မြန်မာ ပြည်သူတွေ မျက်ရည်ကျတာကို မမြင်ချင်တော့ဘူးဆိုတဲ့ သရုပ်ဆောင် ရန်ကျော်
စာဖတ်ပရိသတ်ကြီးရေ ဆယ်စုနှစ်များစွာကို မှီခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးတစ်ဦးဖြစ်တဲ့ ရန်ကျော် ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမှာပါ။




သူကတော့ အဆိုတော် မေခလာ ရဲ့ ချစ်လှစွာသောခင်ပွန်းဖြစ်ပြီး ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို တည်ထောင်ထားတာပဲ ဖြစ်ပါတယ်။
ရန်ကျော် ကတော့ ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကို ရရှိထားတာပါ။




သရုပ်ဆောင် ရန်ကျော် ဟာ ပြည်သူတွေကို ထမင်းရှင်လို့သတ်မှတ်ထားတာဖြစ်ပြီး ထမင်းရှင်ပြည်သူတွေ ဒုက္ခရောက်ပြီး မျက်ရည်ကျနေရတာကို မမြင်ချင်ဘူးလို့ ရင်ဖွင့်လာခဲ့ပါတယ်။
” ကျနော်ဟာမြန်မာပြည်မှာနေထိုင်တဲ့ပြည်သူတစ်ယောက်ပါ၊ ပြည်သူတွေအားလုံးဟာ ကျွန်တော်တို့ အနုပညာရှင်တွေအားလုံးရဲ့ထမင်းအိုးတည်ပေးနေတဲ့ ကျေးဇူးရှင်တွေပါ၊




အခက်အခဲ သောကများ အားလုံးလည်း အမြန်ဆုံး ကျော်ဖြတ်နိုင်ပါစေလို့ ရင်ထဲက အမြဲဆုတောင်းပေးပါ၊ ပြည်သူတွေမျက်ရည်ကျတာကို မမြင်ချင်ပါဘူး ပျော်ရွှင်နေတာကိုပဲကျွန်တော်မြင်ချင်ပါတယ်ခင်ဗျာ” လို့ရေးသားထားတာကို တွေ့ရပါတယ်နော်။
ကဲ…စာဖတ်ပရိသတ်ကြီးရေ သရုပ်ဆောင် ရန်ကျော် ရဲ့ ဆုတောင်းလေးအတိုင်း မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပြီး ပြည်သူပြည်သားအားလုံး ဒုက္ခအပေါင်းမှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Crd
Unicode












Crd