ေဒၚလာေဈးႏႈန္းကို ဗဟိုဘဏ္က သတ္မွတ္သည့္ ရည္ၫႊန္းေငြလဲႏႈန္းရာခိုင္ႏႈန္းသာခြာၿပီး အေရာင္းအဝယ္ျပဳ လုပ္ရန္ ဗဟိုဘဏ္ၫႊန္ၾကား
ႏိုင္ငံျခားေငြ ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္းႏွင့္ လဲလည္ျခင္းတို႔အတြက္ ေဈးႏႈန္းသတ္မွတ္ရာတြင္ ဗဟိုဘဏ္၏ ရည္ ၫႊန္းေဈးႏႈန္းႏွင့္ ၀.၃ ရာခိုင္ႏႈန္းသာ ကြာဟရာင္းဝယ္ၾကရန္ ျမန္မာႏိုင္ငံ ဗဟိုဘဏ္က ကန႔္သတ္လိုက္ေၾကာင္း သိရသည္။




အဆိုပါ ကန႔္သတ္ခ်က္ကို ျမန္မာႏိုင္ငံ ဗဟိုဘဏ္က ဩ ဂုတ္လ (၁၀) ရက္ ရက္စြဲျဖင့္ အမိန႔္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္ သည္။
ျပည္တြင္း ေဒၚလာေဈးကြက္တြင္ အေမရိကန္ (၁) ေဒၚ လာလ်င္ ျမန္မာ က်ပ္ေငြ(၂၇၀၀) ဝန္းက်င္အထိ ျမင့္တက္ခဲ့သည့္အတြက္ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းကပင္ ျမန္ မာႏိုင္ငံ ဗဟိုဘဏ္က ႏိုင္ငံျခားေငြ ရည္ၫႊန္းေဈးကို (၁) ေဒၚလာလ်င္ (၂၁၀၀)က်ပ္အထိ ေျပာင္းလဲသတ္မွတ္ခဲ့ျခင္းျဖစ္သည္။




အဆိုပါ အမိန႔္ ထုတ္ျပန္ခ်က္တြင္ ႏိုင္ငံျခားေငြ ေရာင္း ဝယ္ ေဖာက္ကားသည့္ လုပ္ငန္းလိုင္စင္(AD) လိုင္စင္ရ ဘဏ္မ်ား၊ ႏိုင္ငံျခားေငြ ဝယ္ယူေရာင္းခ်လဲလည္ခြင့္ လိုင္စင္(MC) လိုင္စင္ရ ဘဏ္မ်ား၊ MC လိုင္စင္ရကုမၸ ဏီမ်ားအားလုံး အဆိုပါ ၫႊန္ၾကားခ်က္ကို လိုက္နာ ေဆာင္႐ြက္ၾကရန္ ေဖာ္ျပပါရွိသည္။
ယေန႔ထုတ္ျပန္သည့္အမိန႔္ေၾကာ္ျငာစာတြင္ ျပည္ပေငြလႊဲလုပ္ငန္း လိုင္စင္ရ ကုမၸဏီမ်ားအေနျဖင့္လည္း ျပည္ပသို႔ ေငြလႊဲျခင္းႏွင့္ ျပည္ပမွ ေငြပို႔ျခင္း လုပ္ငန္း လုပ္ကိုင္ရာတြင္ အဆိုပါ +_ ၀.၃ ရာခိုင္ႏႈန္း (CBM reference rate +_ 0.3) ေဘာင္အတြင္း သတ္မွတ္ခ်က္ကို လိုက္နာ ေဆာင္႐ြက္ရန္ ၫႊန္ၾကားထားသည္။




” သေဘာကေတာ့ သူတို႔ သတ္မွတ္ထားတဲ့ ၂၁၀၀ နဲ႔ အ လြန္ဆုံး +_၀.၃ ရခိုင္ႏႈန္းပဲ ခြာၿပီး ေရာင္းတာဝယ္တာ လုပ္ဖို႔ ၫႊန္ၾကားတဲ့သေဘာပါပဲ။ ေဒၚလာေဈး က်ေအာင္လုပ္ခ်င္တာေပါ့ေနာ္။ က်မက်ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာေပါ့။ မခ်ရင္ အေရးယူမႈေတြ လာမွာေပါ့ေနာ္” ဟု ဗဟိုဘဏ္ႏွင့္ နီးစပ္သူ တစ္ဦးက ေျပာသည္။
အဆိုပါ ၫႊန္ၾကားသတ္မွတ္ခ်က္ထက္ ေက်ာ္လႊန္ကာ ေဈးႏႈန္းျမႇင့္တင္ ေရာင္းဝယ္ျခင္း ျပဳလုပ္ပါက ႏိုင္ငံ ျခားေငြ စီမံခန႔္ခြဲမႈ ဥပေဒ၊ ႏိုင္ငံျခားေငြ စီမံခန႔္ခြဲမႈ စည္း မ်ဥ္းတို႔အရ အေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။




ယေန႔ထုတ္ျပန္သည့္ အမိန႔္ ေၾကညာစာသည္ ၁၀၊၈၊၂၀၂၂ (ယေန႔) မွာပဲ အက်ိဳးသက္ေရာက္ေစမည္လို႔ ေဖာ္ျပထားပါသည္။
Crd
Unicode
ဒေါ်လာဈေးနှုန်းကို ဗဟိုဘဏ်က သတ်မှတ်သည့် ရည်ညွှန်းငွေလဲနှုန်းရာခိုင်နှုန်းသာခွာပြီး အရောင်းအဝယ်ပြု လုပ်ရန် ဗဟိုဘဏ်ညွှန်ကြား
နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်းနှင့် လဲလည်ခြင်းတို့အတွက် ဈေးနှုန်းသတ်မှတ်ရာတွင် ဗဟိုဘဏ်၏ ရည် ညွှန်းဈေးနှုန်းနှင့် ၀.၃ ရာခိုင်နှုန်းသာ ကွာဟရာင်းဝယ်ကြရန် မြန်မာနိုင်ငံ ဗဟိုဘဏ်က ကန့်သတ်လိုက်ကြောင်း သိရသည်။




အဆိုပါ ကန့်သတ်ချက်ကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ဩ ဂုတ်လ (၁၀) ရက် ရက်စွဲဖြင့် အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။
ပြည်တွင်း ဒေါ်လာဈေးကွက်တွင် အမေရိကန် (၁) ဒေါ် လာလျင် မြန်မာ ကျပ်ငွေ(၂၇၀၀) ဝန်းကျင်အထိ မြင့်တက်ခဲ့သည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် မြန် မာနိုင်ငံ ဗဟိုဘဏ်က နိုင်ငံခြားငွေ ရည်ညွှန်းဈေးကို (၁) ဒေါ်လာလျင် (၂၁၀၀)ကျပ်အထိ ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။




အဆိုပါ အမိန့် ထုတ်ပြန်ချက်တွင် နိုင်ငံခြားငွေ ရောင်း ဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်(AD) လိုင်စင်ရ ဘဏ်များ၊ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလည်ခွင့် လိုင်စင်(MC) လိုင်စင်ရ ဘဏ်များ၊ MC လိုင်စင်ရကုမ္ပ ဏီများအားလုံး အဆိုပါ ညွှန်ကြားချက်ကို လိုက်နာ ဆောင်ရွက်ကြရန် ဖော်ပြပါရှိသည်။
ယနေ့ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာတွင် ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရ ကုမ္ပဏီများအနေဖြင့်လည်း ပြည်ပသို့ ငွေလွှဲခြင်းနှင့် ပြည်ပမှ ငွေပို့ခြင်း လုပ်ငန်း လုပ်ကိုင်ရာတွင် အဆိုပါ +_ ၀.၃ ရာခိုင်နှုန်း (CBM reference rate +_ 0.3) ဘောင်အတွင်း သတ်မှတ်ချက်ကို လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားထားသည်။




” သဘောကတော့ သူတို့ သတ်မှတ်ထားတဲ့ ၂၁၀၀ နဲ့ အ လွန်ဆုံး +_၀.၃ ရခိုင်နှုန်းပဲ ခွာပြီး ရောင်းတာဝယ်တာ လုပ်ဖို့ ညွှန်ကြားတဲ့သဘောပါပဲ။ ဒေါ်လာဈေး ကျအောင်လုပ်ချင်တာပေါ့နော်။ ကျမကျဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ မချရင် အရေးယူမှုတွေ လာမှာပေါ့နော်” ဟု ဗဟိုဘဏ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
အဆိုပါ ညွှန်ကြားသတ်မှတ်ချက်ထက် ကျော်လွှန်ကာ ဈေးနှုန်းမြှင့်တင် ရောင်းဝယ်ခြင်း ပြုလုပ်ပါက နိုင်ငံ ခြားငွေ စီမံခန့်ခွဲမှု ဥပဒေ၊ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု စည်း မျဉ်းတို့အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။




ယနေ့ထုတ်ပြန်သည့် အမိန့် ကြေညာစာသည် ၁၀၊၈၊၂၀၂၂ (ယနေ့) မှာပဲ အကျိုးသက်ရောက်စေမည်လို့ ဖော်ပြထားပါသည်။
Crd