပေးကြတဲ့ နိုင်ငံတကာFundraiser များကြောင့်သာ အခုလိုကြိုးစားနိုင်တာဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။

အရေးတော်ပုံ အောင်မြင်သည်အထိ တော်လှန်ရေးကို မျက်နှာမူကာ ဆက်လက်ကြိုးစားသွားပါ့မယ်။

Crd

Zawgyi

၈လ အတွင်းတော်လှန်ရေးအတွက် ဒေါ်လာ ၃၅သိန်း ထက်မနည်းရှာဖွေပေးနိုင်ခဲ့‌‌တဲ့ အကြောင်းပန်ဆယ်လို








Crd

Leave a Reply

Your email address will not be published.