အနာဂတ်အကြောင်း စဥ်းစားလိုက်ရင် ရင်လေးမိတဲ့အကြောင်း ရင်ဖွင့်လိုက်တဲ့ အဆိုတော် မေ
LOST ဆိုတဲ့ တေးသီချင်းနဲ့ လူငယ် ပရိတ်သတ်ကြားမှာ နာမည်ကြီး ရေပန်းစားခဲ့ပြီး ချိုသာတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေ ဆိုတဲ့ အဆိုတော်ကောင်မလေး ကိုတော့ အားလုံးပဲ သိကြမှာပါ။




အားကိုးမယ်နော် ဆိုတဲ့ အဆိုတော် ဘရိတ်ကီနဲ့အတူသီဆိုထားတဲ့ သင်္ကြန်တေးသီချင်းလေးနဲ့ ပရိတ်သတ်အားပေးမှု စတင်ရရှိခဲ့တဲ့ မေ ဟာ အခုဆိုရင်တော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါပြီ။
သူမသီဆိုထားတဲ့သီချင်းလေးတွေဟာ လူငယ်ပရိသတ်တွေကြားမှာ အရမ်းကိုနာမည်ကြီး ကျော်ကြားခဲ့ပြီး အားလုံးကကြိုက်နှစ်သက်လက်ခံခဲ့ကြပါတယ်။
သူမဟာ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေတဲ့အပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလဲ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့အချစ်တွေကို ခံယူထားသူလေးပါ။




အဆိုတော် မေ ဟာ နွေဦးတော်လှန်ရေးမှာလဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီး မိသားစုနဲ့ဝေးရာ ဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။
သူမ ကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဂီတကြယ်ပွင့် ရော့ခ်အဆိုတော် ရေမွန် နဲ့ အချစ်ဆုံးသူငယ်ချင်းတွေလဲ ဖြစ်ပါသေးတယ်။




အဆိုတော် မေ ကတော့ ရင်ထဲမှာ ဝမ်းနည်းနေတဲ့အကြောင်းကို ပရိသတ်တွေကို အခုလိုပဲ အသိပေးလာခဲ့ပါတယ်။
” အကျယ်ကြီးအော်ဟစ်ပြီး ငိုကြွေးပစ်လိုက်ချင်တယ်.. ဒါပေမယ့် ကိုယ့်ငိုသံတွေကို နားထောင်ပေးမယ့် သူတွေမှာလဲ
မျက်ရည်တွေနဲ့.. မငိုရက်တော့ပေ…” လို့ အဆိုတော် မေ ဟာ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။




ပရိသတ်ကြီးရေ ဝမ်းနည်းနေတဲ့ အဆိုတော် မေ ကို အားပေးစကားလေးတွေ ကောမန့်မှာ ပြောပေးခဲ့ပါအုန်းနော်။
Crd
Unicode
















Crd