ULA/AA ရက္ခိုင့်ပြည်သူ့အစိုးရ မှ ပြည့်သူလူထု သို့ အရေးကြီး ထုတ်ပြန်ချက်ရုပ်သံ

News

ULA/AA ရက္ခိုင့်ပြည်သူ့အစိုးရ မှ ပြည့်သူလူထု သို့ အရေးကြီး ထုတ်ပြန်ချက်

စစ်တပ်လက်အောက်ခံ ရခိုင်အစိုးရအဖွဲ့ နှင့်ဝန်ထမ်းများ ပြည်သူ ကို ဆက် ဒုက္ခ ပေးလျှင် လိုအပ်သလိုကိုင်တွယ်မည်ဟု AA ပြင်းထန်စွာ သတိ ပေး

ရန်ကုန်၊ဩဂုတ် ၁၁

စစ်ကောင်စီလက်ကိုင်တုတ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နှင့်ဝန်ထမ်းများ ပြည်သူ ကို ဆက်ဒုက္ခပေးလျှင် တော်လှန် ရေးလိုအပ်ချက်၊ ပြည်သူ့လုံခြုံရေး လိုအပ် ချက် အရ ရက္ခိတလမ်းစဉ်နှင့်အညီ လိုအပ်သလိုကိုင်တွယ် သွားမည်ဟု ပြင်း ပြင်း ထန်ထန်သတိပေးကြောင်း ရက္ခိုင့်တပ်တော်၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

ယနေ့ပြုလုပ်နေသော ရက္ခိုင့်တပ်တော်(AA)၏ သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ သတိပေး လိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံရခိုင်ပြည်နယ်အစိုးရအဖွဲ့ထဲမှာ ပါဝင်သည့် ဝန်ကြီး များအနေဖြင့် လူထုနှင့်ဆန့်ကျ င်ဘက် လမ်းကြောင်းတွင် အာဏာပါဝါ လုပ်ပိုင် ခွင့်များနှင့် သာယာပြီး စစ်ကောင်စီအလိုကျ ပြည်သူလူထုကို ဆက်ပြီး ဒုက္ခပေး နေလျှင် အခြေအနေ၏လိုအပ်ချက် တော်လှန်ရေးလိုအပ်ချက်၊ ပြည်သူ့ လုံခြုံ ရေး လိုအပ်ချက် ရက္ခိတ လမ်းစဉ်နှင့် အညီ လိုအပ်သလို ကိုင်တွယ်ရန် ယခင် က လည်း သတိပေးထားပြီးဖြစ်ကြောင်း ယခုထက်ပြီး စစ်ကောင် စီလက်ကိုင် တုတ် ရခိုင်ပြည်နယ်အစိုးရကို ပြင်းပြင်းထန်ထန် ပြတ်ပြတ် သားသား သတိပေး ကြောင်း ခိုင်သုခကပြောသည်။

စစ်ကောင်စီလက်သပ်မွေးထားသည့် ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့မှာလည်း ပြည်သူများကို အကျပ် အတည်း ဖြစ်အောင်၊ ဒုက္ခရောက်အောင်ဆောင်ရွက်နေပြီး ကုန်စည်စီးဆင်း မှုကို ကန့်သတ်မှု၊ မတရားဖိနှိပ်မှုများကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ် ဆောင် နေသည်ဟုလည်း ၎င်းကပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်ရှိ ပြည်သူများပိုင်ဆိုင်သည့် နေအိမ်ဆိုင်ခန်းများနှင် လယ်ယာမြေများကို လက်နက်အား ကိုးဖြင့် အတင်းအကျပ် သိမ်းဆည်းထား သည့်အပြင် လျှော်ကြေးငွေလည်းမပေးဘဲ မိုက်ကြေးခွဲသိမ်းဆည်း နေကြောင်း၊ယင်းအခြေအနေတွင် ရခိုင်ပြည်နယ်အစိုးရသည်လုံးဝဖြေရှင်းခြင်းပြုရုံသာမက တာဝန်ယူမှု တာဝန်ခံမှု လုံးဝကင်းမဲ့မှု မသိချင်ယောင်ဆောင်ထားကြောင်း ခိုင်သုခ က ဆက် ပြောသည်။

ယင်းကဲ့သို့အခြေအနေများကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများကို အကြိမ်ကြိမ်သတိပေးထားပြီး ဖြစ်သော် လည်း ယခုအကြိမ်ပြင်းပြင်းထန်ထန် ထပ်မံသတိပေးလိုက်ခြင်းလည်းဖြစ်သည်ဟု သိရှိရသည်။

Crd

Unicode

ULA/AA ရကၡိဳင့္ျပည္သူ႔အစိုးရ မွ ျပည့္သူလူထု သို႔ အေရးႀကီး ထုတ္ျပန္ခ်က္

စစ္တပ္လက္ေအာက္ခံ ရခိုင္အစိုးရအဖြဲ႕ ႏွင့္ဝန္ထမ္းမ်ား ျပည္သူ ကို ဆက္ ဒုကၡ ေပးလၽွင္ လိုအပ္သလိုကိုင္တြယ္မည္ဟု AA ျပင္းထန္စြာ သတိ ေပး

ရန္ကုန္၊ဩဂုတ္ ၁၁

စစ္ေကာင္စီလက္ကိုင္တုတ္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ ႏွင့္ဝန္ထမ္းမ်ား ျပည္သူ ကို ဆက္ဒုကၡေပးလၽွင္ ေတာ္လွန္ ေရးလိုအပ္ခ်က္၊ ျပည္သူ႔လုံျခဳံေရး လိုအပ္ ခ်က္ အရ ရကၡိတလမ္းစဥ္ႏွင့္အညီ လိုအပ္သလိုကိုင္တြယ္ သြားမည္ဟု ျပင္း ျပင္း ထန္ထန္သတိေပးေၾကာင္း ရကၡိဳင့္တပ္ေတာ္၏ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက ေျပာသည္။

ယေန႔ျပဳလုပ္ေနေသာ ရကၡိဳင့္တပ္ေတာ္(AA)၏ သတင္းစာရွင္းလင္းပြဲတြင္ ထိုသို႔ သတိေပး လိုက္ျခင္း ျဖစ္သည္။

စစ္ေကာင္စီလက္ေအာက္ခံရခိုင္ျပည္နယ္အစိုးရအဖြဲ႕ထဲမွာ ပါဝင္သည့္ ဝန္ႀကီး မ်ားအေနျဖင့္ လူထုႏွင့္ဆန႔္က် င္ဘက္ လမ္းေၾကာင္းတြင္ အာဏာပါဝါ လုပ္ပိုင္ ခြင့္မ်ားႏွင့္ သာယာၿပီး စစ္ေကာင္စီအလိုက် ျပည္သူလူထုကို ဆက္ၿပီး ဒုကၡေပး ေနလၽွင္ အေျခအေန၏လိုအပ္ခ်က္ ေတာ္လွန္ေရးလိုအပ္ခ်က္၊ ျပည္သူ႔ လုံျခဳံ ေရး လိုအပ္ခ်က္ ရကၡိတ လမ္းစဥ္ႏွင့္ အညီ လိုအပ္သလို ကိုင္တြယ္ရန္ ယခင္ က လည္း သတိေပးထားၿပီးျဖစ္ေၾကာင္း ယခုထက္ၿပီး စစ္ေကာင္ စီလက္ကိုင္ တုတ္ ရခိုင္ျပည္နယ္အစိုးရကို ျပင္းျပင္းထန္ထန္ ျပတ္ျပတ္ သားသား သတိေပး ေၾကာင္း ခိုင္သုခကေျပာသည္။

စစ္ေကာင္စီလက္သပ္ေမြးထားသည့္ ရခိုင္အေျခစိုက္ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ထင္လတ္ဦးႏွင့္ ျပည္နယ္လုံျခဳံေရးႏွင့္ နယ္စပ္ ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး ေက်ာ္သူရတို႔မွာလည္း ျပည္သူမ်ားကို အက်ပ္ အတည္း ျဖစ္ေအာင္၊ ဒုကၡေရာက္ေအာင္ေဆာင္ရြက္ေနၿပီး ကုန္စည္စီးဆင္း မႈကို ကန႔္သတ္မႈ၊ မတရားဖိႏွိပ္မႈမ်ားကို ရည္ရြယ္ခ်က္ရွိရွိ စနစ္တက် လုပ္ ေဆာင္ ေနသည္ဟုလည္း ၎ကေျပာသည္။

စစ္ေကာင္စီသည္ ရခိုင္ျပည္ရွိ ျပည္သူမ်ားပိုင္ဆိုင္သည့္ ေနအိမ္ဆိုင္ခန္းမ်ားႏွင္ လယ္ယာေျမမ်ားကို လက္နက္အား ကိုးျဖင့္ အတင္းအက်ပ္ သိမ္းဆည္းထား သည့္အျပင္ ေလၽွာ္ေၾကးေငြလည္းမေပးဘဲ မိုက္ေၾကးခြဲသိမ္းဆည္း ေနေၾကာင္း၊ယင္းအေျခအေနတြင္ ရခိုင္ျပည္နယ္အစိုးရသည္လုံးဝေျဖရွင္းျခင္းျပဳ႐ုံသာမက တာဝန္ယူမႈ တာဝန္ခံမႈ လုံးဝကင္းမဲ့မႈ မသိခ်င္ေယာင္ေဆာင္ထားေၾကာင္း ခိုင္သုခ က ဆက္ ေျပာသည္။

ယင္းကဲ့သို႔အေျခအေနမ်ားေၾကာင့္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးမ်ားကို အႀကိမ္ႀကိမ္သတိေပးထားၿပီး ျဖစ္ေသာ္ လည္း ယခုအႀကိမ္ျပင္းျပင္းထန္ထန္ ထပ္မံသတိေပးလိုက္ျခင္းလည္းျဖစ္သည္ဟု သိရွိရသည္။

Crd

Leave a Reply

Your email address will not be published.