၅/ သွား တောလား။
အိမ်မပြန်ဖြစ်တာ ၃/၄ လကြာပြီမို့ အရဲစွန့်ပြန်မိတယ်။ စစ်ကိုင်းမြို့ အထွက်ထဲက ကား လမ်းမပေါ်မှာ အသွားအလာ မရှိသလောက်ရှင်းတယ်
အရင်ကဆိုမန်းလေး မုံရွာ လမ်းဟာ၂၄ နာရီမဟုတ်တောင်၁၂ နာရီ လောက်တော့ကားတွေ ဥဒဟို ကူးနေကျလမ်းလေ။

လမ်းဘေး ဝဲယာ ကလမ်းပခုံးသားတွေ ကြည့်မိတော့မိုင်းဒဏ်ရာ တွေ ဗလပွနဲ့ပဲ။
တချို့က အဟောင်းတချို့ကျ အသစ်တချို့နေရာကျ ယမ်း နံ့ပင် မပျယ်ချင်သေး။
မှန်တွေအကုန်ချ ရသမျှ ဘုရားစာ ရွတ်နေပူပူ လေပူပူ ထဲအရဲစွန့်မောင်းရင်းဟိုးတုန်းကပေါ်လစီ သီချင်း စာသား တပိုင်းတစကိုသတိရမိသည်
“ယမ်းငွေ့ဟာ ပန်းမွေ့ရာ ဖြစ်မလာနိုင်ဘူး ယမ်းငွေ့ဟာ ပန်းမွေ့ရာ ဖြစ်မလာနိုင်ဘူး တဲ့”ဆင်ဖြူရှင် တံတား ကျော်အောင်မိုး လမ်းခွဲမှာ ကားခဏ ရပ်တော့ထန်းသီးမုန့်သည်တွေ အပြေးအလွှား ရောက်လာသည်။

ခရီးသည်တွေ မသွားသလောက်နည်းလာလို့ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လာသည်တဲ့။ထန်းသီးမုန့်ဗူးတွေ တဝက် ဈေးနှင့်အတင်းထည့်ပေးရင်းတဖက်က အသနားခံကြလေသည်။
ပျက်စီးနေသည့် ပိုင်ရှင်မဲ့ ကားတစီးရက်ရှည် လများ အသွားအလာနည်းပါးရ်ျလမ်းပေါ် ထိုးထွက်နေကြသည့်လမ်းဘေးဝဲယာ က ကန္တာရပင်တွေကြည့်ရင်းခံစားရတာက PUBG ဂိမ်းကို5D တွေ 7D တွေဖြင့် ဆော့နေရသလိုလို။
အနောက် ရေနံမှော်ကို မီးရှို့လာတဲ့စစ်ကြောင်းက ဒီဘက် လာပေါင်းမှာတဲ့ဟေ့။အင်တာနက်လိုင်း နတ္ထိဖုန်းလိုင်း မမိတမိ ဘဝတွေမှာတဆင့်စကား တဆင့်နားနှင့်ပင်သတင်းတွေ ဖြန့်ကြရသည်။

တချို့လည်း အမှန်အကန်တချို့လည်း အကြံအဖန် တချို့က ကောလာဟလတချို့က အတိအကျ။
စစ်ကြောင်း သတင်းကြောင့်ပြေးကြလွှားကြရသည့်အမျိုးတွေ ကြည့်ရင်းစိတ်ထဲ မကောင်းလှ။ထွန် ထွန် ပေါင်းနှုတ် နှုတ်တောသွားဖို့ကို နားစွင့်နေရတာပဲသူတို့ စစ်ကြောင်းနဲ့တိုးရင်တွေ့သမျှအကုန်ဖမ်းခေါ်ပြီး
အထုပ်အပိုး ထမ်းခိုင်း လမ်းပြခိုင်းတာသေတာ ရှင်တာတော့ ကံပေါ့တဲ့။ကျောင်းနေဘက် သူငယ်ချင်းတချို့ရရာလက်နက်ဆွဲ တိုက်ပွဲဝင်နေပြီးသူငယ်ချင်းအချို့ တော့အသက်ပါပေးသွားကြပြီတဲ့
ဒီလို သတင်းတွေကြားတော့ကနဦးတုန်းက လက် ၃ ချောင်းထောင်ဆယ်လီလုပ်ပြီးခုချိန် မဆိုင်တော့သလိုနေမိသောကိုယ့်ဟာကို လိပ်ပြာမလုံ။မီးရှို့ပြီးသားရွာကိုထပ်ဝင်ပြီးယာယီတဲတွေပါ ပြန်မီးရှို့သွားသတဲ့။

ဖမ်းခံရသူတွေကိုမှာလိုက်တာလက်ပတ်နီ ပတ်ထားတဲ့ကောင်တွေလာရင်ပြေးတာပြေးတဲ့ဘုန်းကြီးတောင် ညှာမှာမဟုတ်တဲ့ကြားရတာတွေတော့ စုံနေတာပဲ ။
တိုက်ပွဲဖြစ်လို့ရှိတာထား အသက်လုပြေးရချိန်အချင်းချင်းက ပြန်ခိုးကြတာတွေလည်းရှိသတဲ့ထင်တောင် မထားရတဲ့ သူဌေးတွေကပါ ပါသေးသတဲ့။
ကြောက်စရာ လန့်စရာ လူ့စိတ်တွေကိုး။သစ်မထုတ်ဘိန်းမစိုက်ရွှေမထွက် ကျောက်မထွက်မှောင်ခိုမလုပ်သည့်ဒေသမို့ကျွန်တော်တို့ အရပ်ဟာခေတ်အဆက်ဆက်ရှားပါးခဲ့သည်။
အများစုဟာတနှစ်စာ တောင်ယာကထွက်သည့်၄/၅ ဆယ်သိန်းနှင့် စား ဝတ် နေ ရေးပညာရေးကို လူတန်းစေ့အောင်ခြစ်ခြစ်ကုတ်ကုတ် အားထုတ်ကြရသည်။

ခုတော့ ပိုဆိုးတော့မည် ထင်သည်။စစ်ကြောင်းထိုးလာလို့တဲ့စာသင်နေတဲ့ကလေးတွေ ပြန်လွှတ်လိုက်ပြီ။
ရရာနေရာမှာ ရှိတဲ့ ဆရာနဲ့ဖြစ်သလိုဖွင့်ထားသောစာသင်ခန်းထဲက ကလေးတွေအနာဂတ်အတွက် မတွေးအားစစ်သားလာရင် ပြေးကြလွှားကြရသည်။
ခုက် သူတို့က စစ်ကြောင်း ထိုးမယ်ဆိုလက်နက်ကြီးနဲ့ ထု ထုပြီးမှလာတော့တယ်။
သူတို့ စစ်ကြောင်း မိုင်းဆွဲခံရရင်အနီးအပါးက ရွာ အငြိုးတကြီးနဲ့မီးရှို့တော့တာပဲ။ခုတော့ ကိုယ့်ရပ် ကိုယ့်ရွာဘေးတခြားအဖွဲ့က မိုင်းလာမဆွဲဖို့ပဲဂရုစိုက်နေရတယ်။
လုပ်တော့ ငါတို့က လုပ်ရတာသူတို့က Video ကောင်းကောင်း ရိုက်Report ကောင်းကောင်းလုပ်တတ်တော့ထောက်ပံ့သမျှက သူတို့ပဲ ရသူတို့ပဲ လက်ဝါးကြီးအုပ်သွားတယ်။

ဖြစ်သလိုဖွဲ့စည်းထားကြသည့်အဖွဲ့ပေါင်းစုံ၏သတင်းပလင်း နှင့်အတင်းအဖျင်းတွေလည်းကြားရသည်။
ပြည်သူကတော့နင်းပြားက နင်းပြားပါပဲစိတ်တွေလည်း ညစ်ပါတယ်န့နေ့ညည စိတ်ဖြောင့်ဖြောင့်အိပ်မရ အလုပ်လုပ်မရနဲ့ဒီဟာကြီးက ဘယ်တော့ပြီးမှာလည်း ဆိုတော့ကျွန်တော့မှာလည်း အဖြေမရှိ။
အင်တာနက်ရရင်တော့မြို့ပေါ်မှာဒီဟာကြီး ပြီး လို့ပျော်ပါးနေကြပြီ ဖြစ်ကြောင်းပြမိကောင်း ပြမိမည်ထင်သည်။
တခါက ဂျပန်စစ်သားတစုဟာနိုင်ငံတနိုင်ငံက တောထဲမှာနှစ်အတန်ကြာထိဒုတိယကမ္ဘာစစ်ကြီး မပြီးသေးဘူးထင်ပြီးတိုက်ခိုက်နေကြဆဲဆိုသည့်သတင်းတပုဒ်ကို ဖတ်ဖူးသည်။

အညာက လူတွေကိုရော မြို့အရပ်က လူတွေက ဂျပန်စစ်သား တစုလိုမြင်နေပြီလား?ခုဆို KTV Bar Club မှာ ဘီယာ အရက် ကိုဘူဒါး (အသက်ကြီးအဖိုးကြီး) တွေပဲ သောက်ကြတော့တာ။အများစုက K ရှူပြီး E ကိုက်နေပြီ။ဉာဏ်သိပ်မမှီသောအသုံးအနှုန်းတွေနှင့်မျှဝေ လာတော့ ခက်ဆစ်တွေ မေးရသေးသည်။
မြို့သားတွေ သာယာနေတာကိုအပြစ်မမြင်ပါလူ့ ဘဝ တိုတို လေးမှာကိုယ့် ရွေးချယ်ခွင့် နှင့်ကိုကိုယ်လုပ်ချင်တာ လုပ်ကြတာကိုအပြစ်မြင်စရာမရှိ။
ဒါဆို တောသားတွေ လယ်မလုပ် ယာမလုပ် ပညာမသင်နိုင်တာကျတော့ရောဟုမေးလာလျှင်တော့ ဖားတပိုင်း ငါး တပိုင်းကိုယ့်မှာမဖြေတတ်တော့။
Marvel ဇာတ်ကားတွေထဲကလိုUniverse မတူလို့နေမယ်လို့ဖြေကြည့်လျှင် ကောင်းလေမလား မန်းလေး ဘက်အပြန်လမ်းမှာတော့စစ်ကြောင်းတွေရှောင်စစ်ဆေးရေးဂိတ်တွေရှောင်မိုင်းကွင်းတွေဖြတ်ပြီးပြန်လာရင်းရတနာပုံ တံတားထိပ္ကနှာပေါက် ကို ရောက်မှအသက် ဝ ဝ ရှူနိုင်တော့သည်။
ဒါ့ကြောင့်လည်းနှာပေါက် ရယ်လို့ အမည်တွင် တာဖြစ်လေမလား။

၅မျဉ်းစောင်း ၅ မျဉ်းစောင်း ရယ်လို့ ခုချိန်မှာလွတ်ရာ ကျွတ်ရာကနေ တော်လှန်ရေး အာသာဖြေသူတချို့လိုင်းပေါ်ကနေအားပေး နေပေမယ့်အချိန်ကြာလာ ရင်တော့ CDM တွေလို အမေ့လျော့ခံဖြစ်သွားမှာပါပဲ။
ဒါပေမယ့်ဒီကာလတွေမှာ ၅/ သားမှန်ရင်ရခဲ့တဲ့ ဒဏ်ရာတွေကရင်ဘတ်ထဲက နှလုံးသားမပြောနဲ့လမ်း ပခုံးသား မှာတောင်ဗရပွ ပါပဲ။
Credit
unicode