တော်လှန်ရေးကာလမှာ သိခဲ့ရတဲ့အသိလေးတွေကို မှတ်မှတ်ရရမျှဝေလာသည့် ကိုကျော်သက်လင်း ရင်တွင်းဖြစ်

News

တော်လှန်ရေးကာလမှာ သိခဲ့ရတဲ့အသိလေးတွေကို မှတ်မှတ်ရရမျှဝေလာသည့် ကိုကျော်သက်လင်း ရင်တွင်းဖြစ်

ဩဂုတ်လ ၁၁ ရက်နေ့။

တော်လှန်ရေးကာလမှာ ကျနော်သိခဲ့ရတဲ့အသိလေးတွေကို ဒီနေ့မှာ မှတ်မှတ်ရရမျှဝေလိုပါတယ်။
အဲဒါကတော့ ကျနော်တို့အမြဲပြောပြောနေတဲ့ ရိုးသားရမယ်ဆိုတဲ့စကား။

လူဟာ ပုံမှန်အတိုင်းဆိုရင်ရိုးသားပါတယ်။ရိုးသားကြပါတယ်။ဘယ်အချိန်မှာဖောက်ပြန်လာကြသလည်းဆိုရင်လိုချင်တပ်မက်လာတဲ့အခါမှာပါ။

ငါ့အတွက်၊ ငါ့သားသမီး ၊ငါ့မိဘအတွက်၊ ငွေကြေးနဲ့ရာထူးအာဏာပါဝါတွေအတွက်၊အသက်‌အန္တရယ်သော်၎င်း ကြုံလာကြတဲ့အခါမယ် နိုင်ချင်ကြတာမို့
ပြိုင်ကြဆိုင်ကြတဲ့အခါမယ် ရှိရင်းစွဲရိုးသားမှုတွေက ပြိုကျပျက်စီးလာကြပါသည်။

မှားတတ်ကြပါတယ်။နားလည်ပါတယ်။
ကျနော်လည်းမှားဘူးသလို သတိလွတ်တိုင်းမှားနေဆဲပါပဲ။ငယ်တုန်းကအမှားကြီးနဲ့ ကြီးလာတော့ဆင်ခြင်တဲ့ကြားကဖြစ်လာတဲ့အမှားလောက်ပဲကွာတာပါ။

နောက်တစ်ခုက ပတ်ဝန်းကျင်ကြောင့်မှားတတ်တာပါ။သိပ်အရေးကြီးပါတယ်။ရိုးသားမှုဆိုတဲ့စကားလုံးက သိပ်ကိုနူးညံ့ပေမယ့် သူ့ကိုမထိခိုက်ဖို့ပြတ်သားဖို့လိုပါတယ်။ပျက်စီးသွားတဲ့ရိုးသားမှုတွေက ရင်နာဖို့ကောင်းပါသည်။

ရိုးသားမှုကအရင်းအနှီးကြီးပါတယ်။
ပြတ်သားစွာငြင်းပြီး ရိုးသားမှုကိုစောင့်ထိန်းမလား?
လိုက်လျောညီထွေနေပြီး သံတမန်ဆန်စွာ win win situations ဖြစ်အောင်သင်နေတတ်သလား?
မလုပ်ချင်တာတွေလုပ်ပြီးရိုးသားမှုတွေကိုရေစုန်မျှောလိုက်မလား?

သင့်လုပ်နိုင်စွမ်းထိန်းချူပ်နိုင်စွမ်းက “သင်”ဘယ်လိုလူလည်းဆိုတာကို မပြောပဲသိစေမှာပါ။
သေခြာတာကတော့ အဝတ်တွေကို ဝတ်ပြီးတိုင်း ပြန်လည်လျှော်ဖွတ်သလို စိတ်
တွေကိုလည်းပြန်လည်လျှော်ဖွတ်သန့်စင်ပါ။

တစ်ကြိမ်တစ်ခါပဲရိုးသားကြည့်ပါ။သင် ရိုးသားမှုရဲ့အသီးအပွင့်တွေချိုမြိန်လွန်းလို့ အမြဲစားသုံးမိပါလိမ့်မယ်။“အမှန်ကိုသိနိုင်ဖို့၊ပြတ်သားဖို့နဲ့အမုန်းခံနိုင်ဖို့တော့ပြင်ထားပေးပါ။တော်လှန်ရေးကာလက ပုံမှန်ထက်ရိုးသားဖို့လိုပါတယ် ဟု ရင်ဖွင်ပြောကြားလာပါသည်။

Crd

Zawcode:

တော်လှန်ရေးကာလမှာ သိခဲ့ရတဲ့အသိလေးတွေကို မှတ်မှတ်ရရမျှဝေလာသည့် ကိုကျော်သက်လင်း ရင်တွင်းဖြစ်

ဩဂုတ်လ ၁၁ ရက်နေ့။

တော်လှန်ရေးကာလမှာ ကျနော်သိခဲ့ရတဲ့အသိလေးတွေကို ဒီနေ့မှာ မှတ်မှတ်ရရမျှဝေလိုပါတယ်။အဲဒါကတော့ ကျနော်တို့အမြဲပြောပြောနေတဲ့ ရိုးသားရမယ်ဆိုတဲ့စကား။

လူဟာ ပုံမှန်အတိုင်းဆိုရင်ရိုးသားပါတယ်။ရိုးသားကြပါတယ်။ဘယ်အချိန်မှာဖောက်ပြန်လာကြသလည်းဆိုရင်လိုချင်တပ်မက်လာတဲ့အခါမှာပါ။

ငါ့အတွက်၊ ငါ့သားသမီး ၊ငါ့မိဘအတွက်၊ ငွေကြေးနဲ့ရာထူးအာဏာပါဝါတွေအတွက်၊အသက်‌အန္တရယ်သော်၎င်း ကြုံလာကြတဲ့အခါမယ် နိုင်ချင်ကြတာမို့ပြိုင်ကြဆိုင်ကြတဲ့အခါမယ် ရှိရင်းစွဲရိုးသားမှုတွေက ပြိုကျပျက်စီးလာကြပါသည်။မှားတတ်ကြပါတယ်။နားလည်ပါတယ်။

ကျနော်လည်းမှားဘူးသလို သတိလွတ်တိုင်းမှားနေဆဲပါပဲ။ငယ်တုန်းကအမှားကြီးနဲ့ ကြီးလာတော့ဆင်ခြင်တဲ့ကြားကဖြစ်လာတဲ့အမှားလောက်ပဲကွာတာပါ။

နောက်တစ်ခုက ပတ်ဝန်းကျင်ကြောင့်မှားတတ်တာပါ။သိပ်အရေးကြီးပါတယ်။ရိုးသားမှုဆိုတဲ့စကားလုံးက သိပ်ကိုနူးညံ့ပေမယ့် သူ့ကိုမထိခိုက်ဖို့ပြတ်သားဖို့လိုပါတယ်။ပျက်စီးသွားတဲ့ရိုးသားမှုတွေက ရင်နာဖို့ကောင်းပါသည်။

ရိုးသားမှုကအရင်းအနှီးကြီးပါတယ်။ပြတ်သားစွာငြင်းပြီး ရိုးသားမှုကိုစောင့်ထိန်းမလား?

လိုက်လျောညီထွေနေပြီး သံတမန်ဆန်စွာ win win situations ဖြစ်အောင်သင်နေတတ်သလား?မလုပ်ချင်တာတွေလုပ်ပြီးရိုးသားမှုတွေကိုရေစုန်မျှောလိုက်မလား?

သင့်လုပ်နိုင်စွမ်းထိန်းချူပ်နိုင်စွမ်းက “သင်”ဘယ်လိုလူလည်းဆိုတာကို မပြောပဲသိစေမှာပါ။

သေခြာတာကတော့ အဝတ်တွေကို ဝတ်ပြီးတိုင်း ပြန်လည်လျှော်ဖွတ်သလို စိတ်တွေကိုလည်းပြန်လည်လျှော်ဖွတ်သန့်စင်ပါ။

တစ်ကြိမ်တစ်ခါပဲရိုးသားကြည့်ပါ။သင် ရိုးသားမှုရဲ့အသီးအပွင့်တွေချိုမြိန်လွန်းလို့ အမြဲစားသုံးမိပါလိမ့်မယ်။“အမှန်ကိုသိနိုင်ဖို့၊ပြတ်သားဖို့နဲ့အမုန်းခံနိုင်ဖို့တော့ပြင်ထားပေးပါ။တော်လှန်ရေးကာလက ပုံမှန်ထက်ရိုးသားဖို့လိုပါတယ် ဟု ရင်ဖွင်ပြောကြားလာပါသည်။

Crd

Leave a Reply

Your email address will not be published.