Unicode
တော်လှန်ရေးကိုပဲ အာရုံစိုက်သင့်ကြောင်း သတိပေးစကားပြောလိုက်တဲ့ လူရွှင်တော် တိုင်းကျော်
မြန်မာ့ဇာတ်ခုံပေါ်မှာ ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေကို ပျော်ရွှင်စေခဲ့တဲ့ ဟားငါးကောင်လူရွှင်တော်အဖွဲ့ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ် ထင်ပါတယ်နော်။ဟားငါးကောင်အဖွဲ့ကို အဖွဲ့ဝင်ငါးဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့ဝင်တစ်ယောက်စီတိုင်းကိုလဲ ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးကြပါတယ်။




ဟားငါးကောင်အဖွဲ့ဟာ အမှန်တရားကို ချစ်မြတ်နိုးသူတွေဖြစ်တာကြောင့် နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ လမ်းမပေါ်ထွက် ဆန္ဒပြသခဲ့ကြတာဖြစ်ပါတယ်။
ဒါကြောင့်လဲ ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရပြီးနောက် မိသားစုနဲ့ခွဲခွာပြီး ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို တိမ်းရှောင်နေတာပဲ ဖြစ်ပါတယ်။




လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ပြီးနောက် တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို ကြိုးစားထမ်းဆောင်နေကြတာကို တွေ့ရပါတယ်။ဟားငါးကောင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တိုင်းကျော် ဟာ
အွန်လိုင်းပေါ်မှာ ဖြစ်ပျက်နေကြတဲ့အကြောင်းအရာတွေကို ပြည်သူတွေစိတ်ဝင်းစားနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး” ဘာပွဲညာပွဲတွေကို ၊ အာရုံစိုက်တဲ့ တဝက်လောက်ဘဲ ၊ တချို့တွေတော်လှန်ရေးကိုဂရုစိုက်ပေးရင် ၊ တော်လှန်ရေးကနိုင်နေလောက်ပြီ ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။




ပရိသတ်ကြီးရေ တော်လှန်ရေးကြီးမှာ သွေးအေးသွားလို့မရပါဘူးနော်၊ ဒါကြောင့် အာရုံစိုက်ပြီး ပါဝင်ကြဖို့ လိုအပ်ပါတယ်။
Crd
Zawgyi
တော်လှန်ရေးကိုပဲ အာရုံစိုက်သင့်ကြောင်း သတိပေးစကားပြောလိုက်တဲ့ လူရွှင်တော် တိုင်းကျော်












Crd