သတ္တိရှိလျှင် မြို့ပြင်ထွက်ခဲ့ဟု အကြ မ်းဖ က်စ စ်တပ်ကို ဟားခါး CDF စိန်ခေါ်

News

သတ္တိရှိလျှင် မြို့ပြင်ထွက်ခဲ့ဟု အကြမ်းဖက်စစ်တပ်ကို ဟားခါး CDF စိန်ခေါ်

ဟားခါး၊ ဩဂုတ် (၁၀)

လူငယ့်ခေတ်

အကြမ်းဖက်စစ်တပ်အနေဖြင့် သတ္တိရှိပါက ပြည်သူနှင့် ပြည်သူ့စည်းစိမ်ကို တိုက်ရိုက်မထိခိုက်မှုမရှိသည့် မြို့ပြင်သို့ထွက်လာပြီး စစ်ဆင်ရေးများလုပ်ဆောင်ရန်စိန်ခေါ်ကြောင်း Chinland Defense Force-Hakha က ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

သြဂုတ်လ (၁၀) ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးများပစ်ခတ်မှုကြောင့် Hniarlawn ရွာနေ ပြည်သူတစ်ဦး အသက်သေဆုံးခဲ့ရသည့်အပြင် ယင်းတိုက်ပွဲအတွင်း ကြမ်းဖက်စစ်ကောင်စီ လက်ချက်ဖြင့် ချင်းပြည်နယ် ဟားခါးမြို့နေပြည်သူ (၆) ဦးသေဆုံးပြီး နေအိမ် (၃၀) ကျော် ပျက်ဆီးခဲ့ရသည်။

ထို့ကြောင့် နိုင်ငံတကာ စစ်ဥပေဒေ ရာဇဝတ်မှုကျူးလွန်သည့် အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး ပြည်သူများဆုံးရှုံခဲ့ရသည့် နစ်နာမှုနှင့် လုပ်ရပ်များအပေါ် တာဝန်ယူဖြေရှင်းရမည်ဟု ဆိုသည်။

CDF-Hakha အနေဖြင့်လည်း အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ပြင်းထန်သည့် စစ်ဆင်ရေးများပိုမိုလုပ်ဆောင်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် ဟားခါးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ဒလန်များ၊ ရာထူးခံပုဂ္ဂိုလ်များ ၊ Non-CDM များကိုလည်း စစ်ဘက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းဥပေဒေများနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ဆိုသည်။

Photo : CDF-Hakha

Crd

Leave a Reply

Your email address will not be published.