အိမ်ကိုဆွမ်းခံကြွလာတဲ့ ဦးခေါင်းထက်၌ ဒက်ချေးများများနဲ့ ညစ်ပတ်တဲ့ ကိုရင်လေးကိုကြည့်ပြီး အထင်မသေးကြပါနဲ့

News

အိမ်ကိုဆွမ်းခံကြွလာတဲ့ ဦးခေါင်းထက်၌ ဒက်ချေး.များများနဲ့ ညစ်ပတ်တဲ့ကိုရင်လေးမို့ အထင်မသေးပဲ မိမိဒါနဆွမ်း စေတနာတွေ အလဟားသက်မဖြစ်သွားပါစေနဲ့…

ရဟန်းတွေလို သေသပ်မူ့မရှိ သန့်ရှင်းမူ့နဲ့မပြည့်စုံတဲ့ ခြေထောက်မည်းတူးတူး သင်္ကန်း ဖြစ်သလိုရုံထားတဲ့ ကိုရင်လေးမိမိ စေတနာသဒ္ဒါတရားနဲ့လောင်းတဲ့ ဘုံဆွမ်းလောင်း ဝင်မိတဲ့အခါ ညစ်ပတ်နေတာပဲဆိုပြီး အထင်သေးပြီး နှာခေါင်း မရှုံ လိုက်ပါနဲ့…

ဆွမ်းခံရင်း လမ်းပေါ်ဆော့သွားတဲ့ ကိုရင်ငယ်လေးကိုကြည့်ပြီး အပြစ်မပြောပဲ ငါ့သားလေးဆိုရင်လည်း ဒီလိုပဲ ဆော့မှာဆိုပြီး မိခင်နေရာယူပေးသွားပါ…

ကိုရင်ငယ်လေးမို့ အတန်းပညာတွေ မရှိသေးလို့ ဂုဏ် ပညာရေးတခုအတွက်နဲ့ ကိုရင်ငယ်လေးတွေကို အားရှိ ဆော့နေတာ စာကျမကျက်ဘူးဆိုပြီး အပြစ်တွေလိုက်မပြောကျပါနဲ့.အချိန်မတန်သေးလို့ပါ..

ကိုရင်ငယ်လေးရဲ့ ကြိုးစားမူ ကိုရင်ငယ်လေးရဲ့ အောင်မြင်မူ့ ကိုရင်ငယ်လေးရဲ့ မေတ္တာဓာတ်တွေက ဆရာတော်ကြီးဖြစ်သွားမှ မိမိစကားတွေ အမှတ်တမဲ့ကနေ အမှတ်တရ`နောင်တ’ တွေ ဖြစ်သွားလိမ့်မယ်….

မထေရ်ကြီး ဆရာတော်ကြီးတွေဆိုတာလည်း..ခေါင်းဒက်ချေးပေါက် ဖရုံဖရဲ ဝတ်ရုံတဲ့ ကိုရင်ငယ်လေးတွေကနေ ဖြစ်လာတာပါဗျာ…..။

ရုပ်ချော ရုပ်ဆိုး ပညာတတ် ပညာနည်း သန့်ရှင်း ညစ်ပတ်မရွေး..ကြည်ညိုနိုင်ကြပါစေ…..။

အရာရာတိုင်းကို တရားသေဟု မှတ်ယူမလိုက်ပါနဲ့…….။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့‌လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit သကျနွယ်

အိမ္ကိုဆြမ္းခံႂကြလာတဲ့ ဦးေခါင္းထက္၌ ဒက္ေခ်း.မ်ားမ်ားနဲ႔ ညစ္ပတ္တဲ့ကိုရင္ေလးမို႔ အထင္မေသးပဲ မိမိဒါနဆြမ္း ေစတနာေတြ အလဟားသက္မျဖစ္သြားပါေစနဲ႔…

ရဟန္းေတြလို ေသသပ္မူ႔မရွိ သန႔္ရွင္းမူ႔နဲ႔မျပည့္စုံတဲ့ ေျခေထာက္မည္းတူးတူး သကၤန္း ျဖစ္သလို႐ုံထားတဲ့ ကိုရင္ေလးမိမိ ေစတနာသဒၵါတရားနဲ႔ေလာင္းတဲ့ ဘုံဆြမ္းေလာင္း ဝင္မိတဲ့အခါ ညစ္ပတ္ေနတာပဲဆိုၿပီး အထင္ေသးၿပီး ႏွာေခါင္း မရႈံ လိုက္ပါနဲ႔…

ဆြမ္းခံရင္း လမ္းေပၚေဆာ့သြားတဲ့ ကိုရင္ငယ္ေလးကိုၾကည့္ၿပီး အျပစ္မေျပာပဲ ငါ့သားေလးဆိုရင္လည္း ဒီလိုပဲ ေဆာ့မွာဆိုၿပီး မိခင္ေနရာယူေပးသြားပါ…

ကိုရင္ငယ္ေလးမို႔ အတန္းပညာေတြ မရွိေသးလို႔ ဂုဏ္ ပညာေရးတခုအတြက္နဲ႔ ကိုရင္ငယ္ေလးေတြကို အားရွိ ေဆာ့ေနတာ စာက်မက်က္ဘူးဆိုၿပီး အျပစ္ေတြလိုက္မေျပာက်ပါနဲ႔.အခ်ိန္မတန္ေသးလို႔ပါ..

ကိုရင္ငယ္ေလးရဲ႕ ႀကိဳးစားမူ ကိုရင္ငယ္ေလးရဲ႕ ေအာင္ျမင္မူ႔ ကိုရင္ငယ္ေလးရဲ႕ ေမတၱာဓာတ္ေတြက ဆရာေတာ္ႀကီးျဖစ္သြားမွ မိမိစကားေတြ အမွတ္တမဲ့ကေန အမွတ္တရ`ေနာင္တ’ ေတြ ျဖစ္သြားလိမ့္မယ္….

မေထရ္ႀကီး ဆရာေတာ္ႀကီးေတြဆိုတာလည္း..ေခါင္းဒက္ေခ်းေပါက္ ဖ႐ုံဖရဲ ဝတ္႐ုံတဲ့ ကိုရင္ငယ္ေလးေတြကေန ျဖစ္လာတာပါဗ်ာ…..။

႐ုပ္ေခ်ာ ႐ုပ္ဆိုး ပညာတတ္ ပညာနည္း သန႔္ရွင္း ညစ္ပတ္မေ႐ြး..ၾကည္ညိဳႏိုင္ၾကပါေစ…..။

အရာရာတိုင္းကို တရားေသဟု မွတ္ယူမလိုက္ပါနဲ႔…….။

အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔‌ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit သက်ႏြယ္

Leave a Reply

Your email address will not be published.