သမီးလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့မှာ ထူးခြားတဲ့နာမည်လေး မှည့်ပေးလိုက်တဲ့ ဒေါက်တာ မြဝတ်ရည်

News

သမီးလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့မှာ ထူးခြားတဲ့နာမည်လေး မှည့်ပေးလိုက်တဲ့ ဒေါက်တာ မြဝတ်ရည်

ပရိသတ်ကြီးရေ အွန်လိုင်းပေါ်မှတစ်ဆင့် နာမည်ကြီးလာခဲ့တဲ့ ခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဝတ်ရည် ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်နော်။

သူမကတော့ ခွဲစိတ်ဆရာဝန်ဘဝမှာ CDM ပြုလုပ်ပြီး ပြည်သူတွေနဲ့တစ်သားထဲရပ်တည်ရင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့သူတစ်ဦးပါ။

ဒါကြောင့် ဒေါက်တာ မြဝတ်ရည် ကို ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုထားတာကြောင့် လွတ်မြောက်နယ်မြေတစ်နေရာမှာ ကိုယ်ဝန်ဆောင်ထားရင်းနဲ့ပဲ မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။

ဒေါက်တာ မြဝတ်ရည် ဟာ ဖမ်းဝရမ်းထုတ်ခံထားရလို့ ရှောင်တိမ်းရင်း လွတ်မြောက်နယ်မြေမှာပဲ ရင်သွေးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။

သူမသမီးလေးရဲ့ နာမည်ကို “မီယာ ” လို့အမည်မှဲ့ထားပြီးတော့ ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။

တစ်နှစ်ပြည့်မွေးနေ့လေးမှာ သမီးလေးအတွက် နာမည်အရင်းလေးကို ထူးထူးခြားခြား မှည့်ပေးခဲ့ပါတယ်။

” Happy 1st birthday ပါ မေမေ့သမီး Mia လေးရေ (ကလေးကိုတော့ ပျော်စေချင်တယ်) မွေးကတည်းက အခက်အခဲတွေနဲ့ မွေးခဲ့ရပေမယ့်

ခုချိန်ထိ မေမေတို့နဲ့ တူတူ ကြုံလာသမျှ လောကဓံကို ကြံ့ကြံ့ခံပြီး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရှိနေပေးလို့ အရမ်းချစ်ရ ကျေးဇူးတင်ရပါတယ်

တစ်နှစ်ပြည့်မွေးနေ့ကစလို့ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေထူးချွန်ထက်မြက်တဲ့ အမှန်အမှား ခွဲခြားတတ်ပြီး အမှန်တရားကို မြတ်နိုးတဲ့ အမှန်တရားအတွက် ရပ်တည်ရဲတဲ့ မတရားမှုတွေကို

လက်ရှောင်မနေတတ်တဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ အများအကျိုး သယ်ပိုးနိုင်တဲ့ လူပီသတဲ့ လူသားဆန်တဲ့ ကိုယ်ချင်းစာတရား မေတ္တာတရားကြီးမားတဲ့ လောကကြီးကို

အကျိုးပြုနိုင်တဲ့ လူသားတစ်ယောက်အဖြစ် ဂုဏ်ရှိစွာ ရှင်သန်နေထိုင်နိုင်ပါစေ သက်ရှည်ကျန်းမာပါစေ လို့ ချစ်ရတဲ့ မေမေက မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ်

သမီးလေးရေ သမီးလေး Mia နာမည်ကိုလည်း ‘စောအမရာဉာဏ်’ လို့ အမည်ပေး ခေါ်ထွင်လိုက်ပါပြီ သမီးလေး တစ်နှစ်ပြည့်အတွက် ရည်ရွယ်လှူဒါန်းထားတဲ့

အစုစုတွေလည်း အကျိုးလက်ငင်း ဖြစ်ထွန်းပေါက်မြောက်ကြပါစေ Ps – အိပ်ခါနီး နက်ဖြန် သူ့မွေးနေ့ဆိုတာ သိလို့လား မသိဘူး တော်တော်နဲ့ မအိပ်ဘဲ လက်ခုပ်တွေတီးနေတယ်

သဘောက Happy birthday song ဆိုပေးပါပေါ့ ခုတော့ အတော် အိပ်မောကျနေရှာပြီ သဲတုံးလေးက မေမေ့သဲလေးက ဘယ်မှာလဲမေးရင်

သူ့ရင်ဘတ်ကို ပုတ်ပြတတ်နေပြီ” လို့ ဒေါက်တာ မြဝတ်ရည် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်ကနေ ရေးသားထားတာကို တွေ့ရပါတယ်။

ဒေါက်တာ မြဝတ်ရည် ကတော့ သမီးလေးရဲ့နာမည်လေးကို စောအမရာဉာဏ် လို့ ပေးခဲ့ပါတယ်နော်။

သမီးလေး မီယာ ကတော့ ဒေါက်တာ မြဝတ်ရည် လိုပဲ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေကလဲ ချစ်ခင်နေကြပါတယ်နော်။

အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Crd

Unicode

သမီးေလးရဲ႕ တစ္ႏွစ္ျပည့္ေမြးေန႔မွာ ထူးျခားတဲ့နာမည္ေလး မွည့္ေပးလိုက္တဲ့ ေဒါက္တာ ျမဝတ္ရည္

ပရိသတ္ႀကီးေရ အြန္လိုင္းေပၚမွတစ္ဆင့္ နာမည္ႀကီးလာခဲ့တဲ့ ခြဲစိတ္အထူးကု ဆရာဝန္တစ္ဦးျဖစ္တဲ့ ေဒါက္တာ ျမဝတ္ရည္ ကိုေတာ့ လူတိုင္းသိၾကလိမ့္မယ္ထင္ပါတယ္ေနာ္။

သူမကေတာ့ ခြဲစိတ္ဆရာဝန္ဘဝမွာ CDM ျပဳလုပ္ၿပီး ျပည္သူေတြနဲ႔တစ္သားထဲရပ္တည္ရင္း စစ္ေကာင္စီကို ဆန႔္က်င္ဆႏၵျပခဲ့သူတစ္ဦးပါ။

ဒါေၾကာင့္ ေဒါက္တာ ျမဝတ္ရည္ ကို ပုဒ္မ ၅၀၅ ကနဲ႔ တရားစြဲဆိုထားတာေၾကာင့္ လြတ္ေျမာက္နယ္ေျမတစ္ေနရာမွာ ကိုယ္ဝန္ေဆာင္ထားရင္းနဲ႔ပဲ မိသားစုနဲ႔အတူ တိမ္းေရွာင္ေနရပါတယ္။

ေဒါက္တာ ျမဝတ္ရည္ ဟာ ဖမ္းဝရမ္းထုတ္ခံထားရလို႔ ေရွာင္တိမ္းရင္း လြတ္ေျမာက္နယ္ေျမမွာပဲ ရင္ေသြးငယ္ေလးကို ေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့ပါတယ္။

သူမသမီးေလးရဲ႕ နာမည္ကို “မီယာ ” လို႔အမည္မွဲ႔ထားၿပီးေတာ့ ဒီကေန႔ ၾသဂုတ္လ ၁၀ ရက္ေန႔မွာ တစ္ႏွစ္ျပည့္ခဲ့ၿပီပဲ ျဖစ္ပါတယ္။

တစ္ႏွစ္ျပည့္ေမြးေန႔ေလးမွာ သမီးေလးအတြက္ နာမည္အရင္းေလးကို ထူးထူးျခားျခား မွည့္ေပးခဲ့ပါတယ္။

” Happy 1st birthday ပါ ေမေမ့သမီး Mia ေလးေရ (ကေလးကိုေတာ့ ေပ်ာ္ေစခ်င္တယ္) ေမြးကတည္းက အခက္အခဲေတြနဲ႔ ေမြးခဲ့ရေပမယ့္

ခုခ်ိန္ထိ ေမေမတို႔နဲ႔ တူတူ ႀကဳံလာသမွ် ေလာကဓံကို ႀကံ့ႀကံ့ခံၿပီး က်န္းက်န္းမာမာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ရွိေနေပးလို႔ အရမ္းခ်စ္ရ ေက်းဇူးတင္ရပါတယ္

တစ္ႏွစ္ျပည့္ေမြးေန႔ကစလို႔ လိုအင္ဆႏၵေတြ ျပည့္ဝပါေစထူးခြၽန္ထက္ျမက္တဲ့ အမွန္အမွား ခြဲျခားတတ္ၿပီး အမွန္တရားကို ျမတ္ႏိုးတဲ့ အမွန္တရားအတြက္ ရပ္တည္ရဲတဲ့ မတရားမႈေတြကို

လက္ေရွာင္မေနတတ္တဲ့ ကိုယ့္အားကိုယ္ကိုးတတ္တဲ့ အမ်ားအက်ိဳး သယ္ပိုးႏိုင္တဲ့ လူပီသတဲ့ လူသားဆန္တဲ့ ကိုယ္ခ်င္းစာတရား ေမတၱာတရားႀကီးမားတဲ့ ေလာကႀကီးကို

အက်ိဳးျပဳႏိုင္တဲ့ လူသားတစ္ေယာက္အျဖစ္ ဂုဏ္ရွိစြာ ရွင္သန္ေနထိုင္ႏိုင္ပါေစ သက္ရွည္က်န္းမာပါေစ လို႔ ခ်စ္ရတဲ့ ေမေမက ေမြးေန႔ ဆုေတာင္းေပးလိုက္ပါတယ္

သမီးေလးေရ သမီးေလး Mia နာမည္ကိုလည္း ‘ေစာအမရာဉာဏ္’ လို႔ အမည္ေပး ေခၚထြင္လိုက္ပါၿပီ သမီးေလး တစ္ႏွစ္ျပည့္အတြက္ ရည္႐ြယ္လႉဒါန္းထားတဲ့

အစုစုေတြလည္း အက်ိဳးလက္ငင္း ျဖစ္ထြန္းေပါက္ေျမာက္ၾကပါေစ Ps – အိပ္ခါနီး နက္ျဖန္ သူ႔ေမြးေန႔ဆိုတာ သိလို႔လား မသိဘူး ေတာ္ေတာ္နဲ႔ မအိပ္ဘဲ လက္ခုပ္ေတြတီးေနတယ္

သေဘာက Happy birthday song ဆိုေပးပါေပါ့ ခုေတာ့ အေတာ္ အိပ္ေမာက်ေနရွာၿပီ သဲတုံးေလးက ေမေမ့သဲေလးက ဘယ္မွာလဲေမးရင္

သူ႔ရင္ဘတ္ကို ပုတ္ျပတတ္ေနၿပီ” လို႔ ေဒါက္တာ ျမဝတ္ရည္ ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚကေန ေရးသားထားတာကို ေတြ႕ရပါတယ္။

ေဒါက္တာ ျမဝတ္ရည္ ကေတာ့ သမီးေလးရဲ႕နာမည္ေလးကို ေစာအမရာဉာဏ္ လို႔ ေပးခဲ့ပါတယ္ေနာ္။

သမီးေလး မီယာ ကေတာ့ ေဒါက္တာ ျမဝတ္ရည္ လိုပဲ အၿပဳံးခ်ိဳခ်ိဳေလးေတြကို ပိုင္ဆိုင္ထားတာေၾကာင့္ ပရိသတ္ေတြကလဲ ခ်စ္ခင္ေနၾကပါတယ္ေနာ္။

အဆုံးထိဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

Crd

Leave a Reply

Your email address will not be published.