နွေဦးတက္ကသိုလ်နှင့် ချင်းမိုင်တက္ကသိုလ် သဘောတူစာချွန်လွှာရေးထိုး

News

နွေဦးတက္ကသိုလ်နှင့် ချင်းမိုင်တက္ကသိုလ် သဘောတူစာချွန်လွှာရေးထိုး

ချင်းမိုင်၊ ဩဂုတ် (၉)

လူငယ့်ခေတ်

ထိုင်းနိုင်ငံချင်းမိုင်တက္ကသိုလ်လက်အောက်ခံကျောင်းတစ်ခုနှင့် နွေဦးတက္ကသိုလ် ပညာရေးလုပ်ငန်းများပူးဆောင်ရွက်ရန် သဘောတူစာချွှန်လွှာရေးထိုးလိုက်ပြီဖြစ်ကြောင်း Spring University Myanmar-SUM က ယနေ့ ညပိုင်းတွင်ထုတ်ပြန်သည်။

လာမည်(၃)နှစ်အတွင်း မြန်မာကျောင်းသားလူငယ်များအတွက် ရက်တိုရက်ရှည်သင်တန်းများ၊ သုတေသနအစီအစဉ်များအပြင် နိုင်ငံတကာနှင့်ချိတ်ဆက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ကနဦးအစီအစဉ်များအရ ကျောင်းသားပေါင်း(၅၀၀)အထိ လက်ခံသင်ကြားပေးမည်ဖြစ်ပြီး မကြာမီ သင်တန်းသားများခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထိုပြင် ဆက်လက်လုပ်ဆောင်မည့်အစီအစဉ်များကိုလည်း အချိန်နှင့်တပြေးညီကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့တက္ကသိုလ်များ၏ အဆင့်ကို သတ်မှတ်သည့်အဖွဲ့တစ်ခုဖြစ်သည့် Quacquarelli Symonds ၏ ၂၀၂၂ ခုနှစ် ထုတ်ပြန်သည့်စာရင်းအရ ချင်းမိုင်တက္ကသိုလ်သည် ကမ္ဘာ့အဆင့် (၆၀၀) နှင့် (၆၅၀) ကြားရှိပြီး ထိုင်းနိုင်ငံ၏ တတိယအဆင့်တွင်ရပ်တည်နေသည့် တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။

မြန်မာဘက်မှ Spring University Myanmar (SUM) နွေဦးတက္ကသိုလ်သည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး ပညာရေးကိုရှာဖွေလိုလားလိုသည့် ကျောင်းသူကျောင်းသူများအတွက် ဖွင့်လှစ်ထားသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။

ထို့ပြင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် လူငယ်ပညာတတ်များမွေးထုတ်ပေးနိုင်ရန်နှင့် နွေဦးတော်လှန်ရေးအတွင် CDM သူရဲကောင်းများကို ထောက်ပံနိုင်ရေးအတွက် ဆောင်ရွက်နေသည့်တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။

ဓာတ်ပုံ – ချင်းမိုင်တက္ကသိုလ်၏ ကျောင်းတွင်းတစ်နေရာကို ၎င်းတို့ Website ၌ ဖော်ပြထားစဉ်

Crd

Unicode

ေႏြဦးတကၠသိုလ္ႏွင့္ ခ်င္းမိုင္တကၠသိုလ္ သေဘာတူစာခၽြန္လႊာေရးထိုး

ခ်င္းမိုင္၊ ဩဂုတ္ (၉)

လူငယ့္ေခတ္

ထိုင္းနိုင္ငံခ်င္းမိုင္တကၠသိုလ္လက္ေအာက္ခံေက်ာင္းတစ္ခုႏွင့္ ေႏြဦးတကၠသိုလ္ ပညာေရးလုပ္ငန္းမ်ားပူးေဆာင္ရြက္ရန္ သေဘာတူစာခၽႊန္လႊာေရးထိုးလိုက္ၿပီျဖစ္ေၾကာင္း Spring University Myanmar-SUM က ယေန႔ ညပိုင္းတြင္ထုတ္ျပန္သည္။

လာမည္(၃)ႏွစ္အတြင္း ျမန္မာေက်ာင္းသားလူငယ္မ်ားအတြက္ ရက္တိုရက္ရွည္သင္တန္းမ်ား၊ သုေတသနအစီအစဥ္မ်ားအျပင္ နိုင္ငံတကာႏွင့္ခ်ိတ္ဆက္ေရးလုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္သည္ဟု ဆိုသည္။

ကနဦးအစီအစဥ္မ်ားအရ ေက်ာင္းသားေပါင္း(၅၀၀)အထိ လက္ခံသင္ၾကားေပးမည္ျဖစ္ၿပီး မၾကာမီ သင္တန္းသားမ်ားေခၚယူသြားမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။
ထိုျပင္ ဆက္လက္လုပ္ေဆာင္မည့္အစီအစဥ္မ်ားကိုလည္း အခ်ိန္ႏွင့္တေျပးညီေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။

ကမၻာ့တကၠသိုလ္မ်ား၏ အဆင့္ကို သတ္မွတ္သည့္အဖြဲ႕တစ္ခုျဖစ္သည့္ Quacquarelli Symonds ၏ ၂၀၂၂ ခုႏွစ္ ထုတ္ျပန္သည့္စာရင္းအရ ခ်င္းမိုင္တကၠသိုလ္သည္ ကမၻာ့အဆင့္ (၆၀၀) ႏွင့္ (၆၅၀) ၾကားရွိၿပီး ထိုင္းနိုင္ငံ၏ တတိယအဆင့္တြင္ရပ္တည္ေနသည့္ တကၠသိုလ္တစ္ခုလည္း ျဖစ္သည္။

ျမန္မာဘက္မွ Spring University Myanmar (SUM) ေႏြဦးတကၠသိုလ္သည္ အၾကမ္းဖက္စစ္ေကာင္စီ၏ စစ္ကၽြန္ပညာေရးကို သပိတ္ေမွာက္ၿပီး ပညာေရးကိုရွာေဖြလိုလားလိုသည့္ ေက်ာင္းသူေက်ာင္းသူမ်ားအတြက္ ဖြင့္လွစ္ထားသည့္ တကၠသိုလ္တစ္ခုျဖစ္သည္။

ထို႔ျပင္ အနာဂတ္ဖက္ဒရယ္ဒီမိုကေရစီနိုင္ငံအတြက္ လူငယ္ပညာတတ္မ်ားေမြးထုတ္ေပးနိုင္ရန္ႏွင့္ ေႏြဦးေတာ္လွန္ေရးအတြင္ CDM သူရဲေကာင္းမ်ားကို ေထာက္ပံနိုင္ေရးအတြက္ ေဆာင္ရြက္ေနသည့္တကၠသိုလ္တစ္ခုလည္း ျဖစ္သည္။

ဓာတ္ပုံ – ခ်င္းမိုင္တကၠသိုလ္၏ ေက်ာင္းတြင္းတစ္ေနရာကို ၎တို႔ Website ၌ ေဖာ္ျပထားစဥ္

Crd

Leave a Reply

Your email address will not be published.