အာဆီယံအနေနဲ့ မင်းအောင်လှိုင်ကို တိုက်ရိုက်အရေးယူဖို့ NUG တိုက်တွန်း

News

အာဆီယံအနေနဲ့ မင်းအောင်လှိုင်ကို တိုက်ရိုက်အရေးယူဖို့ NUG တိုက်တွန်း

MFP ၊ ဩဂုတ် – ၉

အာဆီယံ ရဲ့ ‘ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ကတိကဝတ်’ ထပ်လောင်းဖေါ်ပြချက်အရ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထင်ရှားပြတ်သားစွာ ခြိမ်းခြောက်နေတဲ့ တရားမဝင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပေါင်းအပါ အကြမ်းဖက်စစ်အုပ်စုကို တုံ့ဆိုင်းမနေဘဲ တိုက်ရိုက် အရေးယူဆောင်ရွက်ရန် လိုအပ်ပါတယ် လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရလဒ်တွေအပေါ် ထုတ်ပြန်ကြေညာချက် ကို ဒီနေ့ညနေပိုင်းက ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသား တိုက်တွန်းထားတာဖြစ်ပါတယ်။

စာအပြည့်အစုံမှာ ” အာဆီယံ၏ ပူးတွဲကြေညာချက်တွင် အာဆီယံ၏ ‘ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးဆိုင်ရာ ကတိကဝတ်’ ကို ထပ်လောင်း ကတိပြုသည်ဟု ဖော်ပြထားပါသည်။ အဆိုပါဖော်ပြ ချက်အရ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထင်ရှားပြတ်သားစွာ ခြိမ်းခြောက်လျက်ရှိသည့် တရားမဝင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ အကြမ်းဖက်စစ်အုပ်စုအား တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ တိုက်ရိုက် အရေးယူဆောင်ရွက်ရန် လိုအပ်ပါသည် ” လို့ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်သူလူထုရဲ့ တရားဝင်အစိုးရအဖြစ် ရွေးကောက်တင်မြောက်ခံထားရတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ အနေနဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ကာ အကြမ်းဖက် စစ်အာဏာရှင်တွေကြောင့် ဒေသတွင်း ယိုယွင်းပျက်စီးနေသော အကျပ်အတည်း အခြေအနေများကို ဖြေရှင်းရာတွင် ပါဝင်ကူညီပေးရမည်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

“ တစ်ချိန်တည်းမှာပဲ အာဆီယံဟာ မြန်မာ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မြန်မာလူထု၏ အသံများကို နားထောင်လျက် အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားရန် ထင်ရှားပြတ်သားသည့် ခြေလှမ်းများကို လျှောက်လှမ်းရမည်ဖြစ်ပါတယ် “ လို့ တိုက်တွန်းရေးသားခဲ့ပါတယ်။

(၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်လို့ ဆွေးနွေးခဲ့တာနဲ့ အာဆီယံပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံကို ထည့်သွင်းခဲ့တဲ့အပေါ် NUG က ကြိုဆိုထောက်ခံတယ်လို့လည်း ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်တာနဲ့ပတ်သက်လို့ တိုးတက်မှုကို ပြန်လည်အကဲဖြတ်ဖို့ရာ နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးအထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ချက်အပေါ် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် လွန်စွာစိုးရိမ်ပူပန်မိပါတယ်လို့လည်း ရေးသားဖေါ်ပြခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အကြမ်းဖက် စစ်အာဏာရှင်ရဲ့တရားမ၀င်အုပ်ချုပ်မှုကို စဉ်ဆက်မပြတ် ငြင်းပယ်တွန်းလှန်နေတဲ့ နိုင်ငံရေးအတိုက်အခံတွေနဲ့ မြန်မာပြည်သူများအပေါ် စစ်ရာဇ၀တ်မှုများ၊ လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ၎င်းတို့၏ အကြမ်းဖက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျူးလွန်နိုင်စေဖို့ ခွင့်ပြုပေးလိုက်တာဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြခဲ့ပါတယ်။

မြန်မာ့ ငြိမ်းချမ်းရေး အစီအစဉ်‌တွေကို တိုးတက်အောင် ‌မဖေါ်ဆောင်နိုင်သမျှ အာဆီယံ အစည်းအဝေးတွေမှာ အာဏာသိမ်း အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေကို တားမြစ်သွားဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက သဘောတူခဲ့ကြပါသေးတယ်။

Crd

Unicode

အာဆီယံအေနနဲ႔ မင္းေအာင္လွိုင္ကို တိုက္ရိုက္အေရးယူဖို႔ NUG တိုက္တြန္း

MFP ၊ ဩဂုတ္ – ၉

အာဆီယံ ရဲ့ ‘ေဒသတြင္း ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးဆိုင္ရာ ကတိကဝတ္’ ထပ္ေလာင္းေဖၚျပခ်က္အရ ေဒသတြင္းၿငိမ္းခ်မ္းေရးနဲ႔ လုံျခဳံေရးကို ထင္ရွားျပတ္သားစြာ ၿခိမ္းေျခာက္ေနတဲ့ တရားမဝင္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ အေပါင္းအပါ အၾကမ္းဖက္စစ္အုပ္စုကို တုံ႔ဆိုင္းမေနဘဲ တိုက္ရိုက္ အေရးယူေဆာင္ရြက္ရန္ လိုအပ္ပါတယ္ လို႔ အမ်ိဳးသား ညီညြတ္ေရးအစိုးရ (NUG) က ဒီေန႔ တိုက္တြန္းလိုက္ပါတယ္။

အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ နိုင္ငံျခားေရးဝန္ႀကီးဌာနက ကေမၻာဒီးယားနိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ အာဆီယံနိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးရလဒ္ေတြအေပၚ ထုတ္ျပန္ေၾကညာခ်က္ ကို ဒီေန႔ညေနပိုင္းက ထုတ္ျပန္ခဲ့ၿပီး အဲဒီထုတ္ျပန္ခ်က္မွာ ထည့္သြင္းေရးသား တိုက္တြန္းထားတာျဖစ္ပါတယ္။

စာအျပည့္အစုံမွာ ” အာဆီယံ၏ ပူးတြဲေၾကညာခ်က္တြင္ အာဆီယံ၏ ‘ေဒသတြင္း ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ ေရးဆိုင္ရာ ကတိကဝတ္’ ကို ထပ္ေလာင္း ကတိျပဳသည္ဟု ေဖာ္ျပထားပါသည္။ အဆိုပါေဖာ္ၿပ ခ်က္အရ ေဒသတြင္းၿငိမ္းခ်မ္းေရးနဲ႔ လုံျခဳံေရးကို ထင္ရွားျပတ္သားစြာ ၿခိမ္းေျခာက္လ်က္ရွိသည့္ တရားမဝင္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ႏွင့္ ၎၏ အၾကမ္းဖက္စစ္အုပ္စုအား တုံ႔ဆိုင္းျခင္းအလ်ဥ္းမရွိဘဲ တိုက္ရိုက္ အေရးယူေဆာင္ရြက္ရန္ လိုအပ္ပါသည္ ” လို႔ ျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာျပည္သူလူထုရဲ့ တရားဝင္အစိုးရအျဖစ္ ေရြးေကာက္တင္ေျမာက္ခံထားရတဲ့ အမ်ိဳးသား ညီညြတ္ေရးအစိုးရ အေနနဲ႔ အာဆီယံထိပ္သီးအစည္းအေဝးေတြမွာ ပါဝင္တက္ေရာက္ကာ အၾကမ္းဖက္ စစ္အာဏာရွင္ေတြေၾကာင့္ ေဒသတြင္း ယိုယြင္းပ်က္စီးေနေသာ အက်ပ္အတည္း အေျခအေနမ်ားကို ေျဖရွင္းရာတြင္ ပါဝင္ကူညီေပးရမည္ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေတာင္းဆိုထားပါတယ္။

“ တစ္ခ်ိန္တည္းမွာပဲ အာဆီယံဟာ ျမန္မာ့တိုင္းရင္းသားေတာ္လွန္ေရးအဖြဲ႕အစည္းေတြနဲ႔ ျမန္မာလူထု၏ အသံမ်ားကို နားေထာင္လ်က္ အၾကမ္းဖက္စစ္အုပ္စုကို ဖယ္ရွားရန္ ထင္ရွားျပတ္သားသည့္ ေျခလွမ္းမ်ားကို ေလၽွာက္လွမ္းရမည္ျဖစ္ပါတယ္ “ လို႔ တိုက္တြန္းေရးသားခဲ့ပါတယ္။

(၅၅) ႀကိမ္ေျမာက္ အာဆီယံနိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို ကေမၻာဒီးယားနိုင္ငံမွာ ၂၀၂၂ ခုႏွစ္ ဩဂုတ္လ (၃) ရက္ေန႔က က်င္းပခဲ့တာျဖစ္ၿပီး ျမန္မာနိုင္ငံႏွင့္ပတ္သက္လို႔ ေဆြးေႏြးခဲ့တာနဲ႔ အာဆီယံပူးတြဲေၾကညာခ်က္မွာ ျမန္မာနိုင္ငံကို ထည့္သြင္းခဲ့တဲ့အေပၚ NUG က ႀကိဳဆိုေထာက္ခံတယ္လို႔လည္း ေျပာပါတယ္။

အၾကမ္းဖက္စစ္အုပ္စုရဲ့ ဘုံသေဘာတူညီခ်က္ငါးရပ္ကို အေကာင္အထည္ေဖာ္တာနဲ႔ပတ္သက္လို႔ တိုးတက္မႈကို ျပန္လည္အကဲျဖတ္ဖို႔ရာ နိုဝင္ဘာလမွာ က်င္းပမယ့္ အာဆီယံထိပ္သီးအစည္းအေဝးအထိ ေစာင့္ဆိုင္းဖို႔ ဆုံးျဖတ္ခ်က္အေပၚ အမ်ိဳးသား ညီညြတ္ေရးအစိုးရအေနျဖင့္ လြန္စြာစိုးရိမ္ပူပန္မိပါတယ္လို႔လည္း ေရးသားေဖၚျပခဲ့ပါတယ္။

ဒီဆုံးျဖတ္ခ်က္ဟာ အၾကမ္းဖက္ စစ္အာဏာရွင္ရဲ့တရားမ၀င္အုပ္ခ်ဳပ္မႈကို စဥ္ဆက္မျပတ္ ျငင္းပယ္တြန္းလွန္ေနတဲ့ နိုင္ငံေရးအတိုက္အခံေတြနဲ႔ ျမန္မာျပည္သူမ်ားအေပၚ စစ္ရာဇ၀တ္မႈမ်ား၊ လူသား မ်ိဳးႏြယ္အေပၚ က်ဴးလြန္သည့္ ရာဇ၀တ္မႈမ်ားႏွင့္ ၎တို႔၏ အၾကမ္းဖက္ၾကမ္းၾကဳတ္မႈမ်ားကို ဆက္လက္ က်ဴးလြန္နိုင္ေစဖို႔ ခြင့္ျပဳေပးလိုက္တာျဖစ္တယ္ လို႔ ထုတ္ျပန္ခ်က္မွာ ေဖၚျပခဲ့ပါတယ္။

ျမန္မာ့ ၿငိမ္းခ်မ္းေရး အစီအစဥ္‌ေတြကို တိုးတက္ေအာင္ ‌မေဖၚေဆာင္နိုင္သမၽွ အာဆီယံ အစည္းအေဝးေတြမွာ အာဏာသိမ္း အၾကမ္းဖက္စစ္ဗိုလ္ခ်ဳပ္ေတြကို တားျမစ္သြားဖို႔ အာဆီယံ နိုင္ငံျခားေရးဝန္ႀကီးမ်ားက သေဘာတူခဲ့ၾကပါေသးတယ္။

Crd

Leave a Reply

Your email address will not be published.