Zawgyi




RiSE News| ဩဂုတ် ၁၂
















#RiSE_News
Unicode
လျို့ဝှက်ထားတဲ့ Sစ်အင်အားကိုထုတ်ပြလိုက်တဲ့ NUG
PDF တပ်မဟာ ၇မှာ တပ်ရင်း ၁၅ရင်းအထိ တိုးချဲ့နိုင်ပြီလို့ ထုတ်ပြော




RiSE News| ဩဂုတ် ၁၂




ဖက်ဒရယ်တပ်မတော် အမြုတေ ပြည်သူ့ကာကွယ်ရေးတပ်မတော် Sစ်ဒေသ (၁) အနောက်ပိုင်းတိုင်း Sစ်ဌာနချုပ် တပ်မဟာ ၇မှာ တစ်နှစ်အတွင်း တပ်ရင်း ၁၅ ရင်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ပြီလို့ တပ်မဟာ ၇က ကြေညာပါတယ်။




“လက်ဗလာကနေ စခဲ့ရတဲ့ တော်လှန်ရေးခရီးဟာ မလွယ်ကူပါဘူး။ တစ်နှစ်ကျော်ကြာတဲ့အချိန်မှာတော့ ပြည်သူ နဲ့ တိုင်းပြည်အတွက်တပ်ရင်း(၁၅)ရင်း စုပေါင်းချိတ်ဆက် လှုပ်ရှားနိုင်တဲ့ တပ်မဟာ တစ်ခုအဖြစ် တည်ထောင်နိုင်ခဲ့ပါတယ်” လို့ တပ်မဟာ ၇ ကပြောပါတယ်။




တပ်မဟာ (၇) တည်ထောင်ခြင်း တစ်နှစ်ပြည့်ပွဲအတွက် Sစ်ရေးပြအခမ်းအနားမှာ တပ်ရင်း(၄) ရင်းသာ စုပေါင်းကျင်းပခဲ့တာ ဖြစ်တယ်လို့ မနေ့ညက ထုတ်ပြန်ပါတယ်။
တစ်နှစ်ပြည့်အခမ်းအနားမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပါးရာမှာ ကျဆုံးရဲဘော်တွေနဲ့ လတ်တလော တိုက်ခိုက်နေတဲ့ ရဲဘော်တွေကို လေးစားဂုဏ်ယူကြောင်းနဲ့ ဖက်ဒရယ်တည်ထောင်နဲ့အထိ ဆက်လက်ရုန်းကန်ကြဖို့ ပြောဆိုခဲ့ပါတယ်။




“Uniform မတပ်ဆင်နိုင်သေး တဲ့ တပ်ဖွဲ့ဝင်တွေကို Sစ်ရေးပြအခမ်းအနားထဲ မထည့်နိုင်ခဲ့ပါဘူး” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်း တပ်မဟာ (၇) ကပြောပါတယ်။




#RiSE_News
Crd