မန္တလေးတွင် ဓာတ်ဆီဝယ်ယူရန် မိုးရွာထဲတန်းစီနေရ
News
မန္တလေးတွင် ဓာတ်ဆီဝယ်ယူရန် မိုးရွာနေသည့်ကြားမှ
မန္တလေး (မဇ္စျိမ) ။ ။ မန္တလေးမြို့တွင် စက်သုံးဆီရရှိရန် မိုးရွာနေသည့်ကြားမှ တန်းစီဝယ်ယူနေသူ ပိုမိုများပြားလာသည်ဟု ဒေသခံများက ပြောသည်။
လက်ကား စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဓာတ်ဆီရောင်းချပေးနိုင်ခြင်းမရှိသည်ကို တွေ့ရကြောင်းနှင့် သတ်မှတ်စျေးနှုန်းထက် စျေးမြှင့်တင်ရောင်းချနေသည့် ဆိုင်များလည်းရှိကြောင်းလည်း သိရသည်။
“ ၉၂ ကို ၂,၆၀၀ နဲ့ရောင်းတဲ့ ဆိုင်တောင်ရှိတယ်။ ဒါပေမဲ့လည်း ဆီရပြီးရောဆိုပြီး ဝယ်ထည့်သုံးနေရတာပါပဲ။ ဆိုင်တော်တော်များများက ဓာတ်ဆီမရောင်းနိုင်တော့ဘူး။ စျေးကျတုန်းက ထုတ်မရောင်းပေးတဲ့ဆိုင်လောက်ပဲ အခုရောင်းပေးနိုင်တာလို့မြင်တယ်” ဟု သြဂုတ် ၁၂ ရက်တွင် စက်သုံးဆီဝယ်ယူခဲ့သည့် အငှားယာဉ်မောင်းတစ်ဦးကပြောသည်။
စစ်ကောင်စီ၏ ဒေါ်လာငွေလဲလှယ်နှုန်းတိုးမြှင့်သတ်မှတ်လိုက်မှု၏ နောက်ဆက်တွဲဂယက်အဖြစ် နှစ်ရက်ခန့်ကျရိပ်ပြခဲ့သည့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ယမန်နေ့ ဩဂုတ်လ ၁၁ရက် မှ စတင်ကာ ပြန်လည် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
မန္တလေးတွင် ဓာတ်ဆီဝယ်ယူရန် မိုးရွာနေသည့်ကြားမှ တန်းစီနေရ
လက်ကား စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဓာတ်ဆီရောင်းချပေးနိုင်ခြင်းမရှိသည်ကို တွေ့ရကြောင်းနှင့် သတ်မှတ်ဈေးနှုန်းထက် ဈေးမြှင့်တင်ရောင်းချနေသည့် ဆိုင်များလည်းရှိကြောင်းလည်း သိရသည်။
စစ်ကောင်စီ၏ ဒေါ်လာငွေလဲလှယ်နှုန်းတိုးမြှင့်သတ်မှတ်လိုက်မှု၏ နောက်ဆက်တွဲဂယက်အဖြစ် နှစ်ရက်ခန့်ကျရိပ်ပြခဲ့သည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ယမန်နေ့ ဩဂုတ်လ ၁၁ရက် မှ စတင်ကာ ပြန်လည် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
crd
Leave a Reply
Your email address will not be published.