၄၄ လမ်း
Hero တွေက ဝတ်ရုံမပါဘူး
မျက်နှာဖုံးမတပ် အပေါ်ရုံမခြုံပဲ
အလွတ်ကြီးကိုခုန်ချသွားတာ
အလွတ်ကြီးကိုခုန်ချသွားတာ




အသက်လည်းအပိုမပါဘူး
ရုပ်ရှင်တွေထဲကလို cut လို့အော်ပြီး
ပြန်မရှင်လာဘူး
အလွတ်ကြီးကိုခုန်ချသွားတာ
အလွတ်ကြီးကိုခုန်ချသွားတာ ကွ




ဟာ
ဟင်
အို
ဖြစ်ရလေကွာ
စုပ်တသပ်သပ် နဲ့ မျက်ရည်ဝဲနေတဲ့ကောင်တွေ
ခင်ဗျားတို့ပဲကမ္ဘာမြေမှာ ကျန်ခဲ့ကြ
လူယုတ်မာတေွကြား နေခဲ့ကြ




ကောင်းကင်နိုင်ငံမှာ ကဗျာဆရာတွေစုံနေပြီ
နာဂတောင်တန်းအကြောင်းနားထောင်လို့လည်းရတယ်
ငါတို့ခေတ်က ရေမွန်
ဟိုဘက်ခေတ်ကဆို ထူးအိမ်သင်လည်း ရှိတယ်
ဟားဟားဟား
အလွတ်ကြီး ခုန်ချခဲ့တာကွ
အလွတ်ကြီးကို ခုန်ချခဲ့တာနော်
မငိုနဲ့ ငါတို့က ကောင်းကင်နိုင်ငံတော်မှာ
အလွတ်ကြီးခုန်ချပြီး လွတ်မြောက်သွားပြီ
ကမ္ဘာမြေကို ပြန်ကြည့်ရင်း
စုပ်တသပ်သပ်………
CreditPhotos
Zawgyi
၄၄ လမ္း
Hero ေတြက ဝတ္႐ုံမပါဘူး
မ်က္ႏွာဖုံးမတပ္ အေပၚ႐ုံမၿခဳံပဲ
အလြတ္ႀကီးကိုခုန္ခ်သြားတာ
အလြတ္ႀကီးကိုခုန္ခ်သြားတာ




အသက္လည္းအပိုမပါဘူး
႐ုပ္ရွင္ေတြထဲကလို cut လို႔ေအာ္ၿပီး
ျပန္မရွင္လာဘူး
အလြတ္ႀကီးကိုခုန္ခ်သြားတာ
အလြတ္ႀကီးကိုခုန္ခ်သြားတာ ကြ




ဟာ
ဟင္
အို
ျဖစ္ရေလကြာ
စုပ္တသပ္သပ္ နဲ႕ မ်က္ရည္ဝဲေနတဲ့ေကာင္ေတြ
ခင္ဗ်ားတို႔ပဲကမာၻေျမမွာ က်န္ခဲ့ၾက
လူယုတ္မာေတြၾကား ေနခဲ့ၾက




ေကာင္းကင္နိုင္ငံမွာ ကဗ်ာဆရာေတြစုံေနၿပီ
နာဂေတာင္တန္းအေၾကာင္းနားေထာင္လို႔လည္းရတယ္
ငါတို႔ေခတ္က ေရမြန္
ဟိုဘက္ေခတ္ကဆို ထူးအိမ္သင္လည္း ရွိတယ္
ဟားဟားဟား
အလြတ္ႀကီး ခုန္ခ်ခဲ့တာကြ
အလြတ္ႀကီးကို ခုန္ခ်ခဲ့တာေနာ္
မငိုနဲ႕ ငါတို႔က ေကာင္းကင္နိုင္ငံေတာ္မွာ
အလြတ္ႀကီးခုန္ခ်ၿပီး လြတ္ေျမာက္သြားၿပီ
ကမာၻေျမကို ျပန္ၾကည့္ရင္း
စုပ္တသပ္သပ္………
CreditPhotos