သားငယ်လေးရဲ့မွေးနေ့မှာ အမှတ်တရပုံလေးတွေနဲ့အတူ ဆုတောင်းစကားပြောလိုက်တဲ့ ဒါရိုက်တာကိုပေါက်
ဒါရိုက်တာကိုပေါက်က သားငယ်လေးရဲ့မွေးနေ့မှာ အမှတ်တရပုံလေးတွေနဲ့အတူ ဆုတောင်းစကားလေးတွေပြောထားပါတယ်။




ဒါရိုက်တာကိုပေါက်ဟာ လွတ်မြောက်နယ်မြေကနေနိုင်ရာတာဝန်ထမ်းရင်း ပြည်သူ့ဘက်တော်သားတွေနဲ့အတူ အာဏာရှင်ကိုတော်
လှန်နေတဲ့ အနုပညာရှင်းတစ်ဦးဖြစ်ပါတယ်။
ချစ်ခင်အားပေးတဲ့ပရိသတ်ကြီးကလည် ဆုတောင်းစကားလေးတွေပြောပေးကြရအောင်နော်
ဒါရိုက်တာကိုပေါက်က




မွေးနေ့မှာပျော်ရွှင်ကျန်းမာပါစေ သားသားရေ။
ဖေဖေတို့အရင်လို ဘဝတွေပြန်ရဖို့ကြိုးစားရအုံးမယ်သားသားရေ။
အဆင်မပြေတာတွေ ခက်ခဲတာတွေရင်ဆိုင်ရရင်
ဖေဖေ့အပြစ်လို့ပဲ ပုံချလိုက်ပါသား။
အဆင်ပြေတာတွေ ချောမွေ့တာတွေ ကြုံရရင်




မေမေ့ကြောင့်ပါသား။
ဒီအချိန်မှာ ဖေဖေ့ရဲ့တာဝန်ပျက်ကွက်မှုတွေ
အလုပ်တွေမလုပ်ရလို့ ပိုက်ဆံမရှာနိုင်တော့ အရင်ကလို
မွေးနေ့အကောင်းစားတွေ မလုပ်ပေးနိုင်တာ ဖေဖေစိတ်မကောင်းဘူးသား။
ဒီအချိန်ဟာ သားအတွက် ခက်ခဲမယ်ဆိုတာ




ဖေဖေသိပါတယ်။
ဒါပေမယ့် ဒီခရီးကိုဖေဖေ ဆက်လျှောက်ရအုံးမယ်။
သားတို့အတွက် အခက်အခဲတွေ ထပ်ကြုံရအုံးမယ်နော်။
သူများတွေလိုကျောင်းအကောင်းစားတွေ မထားနိုင်ပေမယ် ဖေဖေ့သားတွေကို အသက်နှင့်ရင်းပြီးချစ်တယ်။
မေမေ့စကားနားထောင်ပါ။




ချစ်တယ်သားငယ်လေး
သားသားဖြစ်ချင်တဲ့ စူပါဟီးရိုးတွေဖြစ်ပါစေ။
ဆိုပြီး သားငယ်လေးရဲ့မွေးနေ့မှာ ဆုတောင်းစကားပြောပေးထားတာပဲဖြစ်ပါတယ်။ သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်ကြီးကလည်း
ဒါရိုက်တာကိုပေါက်ရဲ့သားငယ်လေးရဲ့မွေးနေ့မှာဆုတောင်းစကားလေးတွေပြောပေးလိုက်ကြအောင်နော်။
Crd