ကျဆုံးသွားတဲ့ သူရဲကောင်းတွေ ထပ်မလိုချင်တော့တာကြောင့် PDF အဖွဲ့ဝင်တွေကို တိုက်ပွဲနဲ့ပတ်သက်ပြီး အကြံပေးလာတဲ့ လူငယ်တစ်ဦး(အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ပါ)

News

ကျဆုံးသွားတဲ့ သူရဲကောင်းတွေ ထပ်မလိုချင်တော့တာကြောင့် PDF အဖွဲ့ဝင်တွေကို တိုက်ပွဲနဲ့ပတ်သက်ပြီး အကြံပေးလာတဲ့ လူငယ်တစ်ဦး

ရဲစွမ်းသတ္တိရှိပြီး အနစ်နာခံတတ်တဲ့ စိတ်ဓာတ်ရှိကြတဲ့ လူငယ်တွေကတော့ ပြည်သူတွေကိုကာကွယ်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲကို ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ် ။

နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်နေတဲ့ PDF အဖွဲ့ဝင်လူငယ်တွေက သူတို့ချစ်တဲ့အရာတွေကို စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ် ။

သူတို့က စစ်ပညာတွေသင်ယူဖို့အတွက် တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲနေထိုင်ပြီး ကြိုးစားနေကြတာ ဖြစ်ပါတယ် ။

အခုလည်း PDF အဖွဲ့ဝင်လူငယ်တစ်ဦးက တိုက်ပွဲဝင်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို သုံးသပ်တင်ပြထားတာ ဖြစ်ပါတယ် ။

သူရဲ့စာထဲမှာတော့ ပစ်မှတ်ကြီးကြီးတွေကို တိုက်ခိုက်တဲ့နေရာမှာ ကိုယ့်ဘက်က လက်နက်အင်အားမပြည့်စုံသေးတာပဲဖြစ်ဖြစ်၊

ပျောက်ကျားနည်းစနစ် မကျွမ်းကျင်သေးတာဖြစ်ဖြစ် ဒါမှမဟုတ် နယ်မြေအနေအထားက အတက်အဆုတ်လှုပ်ရှားဖို့ မလွယ်ကူသေးတာမျိုးဆိုရင် မတိုက်ခိုက်တာပဲ ကောင်းပါတယ်လို့ ပြောထားတာ ဖြစ်ပါတယ် ။

သို့ပေမယ့် ပစ်မှတ်ကလွယ်ကူပြီး သိုသိုသိပ်သိပ်နဲ့ တက်လွယ် ဆုတ်လွယ်တာမျိုးဆိုရင်တော့ လှုပ်ရှားကြပါလို့ သူကအကြံပေးထားတာ ဖြစ်ပါတယ် ။

ကျဆုံးသွားတဲ့ သူရဲကောင်းတွေ ထပ်မရှိစေချင်တော့ဘဲ ဂုဏ်ပြုရမယ့်တော်လှန်ရေးသမားတွေသာ ရှိစေချင်တော့တာကြောင့် အခုလိုပြောရတာဖြစ်ကြောင်းကိုလည်း သူကရှင်းပြထားတာ ဖြစ်ပါတယ် ။

ဒါကြောင့် PDF တွေအားလုံးအတွက် ဂုဏ်ယူရသလို စိတ်လည်းပူရတာကြောင့် “သေချာတွက်ချက်ပြီးမှ တိုက်ကြစေချင်တယ် အချိန်တစ်ခုယူဖို့ကို ဘယ်တော့မှ နောက်ကျတယ်မထင်ပါနဲ့” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ် ။

Credit-

Leave a Reply

Your email address will not be published. Required fields are marked *