ဖိုက်ဘာဆက်ကြောင်း အပြစ်ဖြစ်ပေါ်လို့ အင်တာနက်လိုင်းနှေးကွေးနေ
ပြည်တွင်းမှာ အသုံးပြုတဲ့ ပင်လယ်ရေအောက် အင်တာနက်ဖိုက်ဘာဆက်ကြောင်းကြီး တစ်ခုမှာ အပြစ်ဖြစ်ပေါ်ပြီး အရန်ဖိုက်လိုင်းတွေကနေ အင်တာနက်ကို




ပြန်လည်မျှဝေနေတာကြောင့် လိုင်းနှေးကွေးတာတွေပေါ်နေ တယ်လို့ ဘီဘီစီက သိရှိရပါတယ်။
စင်ကာပူကနေ ဥရောပကို ချိတ်ဆက်ထားပြီး မြန်မာကလည်း ချိတ်ဆက်ယူထားတဲ့ ပင်လယ်ရေအောက် အင်တာနက် ဖိုက်ဘာ ဆက်ကြောင်း(SEA-ME-WE 5)
မှာ မနေ့ညနေပိုင်းကတည်းက အပြစ်ဖြစ်ပေါ် နေတာလို့သိရှိရပါတယ်။
အဲဒီဖိုက်ဘာဆက်ကြောင်းဟာ ကုန်းတွင်းပိုင်းမှာ အပြစ်ပေါ်တာဆိုရင် ပြုပြင်ဖို့ လွယ်ကူပေမဲ့ ပင်လယ် ရေအောက်မှာ ဖြစ်ပေါ်တာဆိုရင်တော့ ရာသီဥတု




အခြေအနေ၊ အပြစ်ဖြစ်မှု အတိုင်းအဆအလိုက် ပြင်ဆင်မှုမှာ အချိန်ကြာမြင့်မှုတွေ ရှိလာနိုင်ပါတယ်။
တစ်ခါ ထိုင်းဘက်ကနေ ယူထားတဲ့ ဖိုက်ဘာလိုင်းတစ်လိုင်းဟာလည်း ယာဥ်မတော်တဆမှုတစ်ခုဖြစ်တာ ကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပေမဲ့ နယ်စပ်ရေးရာကိစ္စဖြစ်
တာကြောင့် အမြန် ပြင်ဆင်ဖို့ ခက်နေတယ် လို့လည်း သိရပါတယ်။




အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ဒေသခုခံကာကွယ်မှုအားကောင်းတဲ့ ဒေသတွေမှာ ဖုန်းနဲ့ အင်တာနက်လိုင်းဖြတ်တောက်တာ၊ အင်တာနက်ဒေတာအသုံးပြုခ
တိုးမြှင့်ကောက်ခံတာတွေ ပြုလုပ်လာနေပါတယ်။
ပုံစာ – SEA-ME-WE 5 ဖိုက်ဘာဆက်ကြောင်း တပ်ဆင်ချိန်တုန်းက ပုံတွေဖြစ်ပါတယ်။
ဓာတ်ပုံ -Hein Brothers
crd