“ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်ကြား ဘာကိုရွေးမလဲဆိုတဲ့အခြေနေကိုဆိုက်ရောက်နေပါပြီ”ဆိုတဲ့ကမ္ဘာကြီးကိုပြောချင်ပါတယ်

News

ဒီကမ္ဘာကြီးရဲ့ အရှေ့တောင်အာရှတနေရာက
မြန်မာပြည်သူများကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၄ နှစ်ကတည်းက ဒီမိုကရေစီကို တစိုက်မတ်မတ်၊ဇွဲသန်သန်နဲ့ရွေးချယ်ခဲ့ကြပါတယ်ဆိုတာကိုခု၈၈၈၈နှစ်ပါတ်လည်နေ့မှာ မှတ်မှန်ရရပြောချင်ပါတယ်

ခေတအဆက်ဆက်တိုက်ပွဲတိုင်းမှာပြည်သူက တာဝန်ကျေခဲ့တာချည်းပဲ

အရှေ့ဥရောပတခွင် ဒီမိုရေစီမပြောင်းလဲခင်ကတဲက မြန်မာဟာ ကမ္ဘာကြီးရဲ့အမှောင်ခြမ်း
အတွက်အသက်တွေ ဘဝတွေရင်းပြီး လောင်မြိုက်ထွန်းညှိပြခဲ့ပါတယ်ဒါကိုဒီနေ့ကမ္ဘာ့ဒီမိုကရေစီရပ်ဝန်းကြီးကိုအော်ပြောလိုက်ပါရစေ။

မြန်မာဟာ ၁၉၈၈ကတဲက ဒီမိုကရေစီတာ
ထွက်ခဲ့တာပါ တာထွက်စောခဲ့သူတွေပါ

ကမ္ဘာကြီးခင်ဗျာ
ဆယ်စုနှစ်တွေအလီလီချီကြာ ပေးဆပ်ခဲ့စတေးခဲ့ကြတဲ့ပြည်သူတွေရဲ့အသက်ဘဝတွေ
လုံလောက်သင့်ပါပြီ

စိုးရိမ်ကြောင်းစာထုတ်မည့်အစား အာဏာရှင်တွေကိုလက်ရောက်နှိမ်နင်းကြပါ
တခါးပိတ်စည်းဝေးမည့်အစား ဗုံးကြဲခံ မီးတိုက်ခံနေရတဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်တွေထံ ခုခံကာကွယ်စရာတွေအရောက်ပို့ပေးကြပါ

မြန်မာပြည်သူတွေဟာ မတန်တဆ စစ်အင်အားကို ရှိစုမဲ့စုကုပ်ခြစ်ပြီးကိုယ့်အားကိုယ်ကိုးခုခံနေကြတာပါ
မိမိတို့ချစ်မြတ်နိုးတဲ့အသက်မွေးမြူရာ
တောင်ယာတွေသာမက လယ်လုပ်ကိရိယာတွေ ၊မိဖအမွေ အိုစာမင်းစာ နားကပ်ပါမကျန် စွန့်ပြီး ခုခံနေကြတာပါ

တိုင်းတပါးမှာအိမ်အကူ အလုပ်ကြမ်းလုပ်နေရသူတွေကိုယ်တိုင် အကြွေးမဆပ်သေးပဲတော်လှန်ရေးထဲချွေးနည်းစာတွေစုပြီးခုခံနေကြတာပါ

ပြည်သူတိုင်းရဲ့ဆွေမျိုးတွေထဲမှာ
မိသားစုဝင်တွေထဲမှာ တော်လှန်ရေးတပ်သားတွေပါဝင်နေကြပါတယ် ပုံသဏ္ဍန်မျိုးစုံနဲ့ပါဝင်နေကြဆဲပါ

လမ်းတွေပေါ်လည်းနေ့စဉ်မပြတ်ဟစ်အာ်နေဆဲပါ
လက်ကိုင်ဖုန်းထဲ လက်သုံးချောင်းထောင် ဓာတ်ပုံတွေ့ရုံနဲ့ ဖမ်ဆီးခံညှင်းဆဲ သတ်ဖြတ်ခံ ဘဝတွေကိုကြားဖူးပါသလား
အဲဒါမြန်မာပြည်မှာတကယ်ရှိပါတယ်

အဲသလို ဖက်ဆစ်အပြုအမူပြုကျင့်နေတဲ့စစ်တပ်ဆီက ဘာရွေးကောက်ပွဲကိုမျော်လင့်နေကြပါသလဲ ဖက်ဆစ်ကို ဖျောင့်ဖျလို့ရကောင်းပါသလား

ပိုကြီးတဲ့အင်အားနဲ့အနိုင်ယူရမှာမဟုတ်လား ဒါမြန်မာပြည်သူတွေရဲ့မေးခွန်းပါ ဖက်စစ်တပ်ကို အားမတန်မာန်မလျော့ခုခံနေသူမြန်မာပြည်သူတွေရဲ့မေးခွန်းပါ

အိုးပစ်အိမ်ပစ်ဘဝတွေနဲ့ မိသားစုကိုစွန့်ကြ အကျဉ်းထောင်ထဲ စစ်ကြောရေးစခန်းထဲ
တောထဲတောင်ထဲ မိုးထဲလေထဲ အသက်စွန့်
တိုက်ပွဲဝင်နေရသူတွေ ကိုယ်စီကိုယ်စီဒါဏ်ရာတွေနဲ့အသိုင်းဝိုင်းတိုင်းမှာအားလုံးရှိကြပါတယ် မေးကြည့်ပါ စုံစမ်းပါ

ပြီးတော့ ဆင်ခြင်ကြည့်ကြပါ
အကျဉ်းထောင်တွေထဲ နိုင်ငံရေးအကျဉ်းသားထောင်သောင်းချီရှိနေတာကိုကြည့်ပါ

သူတို့ဟာအသက်အန္တရာယ်ပါခြိမ်းချောက်ခံနေရတာပါ နေ့စဉ်ခံနေရတာပါ ဒါပေမယ်သူတို့ရရာနည်းနဲ့တိုက်ပွဲဝင်နေဆဲပါ
သူတို့ရဲ့သတင်းစကားပါလာပါတယ်

သူတို့တိုက်ပွဲဝင်နေဆဲပါတဲ့ သူတို့ရဲ့အသက်အန္တရာယ်ကို သူတို့ရဲ့မျက်လုံးများကိုမြင်အောင်ကြည့်ကြဖို့ပါ
လူကြီးမင်းတို့ရဲ့မိသားစုဆုံကြတဲ့ပွဲတိုင်းမှာ

အာရှတိုက်တနေရာက ကျိုးပဲ့နာကျင်နေရတဲ့
မိသားစုဘဝတွေ လူမစုံတဲ့ထမင်းဝိုင်းတွေ၊အမေအိုရဲ့ဆုတောင်းတွေ ၊ဗုံးအကြဲခံရတဲ့စာသင်ကျောင်းတွေ ၊ရဟတ်ယဉ်နဲ့အတိုက်ခံရတဲ့ဆေးပေးခမ်းတွေကိုမြင်ကြည့်ကြပါ

၈၈၈၈ ကာလကပြည်သူတွေဟာ ဒီမိုကရေစီတောင်းခဲ့တိုက်ပွဲဝင်ခဲ့ပါတယ်ခုနွေဦးတော်လှန်ရေးမှာတော့ တိုင်းရင်းသားတွေတောင်းဆိုတဲ့ဖက်ဒရယ်စံနစ်ကိုရဖို့လက်တွဲတိုက်ပွဲဝင်နေပါတယ်

ယုံကြည်ချက်အတွက်အသက်ပေးပြီးတိုက်ပွဲ
ဝင်တယ်ဆိုတာအမြင့်မားဆုံး ၊အဆုံးစွန်ဆုံးသောစံချိန်စံနှုန်းဖြစ်တယ်ဆိုတာကိုအားလုံးကလက်ခံကြမှာပါ၊ ကျနော်တို့ ပြည်သူတွေဟာ ဆယ်စုနှစ်တွေအလီလီအသက်ဘဝများစွာရင်းနှီးပေးခဲ့တာ ခန့်မှန်းနိုင်ပါတယ်

မြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်ခြင်းဟာကမ္ဘာမှာအာဏာရှင်တွေကျဆုံးခြင်းအတွက်နမူနာပဲဆိုတာပြဖို့
ကမ္ဘာပေါ်က ဘဝတူ အဖိနှိပ်ခံပြည်သူများအားလုံးအတွက်

ကျနော်တို့ယုံကြည်ရာကိုဆက်လက်ချီတက်နေမှာဖြစ်တယ် ကျနော်တို့အသေအချာပန်းဝင်မှာဖြစ်တယ်လို့ ကတိပြုပြောကြားလိုပါတယ်။

#မင်းကိုနိုင်
“၈၈၈၈” (၃၄)နှစ်ပြည့်အခမ်းအနား

Zawgyi

“ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်ကြား ဘာကိုရွေးမလဲဆိုတဲ့အခြေနေကိုဆိုက်ရောက်နေပါပြီ”ဆိုတဲ့ကမ္ဘာကြီးကိုပြောချင်ပါတယ်

မြန်မာပြည်သူများကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၄ နှစ်ကတည်းက ဒီမိုကရေစီကို တစိုက်မတ်မတ်၊ဇွဲသန်သန်နဲ့ရွေးချယ်ခဲ့ကြပါတယ်ဆိုတာကိုခု၈၈၈၈နှစ်ပါတ်လည်နေ့မှာ မှတ်မှန်ရရပြောချင်ပါတယ်

ခေတအဆက်ဆက်တိုက်ပွဲတိုင်းမှာပြည်သူက တာဝန်ကျေခဲ့တာချည်းပဲ
အရှေ့ဥရောပတခွင် ဒီမိုရေစီမပြောင်းလဲခင်ကတဲက မြန်မာဟာ ကမ္ဘာကြီးရဲ့အမှောင်ခြမ်း
အတွက်အသက်တွေ ဘဝတွေရင်းပြီး လောင်မြိုက်ထွန်းညှိပြခဲ့ပါတယ်
ဒါကိုဒီနေ့ကမ္ဘာ့ဒီမိုကရေစီရပ်ဝန်းကြီးကိုအော်ပြောလိုက်ပါရစေ။

မြန်မာဟာ ၁၉၈၈ကတဲက ဒီမိုကရေစီတာ
ထွက်ခဲ့တာပါ တာထွက်စောခဲ့သူတွေပါ

ကမ္ဘာကြီးခင်ဗျာ
ဆယ်စုနှစ်တွေအလီလီချီကြာ ပေးဆပ်ခဲ့စတေးခဲ့ကြတဲ့ပြည်သူတွေရဲ့အသက်ဘဝတွေ
လုံလောက်သင့်ပါပြီ

စိုးရိမ်ကြောင်းစာထုတ်မည့်အစား အာဏာရှင်တွေကိုလက်ရောက်နှိမ်နင်းကြပါ
တခါးပိတ်စည်းဝေးမည့်အစား ဗုံးကြဲခံ

မီးတိုက်ခံနေရတဲ့ပြည်သူတွေရဲ့အသက်
အိုးအိမ်တွေထံ ခုခံကာကွယ်စရာတွေ
အရောက်ပို့ပေးကြပါ

မြန်မာပြည်သူတွေဟာ မတန်တဆ စစ်အင်အားကို ရှိစုမဲ့စုကုပ်ခြစ်ပြီးကိုယ့်အားကိုယ်ကိုးခုခံနေကြတာပါ
မိမိတို့ချစ်မြတ်နိုးတဲ့အသက်မွေးမြူရာ

တောင်ယာတွေသာမက လယ်လုပ်ကိရိယာတွေ ၊မိဖအမွေ အိုစာမင်းစာ နားကပ်ပါမကျန် စွန့်ပြီး ခုခံနေကြတာပါ
တိုင်းတပါးမှာအိမ်အကူ အလုပ်ကြမ်းလုပ်နေရသူတွေကိုယ်တိုင် အကြွေးမဆပ်သေးပဲတော်လှန်ရေးထဲချွေးနည်းစာတွေစုပြီးခုခံနေကြတာပါ

ပြည်သူတိုင်းရဲ့ဆွေမျိုးတွေထဲမှာ
မိသားစုဝင်တွေထဲမှာ တော်လှန်ရေးတပ်သားတွေပါဝင်နေကြပါတယ် ပုံသဏ္ဍန်မျိုးစုံနဲ့ပါဝင်နေကြဆဲပါ

လမ်းတွေပေါ်လည်းနေ့စဉ်မပြတ်ဟစ်အာ်နေဆဲပါ
လက်ကိုင်ဖုန်းထဲ လက်သုံးချောင်းထောင်
ဓာတ်ပုံတွေ့ရုံနဲ့ ဖမ်ဆီးခံညှင်းဆဲ သတ်ဖြတ်ခံ
ဘဝေတြကိုၾကားဖူးပါသလား

အဲဒါမြန်မာပြည်မှာတကယ်ရှိပါတယ်
အဲသလို ဖက်ဆစ်အပြုအမူပြုကျင့်နေတဲ့စစ်တပ်ဆီက ဘာရွေးကောက်ပွဲကိုမျော်လင့်နေကြပါသလဲ ဖက်ဆစ်ကို ဖျောင့်ဖျလို့ရကောင်းပါသလား

ပိုကြီးတဲ့အင်အားနဲ့အနိုင်ယူရမှာမဟုတ်လား
ဒါမြန်မာပြည်သူတွေရဲ့မေးခွန်းပါ

ဖက်စစ်တပ်ကို အားမတန်မာန်မလျော့ခုခံနေသူမြန်မာပြည်သူတွေရဲ့မေးခွန်းပါ
အိုးပစ်အိမ်ပစ်ဘဝတွေနဲ့ မိသားစုကိုစွန့်ကြ အကျဉ်းထောင်ထဲ စစ်ကြောရေးစခန်းထဲ
တောထဲတောင်ထဲ မိုးထဲလေထဲ အသက်စွန့်

တိုက်ပွဲဝင်နေရသူတွေ ကိုယ်စီကိုယ်စီဒါဏ်ရာတွေနဲ့အသိုင်းဝိုင်းတိုင်းမှာအားလုံးရှိကြပါတယ် မေးကြည့်ပါ စုံစမ်းပါ
ပြီးတော့
ဆင်ခြင်ကြည့်ကြပါ

အကျဉ်းထောင်တွေထဲ နိုင်ငံရေးအကျဉ်းသားထောင်သောင်းချီရှိနေတာကိုကြည့်ပါ
သူတို့ဟာအသက်အန္တရာယ်ပါခြိမ်းချောက်ခံနေရတာပါ နေ့စဉ်ခံနေရတာပါ ဒါပေမယ်သူတို့ရရာနည်းနဲ့တိုက်ပွဲဝင်နေဆဲပါ
သူတို့ရဲ့သတင်းစကားပါလာပါတယ်

သူတို့တိုက်ပွဲဝင်နေဆဲပါတဲ့
သူတို့ရဲ့အသက်အန္တရာယ်ကို
သူတို့ရဲ့မျက်လုံးများကိုမြင်အောင်ကြည့်ကြဖို့ပါ

လူကြီးမင်းတို့ရဲ့မိသားစုဆုံကြတဲ့ပွဲတိုင်းမှာ
အာရှတိုက်တနေရာက ကျိုးပဲ့နာကျင်နေရတဲ့

မိသားစုဘဝတွေ လူမစုံတဲ့ထမင်းဝိုင်းတွေ၊အမေအိုရဲ့ဆုတောင်းတွေ ၊ဗုံးအကြဲခံရတဲ့စာသင်ကျောင်းတွေ ၊ရဟတ်ယဉ်နဲ့အတိုက်ခံရတဲ့ဆေးပေးခမ်းတွေကိုမြင်ကြည့်ကြပါ

၈၈၈၈ ကာလကပြည်သူတွေဟာ ဒီမိုကရေစီတောင်းခဲ့တိုက်ပွဲဝင်ခဲ့ပါတယ်ခုနွေဦးတော်လှန်ရေးမှာတော့ တိုင်းရင်းသားတွေတောင်းဆိုတဲ့ဖက်ဒရယ်စံနစ်ကိုရဖို့လက်တွဲတိုက်ပွဲဝင်နေပါတယ်

ယုံကြည်ချက်အတွက်အသက်ပေးပြီးတိုက်ပွဲ
ဝင်တယ်ဆိုတာအမြင့်မားဆုံး ၊အဆုံးစွန်ဆုံးသောစံချိန်စံနှုန်းဖြစ်တယ်ဆိုတာကိုအားလုံးကလက်ခံကြမှာပါ၊ ကျနော်တို့ ပြည်သူတွေဟာ ဆယ်စုနှစ်တွေအလီလီအသက်ဘဝများစွာရင်းနှီးပေးခဲ့တာ ခန့်မှန်းနိုင်ပါတယ်

မြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်ခြင်းဟာကမ္ဘာမှာအာဏာရှင်တွေကျဆုံးခြင်းအတွက်နမူနာပဲဆိုတာပြဖို့
ကမ္ဘာပေါ်က ဘဝတူ အဖိနှိပ်ခံပြည်သူများအားလုံးအတွက်

ကျနော်တို့ယုံကြည်ရာကိုဆက်လက်ချီတက်နေမှာဖြစ်တယ် ကျနော်တို့အသေအချာပန်းဝင်မှာဖြစ်တယ်လို့ ကတိပြုပြောကြားလိုပါတယ်။

#မင်းကိုနိုင်
“၈၈၈၈” (၃၄)နှစ်ပြည့်အခမ်းအနား

Crd

Leave a Reply

Your email address will not be published.