နိုင်ငံအကြီးအကဲတွေ တကယ့်လုပ်သင့်တာတွေကို ပြောပြလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်

News

နိုင်ငံအကြီးအကဲတွေ တကယ့်လုပ်သင့်တာတွေကို ပြောပြလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်

နာမည်ကြီးအနုပညာရှင်အချို့ကတော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဆင်နွှဲခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ဒါရိုက်တာ ကိုပေါက် တစ်ယောက်ကလည်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။

ကိုပေါက် ကတော့ နိုင်ငံအကြီးအကဲလုပ်မယ့်လူတွေအတွက် မှန်မှန်ကန်ကန် လုပ်ဆောင်ရမယ့် နည်း‌လမ်းတွေကို ပြောပြလိုက်ပါတယ်။

” အရှင်လတ်လတ်အရေခွံအဆုတ်ခံရသူ ဘီစီ ၅၀၀ လောက်တုန်းက ပါရှား (ယခု အီရန်)နိုင်ငံမှာ ဒုတိယမြောက် ကမ်ဘိုက်စီးစ် (Cambyses II) အုပ်စိုးစဉ်မှာ

တိုင်းပြည်ရဲ့အဆင့်အမြင့်ဆုံးတရားသူကြီးဖြစ်တဲ့ တော်ဝင်တရားသူကြီး (royal judge) ဆက်ဆမ်းနက်စ် (Sisamnes)ဟာ လာဘ်စားပြီး အမှုတွေကို တရားမဲ့ စီရင်ဆုံးဖြတ်နေတာကို

ဘုရင်က သိသွားတော့ အမိန့်မချသေးဘဲ သူ့နေရာကို ဘယ်သူ ဆက်ခံသင့်တယ်ထင်လဲလို့ လာဘ်စားတဲ့ တော်ဝင်တရားသူကြီး (ဆက်ဆမ်းနက်စ်)ကို မေးတယ်။

လောဘကြီးတဲ့ ဆက်ဆမ်းနက်စ်က သူ့သားကို ပေးသင့်တယ်လို့ ဖြေတယ်။ ဘုရင်က သဘောတူပြီး ဆက်ဆမ်းနက်စ်ရဲ့သား အော့တိန်းစ် (Otanes)ကို တော်ဝင်တရားသူကြီး ခန့်တယ်။ ပြီးတော့ လာဘ်စားပြီး

တရားမဲ့တရားစီရင်ရင် ဘယ်လို ခံရမယ်ဆိုတာကို သတိပေးဖို့အတွက် တော်ဝင်တရားသူကြီး အသစ်ထိုင်မယ့် ခုံကို အရှင်လက်လက် အရေခွံဆုတ်ထားတဲ့ လာဘ်စားတဲ့တရားသူကြီးရဲ့ အရေပြားနဲ့ ဖုံးအုပ်ရမယ်လို့ အမိန့်ချတယ်။

ဒီလိုနဲ့ လာဘ်စားပြီး မတရား တရားစီရင်ခဲ့တဲ့ တော်ဝင်တရားသူကြီး ဆက်ဆမ်းနက်စ်ကို အရှင်လက်လက် အရေခွံဆုတ်ပြီး ကွပ်မြတ်လိုက်တယ်။

တရားသူကြီး အသစ်ဖြစ်လာခဲ့တဲ့ သူ့သားဟာလည်း တရားစီရင်ဆုံးဖြတ်တိုင်း သူဟာ သူ့အဖေရဲ့ အရေပြားနဲ့ အုပ်ထားတဲ့ ခုံမှာ ထိုင်နေပါလားဆိုတာကို အမြဲ သတိရနေစေခဲ့တယ်။

အဲဒီ့အဖြစ်အပျက်ကို နယ်သာလန်ပန်းချီဆရာ ဂျရက် ဒေးဗစ် (Gerard David)က ၁၄၉၈ ခုနှစ်မှာ “ဆက်ဆမ်းနက်စ်ကို ဖမ်းဆီးခြင်း” (The Arrest of Sisamnes)နဲ့

“ဆက်ဆမ်းနက်စ်ကို အရေခွံခွာခြင်း”(The Flaying of Sisamnes)ဆိုတဲ့ ပန်းချီကား နှစ်ကား ဆွဲခဲ့တယ်။

၁၅ ရာစုတုန်းက ဥရောပမှာ ဒီပန်းချီကား နှစ်ချပ်ကို တရားမျှတမှု ခန်းမတွေ (chambers of justice)မှာ ချိတ်ဆွဲခဲ့ကြတယ်တဲ့။

ဆရာမျိုးနိုင်ဆီက ရတဲ့ မှတ်သားစရာတစ်ခုပါ။ ဒါဟာမှတ်သားစရာဆိုတာထက် နိုင်ငံအကြီးအကဲတွေ ၊ အနာဂတ်ကိုဦးဆောင်မယ့်သူတွေ အတွက်အရေးကြီးတဲ့ နိမိတ်ပုံတွေဖြစ်ပါတယ်။

ကိုယ့်အုပ်စု အာဏာမြဲရေး အတွက် ဦးမတည်သူတွေ ကိုယ့်ပါတီ ရှင်သန်ရေး အတွက် အတ္တမကြီးသူတွေက ပါရှားဘုရင်လို

ကျင့်ကြံနိုင်ပြီး လက်တွဲညီညီ ပန်းတိုင်ဆီ အရောက်သွားနိုင်ဖို့ ဆုတောင်းပါတယ်” ကိုပေါက် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

Crd

Unicode

ႏိုင္ငံအႀကီးအကဲေတြ တကယ့္လုပ္သင့္တာေတြကို ေျပာျပလိုက္တဲ့ ဒါ႐ိုက္တာ ကိုေပါက္

နာမည္ႀကီးအႏုပညာရွင္အခ်ိဳ႕ကေတာ့ ျပည္သူေတြဘက္ကေန ရပ္တည္ၿပီး အာဏာရွင္ဆန႔္က်င္တဲ့ ေႏြဦးေတာ္လွန္ေရးဆင္ႏႊဲခဲ့လို႔ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

ဒါ႐ိုက္တာ ကိုေပါက္ တစ္ေယာက္ကလည္း ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ၅၀၅(က)နဲ႔ အမႈဖြင့္ခံထားရသူ ျဖစ္ပါတယ္။

လြတ္ေျမာက္နယ္ေျမ တစ္ေနရာကို ေရာက္ရွိေနတဲ့ ကိုေပါက္ ကေတာ့ ေရာက္ရာေနရာကေန ေတာ္လွန္ေရးတိုက္ပြဲဆင္ႏႊဲေနသူ ျဖစ္ပါတယ္။

ကိုေပါက္ ကေတာ့ ႏိုင္ငံအႀကီးအကဲလုပ္မယ့္လူေတြအတြက္ မွန္မွန္ကန္ကန္ လုပ္ေဆာင္ရမယ့္ နည္း‌လမ္းေတြကို ေျပာျပလိုက္ပါတယ္။

” အရွင္လတ္လတ္အေရခြံအဆုတ္ခံရသူ ဘီစီ ၅၀၀ ေလာက္တုန္းက ပါရွား (ယခု အီရန္)ႏိုင္ငံမွာ ဒုတိယေျမာက္ ကမ္ဘိုက္စီးစ္ (Cambyses II) အုပ္စိုးစဥ္မွာ

တိုင္းျပည္ရဲ႕အဆင့္အျမင့္ဆုံးတရားသူႀကီးျဖစ္တဲ့ ေတာ္ဝင္တရားသူႀကီး (royal judge) ဆက္ဆမ္းနက္စ္ (Sisamnes)ဟာ လာဘ္စားၿပီး အမႈေတြကို တရားမဲ့ စီရင္ဆုံးျဖတ္ေနတာကို

ဘုရင္က သိသြားေတာ့ အမိန႔္မခ်ေသးဘဲ သူ႔ေနရာကို ဘယ္သူ ဆက္ခံသင့္တယ္ထင္လဲလို႔ လာဘ္စားတဲ့ ေတာ္ဝင္တရားသူႀကီး (ဆက္ဆမ္းနက္စ္)ကို ေမးတယ္။

ေလာဘႀကီးတဲ့ ဆက္ဆမ္းနက္စ္က သူ႔သားကို ေပးသင့္တယ္လို႔ ေျဖတယ္။ ဘုရင္က သေဘာတူၿပီး ဆက္ဆမ္းနက္စ္ရဲ႕သား ေအာ့တိန္းစ္ (Otanes)ကို ေတာ္ဝင္တရားသူႀကီး ခန႔္တယ္။ ၿပီးေတာ့ လာဘ္စားၿပီး

တရားမဲ့တရားစီရင္ရင္ ဘယ္လို ခံရမယ္ဆိုတာကို သတိေပးဖို႔အတြက္ ေတာ္ဝင္တရားသူႀကီး အသစ္ထိုင္မယ့္ ခုံကို အရွင္လက္လက္ အေရခြံဆုတ္ထားတဲ့ လာဘ္စားတဲ့တရားသူႀကီးရဲ႕ အေရျပားနဲ႔ ဖုံးအုပ္ရမယ္လို႔ အမိန႔္ခ်တယ္။

ဒီလိုနဲ႔ လာဘ္စားၿပီး မတရား တရားစီရင္ခဲ့တဲ့ ေတာ္ဝင္တရားသူႀကီး ဆက္ဆမ္းနက္စ္ကို အရွင္လက္လက္ အေရခြံဆုတ္ၿပီး ကြပ္ျမတ္လိုက္တယ္။

တရားသူႀကီး အသစ္ျဖစ္လာခဲ့တဲ့ သူ႔သားဟာလည္း တရားစီရင္ဆုံးျဖတ္တိုင္း သူဟာ သူ႔အေဖရဲ႕ အေရျပားနဲ႔ အုပ္ထားတဲ့ ခုံမွာ ထိုင္ေနပါလားဆိုတာကို အၿမဲ သတိရေနေစခဲ့တယ္။

အဲဒီ့အျဖစ္အပ်က္ကို နယ္သာလန္ပန္းခ်ီဆရာ ဂ်ရက္ ေဒးဗစ္ (Gerard David)က ၁၄၉၈ ခုႏွစ္မွာ “ဆက္ဆမ္းနက္စ္ကို ဖမ္းဆီးျခင္း” (The Arrest of Sisamnes)နဲ႔

“ဆက္ဆမ္းနက္စ္ကို အေရခြံခြာျခင္း”(The Flaying of Sisamnes)ဆိုတဲ့ ပန္းခ်ီကား ႏွစ္ကား ဆြဲခဲ့တယ္။

၁၅ ရာစုတုန္းက ဥေရာပမွာ ဒီပန္းခ်ီကား ႏွစ္ခ်ပ္ကို တရားမွ်တမႈ ခန္းမေတြ (chambers of justice)မွာ ခ်ိတ္ဆြဲခဲ့ၾကတယ္တဲ့။

ဆရာမ်ိဳးႏိုင္ဆီက ရတဲ့ မွတ္သားစရာတစ္ခုပါ။ ဒါဟာမွတ္သားစရာဆိုတာထက္ ႏိုင္ငံအႀကီးအကဲေတြ ၊ အနာဂတ္ကိုဦးေဆာင္မယ့္သူေတြ အတြက္အေရးႀကီးတဲ့ နိမိတ္ပုံေတြျဖစ္ပါတယ္။

ကိုယ့္အုပ္စု အာဏာၿမဲေရး အတြက္ ဦးမတည္သူေတြ ကိုယ့္ပါတီ ရွင္သန္ေရး အတြက္ အတၱမႀကီးသူေတြက ပါရွားဘုရင္လို

က်င့္ႀကံႏိုင္ၿပီး လက္တြဲညီညီ ပန္းတိုင္ဆီ အေရာက္သြားႏိုင္ဖို႔ ဆုေတာင္းပါတယ္” ကိုေပါက္ ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။

Crd

Leave a Reply

Your email address will not be published.